Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးကျည် နေအိမ်ပေါ်ကျပြီး အမျိုးသမီးနှစ်ဦး ထိခိုက်

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးသွားသော ရေဖြူကန်ရွာမှ ဒေါ်ကွန်၏နေအိမ်အားတွေ့ရစဥ်။ ဓာတ်ပုံ - နွေဦးစစ်သည်တော်များစစ်ကြောင်း

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် နေအိမ်ပေါ် ကျရောက်ပေါက်ကွဲကာ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း နွေဦးစစ်သည်တော်များစစ်ကြောင်း (Spring Warriors Column)က ထုတ်ပြန် သည်။

အောက်တိုဘာ ၄ရက် ည ၈ နာရီခွဲခန့်က ပုဇွန်မြောင်းကျေးရွာထိပ် တာပျက်တံတားတွင် အထိုင်ချထားသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာ ရေဖြူကန်ကျေးရွာတောင်ပိုင်းရှိ နေအိမ်တစ် လုံးပေါ်ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် နေအိမ်ပိုင်ရှင် (၇၅)နှစ်အရွယ် ဒေါ်ကွန် မှာ ကျောကုန်းလက်နက်ကြီးစမှန် ဒဏ်ရာရကာ သမီးဖြစ်သူ (၅၀) အရွယ် ဒေါ်သီတာဝင်းမှာလည်း ရင်ဘတ်နှင့် လက်တို့တွင် ထိခိုက်ဒဏ် ရာများရရှိခဲ့ကြောင်း နွေဦးစစ်သည်တော်များစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“လက်နက်ကြီးကြောင့်ပါ။ ပြည်သူထိခိုက်တယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ ကျနော်တို့ (မျက်မြင်)မတွေ့လိုက်ဘူး”ဟု မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက People’s Spring သို့ ပြောသည်။

နေအိမ်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကျည်စထိမှန်ဒဏ်ရာများရရှိခဲ့သော ဒေါ်ကွန်တို့သားအမိ၏အခြေအနေအား စစ်ကောင်စီတပ်က မည်သူ့ကိုမျှ ကြည့်ခွင့်၊ မေးမြန်းခွင့်မပေးဘဲ ညောင်လေးပင်ဆေးရုံသို့ ပို့ထားကြောင်း နွေဦးစစ်သည်တော်များစစ်ကြောင်းက အသိပေးသည်။

ညောင်လေးပင်မြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ(၂၀)၊ ခလရ (၂၆၄)စသည့် တပ်များမှနေ၍ တာပြတ်တံတား၊ ပေါက်တော၊ ပိန်းဇလုပ်၊ တော်ဝိ စသည့်ကျေးရွာအပါအဝင် ကျေးရွာအချို့သို့ လက်နက်ကြီးများဖြင့် နေ့စဥ်နီးပါး ရမ်းသမ်းပစ်ခတ်လေ့ရှိကြောင်း တော်လှန်ရေးရဲဘော်များနှင့် ဒေသခံပြည်သူများထံမှ စုံစမ်းသိရသည်။

အလားတူ အောက်တိုဘာ ၂ ရက်နှင့် ၃ ရက်များတွင် ညောင်လေးပင်နယ် ပုဇွန်မြောင်းကျေးရွာသို့ရောက်ရှိနေသော စစ်ကောင်စီတပ်က ပုဇွန်မြောင်းရွာအား နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်၆၀ကျော် မီးလောင်ဆုံး ရှုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

Facebook