Connect with us

Hi, what are you looking for?

သတင်း

ခေါနူးစုမ်တောင်မှသစ်ခွများကိုရောင်းဝယ်ဖောက်ကားခြင်းမပြုရန် ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တားမြစ်

ခေါ်နူးစုမ်အမျိုးသားဥယျာဉ်အတွင်းသစ်ပင်များခုတ်လှဲခြင်း၊ သစ်တောထွက် ပစ္စည်းများကို တရားမဝင် ရှာဖွေစုဆောင်းခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့ကြောင့် ယခုကဲ့သို့တားမြစ်ရခြင်းဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကအောက်တိုဘာ ၂၁ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

(ချင်း​တောင်မှ သစ်ခွပန်းများ၏သဘာဝအလှ။ ဓါတ်ပုံ-HKL Mindat)
(ချင်း​တောင်မှ သစ်ခွပန်းများ၏သဘာဝအလှ။ ဓါတ်ပုံ-HKL Mindat)

ချင်းပြည်နယ်၊ တောင်ပိုင်း၊ ခေါနူးစုမ်အမျိုးသားဥယျာဉ်(နတ်မ​တောင်)တွင် သစ်ခွပန်းနှင့်ချိတ်များရှာဖွေစုဆောင်းခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းများကို တားမြစ်ကြောင်း ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ခေါ်နူးစုမ်အမျိုးသားဥယျာဉ်အတွင်းသစ်ပင်များခုတ်လှဲခြင်း၊ သစ်တောထွက် ပစ္စည်းများကို တရားမဝင် ရှာဖွေစုဆောင်းခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့ကြောင့် ယခုကဲ့သို့တားမြစ်ရခြင်းဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကအောက်တိုဘာ ၂၁ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

တားမြစ်ချက်များကို ချိုးဖောက်မှုများတွေ့ရှိပါက အရေးယူ ဆောင်ရွက်သွားမည်ဟုဆိုသည်။

(ချင်း​တောင်မှ သစ်ခွပန်းများ၏သဘာဝအလှ။ ဓါတ်ပုံ-HKL Mindat)
(ချင်း​တောင်မှ သစ်ခွပန်းများ၏သဘာဝအလှ။ ဓါတ်ပုံ-HKL Mindat)

“သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထူးအလေးထားပြီး နယ်မြေကျူးကျော်မှုများနဲ့ စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်မှုတွေကို တားဆီးနိုင်ရေးအတွက်ပါ” ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

ခေါ်နူးစုမ်အပြင် အခြားသစ်တောများအတွင်းရှိသစ်ခွပန်းအမျိုးမျိုးနှင့်ချိတ်များကိုလည်း ရောင်းဝယ်ဖောက်ကားခြင်းကို တားမြစ်သည်ဟုလည်း မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ကဆိုထားသည်။

(ချင်း​တောင်မှ သစ်ခွပန်းများ၏သဘာဝအလှ။ ဓါတ်ပုံ-HKL Mindat)
(ချင်း​တောင်မှ သစ်ခွပန်းများ၏သဘာဝအလှ။ ဓါတ်ပုံ-HKL Mindat)

သစ်ခွပန်းများကို ကန်ပက်လက်မြို့နယ်နှင့် နီးစပ်သည့် နေရာများမှ သစ်ခွမုတ်ဆိုးများက ရှာဖွေနေခြင်းဖြစ်သည်ဟု ကန်ပက်လက်မြို့ခံတစ်ဦးကပြောသည်။

ခေါ်နူးစုမ်အမျိုးသားဥယျဥ်ကို အာဆီယံအမွေအနှစ်ဥယျဉ်ဖြင့် ၂၀၁၂ ခုနှစ်တွင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

(ချင်း​တောင်မှ သစ်ခွပန်းများ၏သဘာဝအလှ။ ဓါတ်ပုံ-HKL Mindat)
(ချင်း​တောင်မှ သစ်ခွပန်းများ၏သဘာဝအလှ။ ဓါတ်ပုံ-HKL Mindat)

ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ခေါနူးစုမ်အပါအဝင် ကျောက်စစ်ကြိုးဝိုင်း၊ စလင်းကြိုးဝိုင်း၊ မောချောင်းကြိုးဝိုင်း၊ ကြက်မောက်တောင်ကြိုးဝိုင်း၊ ရင်ကွဲတောင် ကြိုဝိုင်း၊ အေးချောင်းကြိုးပြင်ကာကွယ်တောစသည့် ကြိုးဝိုင်းများတွင် တောမီးရှို့ခြင်း၊ သစ်ထုတ်ခြင်းနှင့် တောင်ယာခုတ်ခြင်းတို့မပြုလုပ်ရန် ၂၀၂၃ မေ ၁ ရက်တွင်တားမြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထောက်ပို့ရေးလုပ်ပေးခဲ့သော မွေးမြူရေးတောင်သူများပိုင် နွားနောက်များ ဒေါင့်သန်းရောဂါဖြစ်ပွာနေမှုအပေါ် ကာကွယ်ဆေးထောက်ပံ့မည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ)က ကြေညာသည်။

သတင်း

ချင်းညီနောင်ကလည်း ၎င်းတို့ဒေသသာမက အခြားဒေသများလည်း လွတ်မြောက်ရေးအတွက် တတ်နိုင်သည့်ကဏ္ဍမှ ပူးပေါင်းဆောင်ရွက်သားမည်ဟု ဒီဇင်ဘာ ၂၃ရက်တွင် အသိပေးထားသည်။

သတင်း

ချင်းပြည်ကောင်စီ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ချင်းညီနောင်တာဝန်ရှိသူအချို့ထံ ဆက်သွယ်ပြီး သဘောထား တောင်းခံထားဆဲဖြစ်သည်။

သတင်း

မင်းတပ်နှင့် ကန်ပက်လက်မြို့တွင် တိုက်ပွဲဖြစ်ပွားတော့ခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်ကြောင်း မင်းတပ် ဒေသခံ သတင်းရင်းမြစ်က ပြောသည်။