Connect with us

Hi, what are you looking for?

သတင်း

မှော်ဘီတွင် သီတင်းကျွတ် မီးရှူးမီးပန်း နှင့် ဗျောက်အိုးဖောက်ပါက အရေးယူမည်ဟု စစ်ကောင်စီ ကြေညာ

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရုံးများ၊ ရပ်ကွက်ရုံးများကို ပြ​ည်သူ့ကာကွယ်ရေး ​တော်လှန်ရေးရဲဘော်များက မကြာခဏ ဆိုသလို ပစ်မှတ်ထားတိုက်ခိုက်လေ့ ရှိသည်။

မှော်ဘီတွင် သီတင်းကျွတ် မီးရှူးမီးပန်း နှင့် ဗျောက်အိုးဖောက်ပါက အရေးယူမည်ဟု စစ်ကောင်စီ ကြေညာ
မှော်ဘီတွင် သီတင်းကျွတ် မီးရှူးမီးပန်း နှင့် ဗျောက်အိုးဖောက်ပါက အရေးယူမည်ဟု စစ်ကောင်စီ ကြေညာ

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်အတွင်းတွင် သီတင်းကျွတ် မီးရှူးမီးပန်းနှင့် ဗျောက်အိုးဖောက်ပါက ဖမ်းဆီးအရေးယူမည် ဟု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများက လိုက်လံကြေညာနေကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့(​အောက်တိုဘာ ၂၃ )ညပိုင်းတွင် မှော်ဘီမြို့နယ် ကျေးရွာအချို့၌ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ရဲကားများ လုံခြုံရေးယူ၍ သီတင်းကျွတ်ကာလအတွင်း ဗျောက်အိုးဖောက်ခြင်း မပြုလုပ်ရန်၊ ပြုလုပ်ပါက ထိရောက်စွာ အရေးယူမည် ဟု အသံချဲ့စက်ဖြင့် လိုက်လံကြေညာနေကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ​ပြောသည်။

” ညက ကျွန်တော်တို့ ရွာဘက်က အုပ်ကြီးတွေ သီတင်းကျွတ် ဗျောက်အိုးဖောက်ရင် ဖမ်းမယ်လို့ မိုက်နဲ့ လိုက်ကြေညာနေတယ်။ ကြေညာတာတောင် PDF တွေက သီတင်းကျွတ်ကို အခွင့်ကောင်းယူပြီး ဖောက်ခွဲရေးလုပ်နိုင်တဲ့အတွက် ဗျောက်အိုး မဖောက်ဖို့ဆိုပြီး အော်နေတာပါ။ သူတို့ အလုပ်ခံရမှာ ဆိုးလို့ ကြောက်ပြီး ကြေညာနေတာ ထင်ပါတယ် ” ဟု ​ဒေသခံပြ​ည်သူက ပြောသည်။

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရုံးများ၊ ရပ်ကွက်ရုံးများကို ပြ​ည်သူ့ကာကွယ်ရေး ​တော်လှန်ရေးရဲဘော်များက မကြာခဏ ဆိုသလို ပစ်မှတ်ထားတိုက်ခိုက်လေ့ ရှိသည်။

Public Service Announcement

Public Service Announcement

​အောက်တိုဘာ ၂၂ ရက်ညကလည်း တိုင်းရင်းသားဒေသများနှင့် ပြည်သူများကိုလေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နေသည့် စစ်ကောင်စီ၏ မှော်ဘီလေတပ်စခန်းကို Urban Special Operation (U.S.O) အဖွဲ့မှ (၁၀၇) မမ ရှော့တိုက်ဒုန်း ငါးလုံးဖြင့် တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။