Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျပ် ၅၀ တန်နဲ့ ၁၀၀ တန်ဖျက်သိမ်းတယ်ဆိုတဲ့သတင်းမှား

စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ် သန်းသန်းဆွေနဲ့ စစ်ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ လက်မှတ်တွေနဲ့ ထွက်ပေါ်လာတဲ့ အဲဒီ ထုတ်ပြန်ချက်နှစ်စောင်ဟာ ဒီနေ့မနက်ပိုင်းမှာ စတင်ပျံ့နှံလာတာပါ။

ကျပ် ၅၀ တန်နဲ့ ၁၀၀ တန်ဖျက်သိမ်းတယ်ဆိုတဲ့သတင်းမှား
ကျပ် ၅၀ တန်နဲ့ ၁၀၀ တန်ဖျက်သိမ်းတယ်ဆိုတဲ့သတင်းမှား

အာဏာသိမ်းစစ်ကောင်စီက ငွေစက္ကူ ၅၀ ကျပ်တန်နဲ့ ၁၀၀ ကျပ်တန်တို့ကို စက်တင်ဘာ ၂၉ ရက်စွဲနဲ့ ရုတ်သိမ်းလိုက်တယ်ဆိုတဲ့ ထုတ်ပြန်ချက်အတု နှစ်စောင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာတာတွေ့ရပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ် သန်းသန်းဆွေနဲ့ စစ်ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ လက်မှတ်တွေနဲ့ ထွက်ပေါ်လာတဲ့ အဲဒီ ထုတ်ပြန်ချက်နှစ်စောင်ဟာ ဒီနေ့မနက်ပိုင်းမှာ စတင်ပျံ့နှံလာတာပါ။

စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူကထုတ်ပြန်ချက် နှစ်စောင်ဟာ အတုဖြစ်တယ်လို့ ထွက်ရှင်းပါတယ်။

ထုတ်ပြန်ချက်အတုထဲမှာ ၅၀ ကျပ်တန်၊ ၁၀၀ ကျပ်တန်ငွေစက္ကူတွေ ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အစိုးရရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ လာရောက်အပ်နှံကြဖို့၊ လက်ဝယ်ထားတာဖြစ်စေ ၊ အသုံးပြုရင်ဖြစ်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေအရ ထိရောက်စွာ အရေးယူမယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၃၆ (င)ပါ “တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြု” ဆိုတဲ့ ပြဌာန်းချက်အတိုင်း ပြည်တွင်းမှာ သုံးစွဲနေတဲ့ ငွေစက္ကူကို မဖျက်သိမ်းဘူးလို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်အတွင်း ပြည်သူတွေအကြား လည်ပတ်သုံးစွဲနေတဲ့ ငွေကြေးတွေကို ဖျက်သိမ်းခဲ့တဲ့ သာဓကရှိခဲ့ပါတယ်။

၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်မှာ ဗဟိုဘဏ်ကနေ ၂၅ ကျပ် ၊ ၃၅ ကျပ် ၊ ၇၅ ကျပ်တန်ငွေစက္ကူတွေကို ဖျက်သိမ်းခဲ့ဖူးပါတယ်။

ဒါကြောင့် အခုတစ်ခေါက်မှာလည်း ၅၀ တန်နဲ့ ၁၀၀ ကျပ်တန်ငွေစက္ကူတွေကို ဖျက်သိမ်းတယ်ဆိုတဲ့ထုတ်ပြန်ချက်အတု ကြောင့် ပြည်သူလူထုအကြား ဝေဝါးကာ စိုးရိမ်စိတ်မြင့်တက်မှုတွေ ရှိလာနိုင်တဲ့အတွက် People’s Spring က စိစစ်ဖော်ပြလိုက်တာပါ။