Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ် – မန္တလေးလမ်းပိုင်းတွင် ပျူစောထီးယာဥ်အား PDFများ တိုက်ခိုက်

အောက်တိုဘာ ၂ ရက် ညနေ ၄ နာရီခွဲခန့်က စဉ့်ကူးမြို့နယ်၏ ပျူစောထီးခေါင်းဆောင်မောင်နိုင်ဦးဆောင်သည့်အဖွဲ့လိုက်ပါလာသော ယာဥ်တစ်စီးအား ငွေတောင်ရွာနှင့်ညောင်ဝန်းကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

(တိမ်းမှောက်သွားသောယာဥ်နှင့် သိမ်းဆည်းရမိသောသေနတ်အား တွေ့ရစဥ်။ ဓာတ်ပုံ-Singu Guerillas Force-SGF)
(တိမ်းမှောက်သွားသောယာဥ်နှင့် သိမ်းဆည်းရမိသောသေနတ်အား တွေ့ရစဥ်။ ဓာတ်ပုံ-Singu Guerillas Force-SGF)

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ မိုးကုတ် – မန္တလေးလမ်းမပိုင်းတွင် ပျုစောထီးအဖွဲ့ဝင်များ လိုက်ပါလာသော ယာဥ်တစ်စီးအား PDFများက တိုက်ခိုက်ခဲ့ရာ ယာဥ်တိမ်းမှောက်ပြီး ထိခိုက်သေဆုံးမှုရှိကာ သေနတ်တစ်လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

အောက်တိုဘာ ၂ ရက် ညနေ ၄ နာရီခွဲခန့်က စဉ့်ကူးမြို့နယ်၏ ပျူစောထီးခေါင်းဆောင်မောင်နိုင်ဦးဆောင်သည့်အဖွဲ့လိုက်ပါလာသော ယာဥ်တစ်စီးအား ငွေတောင်ရွာနှင့်ညောင်ဝန်းကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

(တိမ်းမှောက်သွားသောယာဥ်နှင့် သိမ်းဆည်းရမိသောသေနတ်အား တွေ့ရစဥ်။ ဓာတ်ပုံ-Singu Guerillas Force-SGF)
(တိမ်းမှောက်သွားသောယာဥ်နှင့် သိမ်းဆည်းရမိသောသေနတ်အား တွေ့ရစဥ်။ ဓာတ်ပုံ-Singu Guerillas Force-SGF)

မိုင်းထိ၍ ယာဥ်တိမ်းမှောက်သွားပြီးနောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူအုပ်စုထိခိုက်သေဆုံးမှုရှိပြီး လက်လုပ် တစ်လက်၊ ကာဘိုင်ကျည်ဘောက် တစ်ခုနှင့် ကာဘိုင်ကျည် ၂၀တောင့်တို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း Singu Guerillas Force-SGF အဖွဲ့က အသိပေးသည်။

“မိုင်းဆွဲပြီးမှ ပစ်ခတ်တာ။ အရှည်၈လက်နဲ့ဝိုင်းဗျင်းတာ။”ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ယာဥ်ပေါ်တွင် ပျူစောထီး ခုနစ်ဦးပါရှိကြောင်း ကင်းထောက်မြေပြင်သတင်းအဖွဲ့မှ ဗိုလ်ကင်းက ပြောသည်။

“ဒီနေ့စုံစမ်းတာ ခြောက်ဦးသေတယ်လို့ သိရတယ်။ ငနိုင်ကတော့ဆေးရုံမယ်။ မန္တလေးနဲ့ပြင်ဦးလွင်ဆေးရုံရောက်လားမသိဘူး”ဟု ဗိုလ်ကင်းကဆိုသည်။

စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းကလည်း မိုးကုတ် – မန္တလေးလမ်းပေါ်၌ အင်အား ၅၀ ကျော် ရှိသည့် ရေနံ့သာရဲစခန်းအား ဒေသတွင်းPDFများက Fixed Wing ဒရုန်းများဖြင့် သုံးကြိမ်တိုင် ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။