Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံ၌ လျှပ်စစ်ကားတစ်စီး အားသွင်းထားစဉ် မီးလောင်

မီးလောင်မှုဖြစ်သည့် လျှပ်စစ်ကားအား ငြှိမ်းသတ်နေစဉ်။ MFSD

သတိုး/People’s Spring

ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ လျှပ်စစ်ကားတစ်စီး အားသွင်းထားစဉ် မီးလောင်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၅ ရက် ည ၁၁နာရီခန့်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၃၁)ရပ်ကွက် သခင်ဗစိန်လမ်း၌ မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။

“ကားမီးလောင်တာ အားသွင်းရင်းထပေါက်တာ။ တစ်စီးလုံးကုန်ရော”ဟု ယင်းမီးလောင်ကို မျက်မြင်တွေ့ရှိခဲ့သူက Live လွှင့်စဉ်ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

မီးလောင်ချိန် နာရီဝက်ခန့် ကြာမြင့်သော်လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ဖေ့စ်ဘွတ်ခ်၌ မိနစ်ပိုင်းအတွင်း မီးငြှိမ်းသတ်နိုင်ကြောင်း ထုတ်ပြန်ထားကာ ၎င်းတို့၏ ထုံးစံအတိုင်း မီးလောင်မှုအကြောင်းရင်းကို ထုတ်ပြန်ထားခြင်းမရှိပေ။

မီးလောင်မှုဖြစ်သည့် လျှပ်စစ်ကားသည် အင်ဂျင်လဲထားသည့် ကားဖြစ်ကြောင်း ကားအရောင်းအဝယ်ပြုလုပ်သူတစ်ဦးဖြစ်သူ အရည်ကြို၏ ဖေ့စ်ဘွတ်ခ်၌ အသိပေးထားသည်။

“EV ကား အားသွင်းရင်း မီးလောင်တာတဲ့ ။
3S နဲ့ဆိုတော့ ထင်တော့ ထင်သား..bumper လေးက အသက်..ကားဝယ်ရင်မီးစက်ပါထည့်ပေးတဲ့ သာဓုကန် Tesla နောက်ဆို တိုက်ခန်းနဲ့နေပြီး EV ဝယ်စီးရင် ဘုမသိဘမသိ တိုက်ကလူတွေက တိုက်ရှေ့ အားပေးမသွင်းဘူးတို့ဘာတို့ လုပ်ရင်တော့ သေပီဆရာပဲ “ဟု အမျိုးသားတစ်ဦးကလည်း ရေးသားထားသည်။

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းဖွံ့ဖြိုးရန်အတွက်ဟုအကြောင်းပြကာ ဘက်ထရီစွမ်းအင်သုံးကားများကို တင်သွင်းခွင့်ပြုမည်ဟု စစ်ကောင်စီလက်အောက်ခံ စီမံဘဏ္ဍာဝန်ကြီးဌာနက ၂၀၂၂ နိုဝင်ဘာ ၂ ရက်တွင် ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။