Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်နယ်ရဲတပ်ဖွဲ့အတွက် ရဲတပ်ဖွဲ့ဥပဒေနှင့်ဖွဲ့စည်းပုံထုတ်ပြန်

ပြည်နယ်ရဲတပ်ဖွဲ့ကို ပြည်နယ်ရဲချုပ်မှ ရဲတပ်သားအထိ အဆင့် ၁၃ ဆင့်ပါဝင်ပြီးရာထူးအဆင့် ၁၁ ဖြင့် ဖွဲ့စည်းတည်ဆောက်မည်ဖြစ်သည်။

(ချင်းပြည်နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်နယ်ရဲတပ်ဖွဲ့ဖွဲ့စည်းပုံ)
(ချင်းပြည်နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်နယ်ရဲတပ်ဖွဲ့ဖွဲ့စည်းပုံ)

ချင်းပြည်နယ်အတွင်းလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းအကောင်အထည်ဖော်နိုင်ရေးအတွက် ချင်းပြည်နယ်ရဲတပ်ဖွဲ့ ဥပဒေနှင့် ဖွဲ့စည်းပုံကို ချင်းပြည်နယ်ရဲတပ်ဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည်။

တော်လှန်ရေးကာလနှင့်တော်လှန်ရေးအောင်မြင်သည့်နောက်ပိုင်းကာလများတွင် ပြည်သူလူထုကို တရားဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်မည့် ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းရန်အတွက်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ချင်းပြည်နယ်ရဲတပ်ဖွဲ့ကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ၂၀၂၂ ဒီဇင်ဘာ ၂၀ ရက်တွင် အသိအမှတ်ပြုခဲ့ပြီး ၂၀၂၃ မတ် ၂၃ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့နှင့် မဟာမိတ်ဖွဲ့ထားသည့်ရဲတပ်ဖွဲ့ဖြစ်သည်ဟု ​ဖော်ပြထားသည်။

ပြည်နယ်ရဲတပ်ဖွဲ့ကို ပြည်နယ်ရဲချုပ်မှ ရဲတပ်သားအထိ အဆင့် ၁၃ ဆင့်ပါဝင်ပြီးရာထူးအဆင့် ၁၁ ဖြင့် ဖွဲ့စည်းတည်ဆောက်မည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

(ချင်းပြည်နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်နယ်ရဲတပ်ဖွဲ့ဖွဲ့စည်းပုံ)
(ချင်းပြည်နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်နယ်ရဲတပ်ဖွဲ့ဖွဲ့စည်းပုံ)

ဖွဲ့စည်းပုံတွင် ရဲချုပ်၊ ဒုရဲချုပ်များအပြင် ရဲဦးစီးချုပ်၊ ရဲရေးချုပ် ရဲလေ့ကျင့်ရေးချုပ်၊ အထူးစစ်ဆင်ရေးရဲတပ်ဖွဲ့မှုးကြီး၊ မူးယစ်တပ်ဖွဲ့မှုးကြီး၊ သတင်းရဲတပ်ဖွဲ့မှူးကြီး၊ ပြည်တွင်းပြည်ပဆက်ဆံရေးတပ်ဖွဲ့မှုးကြီး၊ အကျဉ်းဌာနမှုးကြီးတို့ပါဝင်သည်။

ပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီ၏ ဥက္ကဌနှင့် ဒုဥက္ကဌများကို CDMရဲတပ်ဝင်များနှင့် ချင်းပြည်နယ်အတွင်းရှိ ပြည်သူ့ရဲတပ်ဖွဲ့ဝင်သစ်များကို ရွေးကောက်ပွဲစနစ်ဖြင့် ရွေးကောက်တင်မြှောက်ထားခြင်းဖြစ်သည်ဟုသိရသည်။

“ခုထုတ်ပြန်ထားတဲ့ ဖွဲ့စည်းပုံအတိုင်း ကျွန်တော်တို့ ဆောင်ရွက်ပါမယ်”ဟု ချင်းပြည်နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

(ချင်းပြည်နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်နယ်ရဲတပ်ဖွဲ့ဖွဲ့စည်းပုံ)
(ချင်းပြည်နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်နယ်ရဲတပ်ဖွဲ့ဖွဲ့စည်းပုံ)

ချင်းပြည်နယ်ရဲတပ်ဖွဲ့များသည် ပြည်နယ်အဆင့် ပြည်သူ့ရဲတပ်ဖွဲ့ဖြစ်သည်။ ရဲတပ်ဖွဲ့၏ ရည်ရွယ်ချက်များ CDMရဲတပ်ဖွဲ့ဝင်များ ရသင့်ရထိုက်သည့် အခွင့်အရေများပြန်လည်ရရှိစေရန်၊ အကြမ်းဖက်စစ်အာဏာရှင်နှင့် Non CDMများကို ဥပဒေနှင့်အညီအရေးယူရန်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထွန်းကားရန်၊ ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖမ်းဆီးတရားစွဲဆိုနိုင်ရန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်နိုင်ရန်စသည့်တို့ဖြစ်သည်။

(ချင်းပြည်နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်နယ်ရဲတပ်ဖွဲ့ဖွဲ့စည်းပုံ)
(ချင်းပြည်နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်နယ်ရဲတပ်ဖွဲ့ဖွဲ့စည်းပုံ)

“ကျွန်တော်တို့အနေနဲ့ အားရကျေနပ်မှုရှိတယ်။ အခက်အခဲရှိပေမယ့် အားလုံးရဲ့အကူအညီတွေကြောင့် ဒီလိုဆောင်ရွက်လာနိုင်တာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ တရားဥပဒေနဲ့အညီ အရင်ကထက်ပိုမိုပြီး ပြည်သူလူထုကို တရားဥပဒေနဲ့အညီ ကာကွယ်ပေးနိုင်အောင် အကောင်းဆုံးကြိုးစားပါမယ်။ ပြီးတော့ အရင်ကရဲတပ်ဖွဲ့လိုမျိုးပုံစံမဟုတ်တော့ဘဲ အားလုံးအတွက်အကောင်းဆုံးဖြစ်စေဖို့ ပုံစံသစ်တွေနဲ့ တာ၀န်ထမ်းဆောင်ကြမယ်။”ဟု အထက်ပါတာဝန်ရှိသူဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊တပ်ဖွဲ့တွေက ရဲဘော်တွေက (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ​တွေဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ပြီးအ​လေးပြုခဲ့ကြပါတယ်။