Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့တွင် မောင်နှမသုံးဦးကို PDF ထောက်ပံ့သည်ဟုစွပ်စွဲဆိုကာ စစ်ကောင်စီ ဖမ်းဆီး

အင်းတော်မြို့တွင် မောင်နှမသုံးဦးကို PDF ထောက်ပံ့သည်ဟုစွပ်စွဲဆိုကာ စစ်ကောင်စီ ဖမ်းဆီး

အမရာ/People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ အောင်ဇေယျရပ်ကွက်မှ မောင်နှမသုံးဦးကို PDF ထောက်ပံ့သည်ဟုစွပ်စွဲဆိုကာ စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးသွားကြောင်း မြို့ခံများက ပြောသည်။

အသက်(၃၀)မှ(၄၀)နှစ်ကြား မောင်နှမသုံးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၄ရက် ညတွင် ဖမ်းဆီးသွားခြင်းဟု ဆိုသည်။

” အမျိုးသမီးတစ်ယောက်၊ အမျိုးသားနှစ်ယောက်ပါတယ်။ မောင်နှမအရင်းတွေကြီးပဲ။ PDF ထောက်ပို့ဆိုပြီး ဖမ်းတာ”ဟု အင်းတော်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အင်းတော်မြို့နယ်တွင် ယခုရက်ပိုင်း စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်များကို ပိတ်ဆို့စစ်ဆေးနေကြောင်း သတင်းရရှိသည်။ လူအချို့ကို ဖမ်းဆီးပြီး ငွေကြေးဖြင့် ပြန်ရွေးခိုင်းသည့် ဖြစ်ရပ်များလည်းရှိကြောင်း သိရသည်။

အင်းတော်မြို့နယ်၊ သောင်ကြီးကျေးရွာအနီးတွင် အောက်တိုဘာ ၄ရက် နံနက်က မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ ABSDFတပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်တွင် ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေမှစတင်ကာ အင်းတော်မြို့အဝင်အထွက်ကို စစ်ကောင်စီက ပိတ်ဆို့ထားပြီး အရပ်သားများကို ဖမ်းဆီးနေခြင်းဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်ကလည်း အင်းတော်မြို့ခံ မမြင့်မြင့်အေး၊ ဇော်မျိုးထွန်း၊ ကိုကျော်စွာဝင်းနှင့် ကိုအောင်ကျော်ကျော်မိုးတို့ကို စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မများတပ်ကာ သေဒဏ်ချမှတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။