Connect with us

Hi, what are you looking for?

သတင်း

လက်လွှတ်လိုက်ရသည့် မင်းတပ်နှင့် ကန်ပက်လက်မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

မင်းတပ်နှင့် ကန်ပက်လက်မြို့တွင် တိုက်ပွဲဖြစ်ပွားတော့ခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်ကြောင်း မင်းတပ် ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

လက်လွှတ်လိုက်ရသည့် မင်းတပ်နှင့် ကန်ပက်လက်မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်
လက်လွှတ်လိုက်ရသည့် မင်းတပ်နှင့် ကန်ပက်လက်မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ဟန်နွေ/People’s Spring

ချင်းဒေသကာကွယ်ရေးတပ်(CDF)များဖြင့်စုဖွဲ့ထားသည့် ချင်းညီနောင်နှင့် မဟာမိတ်များ သိမ်းပိုက်ထားပြီးဖြစ်သည့် ချင်းပြည်နယ် မင်းတပ်နှင့် ကန်ပက်လက်မြို့ကို စစ်ကောင်စီက ယနေ့(ဒီဇင်ဘာ ၂၂ရက်) ညနေပိုင်း၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ချင်းညီနောင်က မင်းတပ်မြို့ကို ရက်ပေါင်း ၄၀ကျော်အကြာ ထိုးစစ်ဆင်ပြီးနောက် ဒီဇင်ဘာ ၂၁ရက်တွင် သိမ်းပိုက်ခဲ့ပြီး ကန်ပက်လက်မြို့ကိုမူ တိုက်ခိုက်ခြင်းမပြုရဘဲ စစ်ကောင်စီတပ်နှင့် ရဲများ ဆုတ်ခွာထွက်ပြေးသွား၍ ယနေ့ (ဒီဇင်ဘာ ၂၂ရက်)တွင် သိမ်းပိုက်နိုင်ခဲ့သည်။

လက်လွှတ်လိုက်ရသည့် မင်းတပ်နှင့် ကန်ပက်လက်မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်
လက်လွှတ်လိုက်ရသည့် မင်းတပ်နှင့် ကန်ပက်လက်မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ရှုံးနိမ့်ခဲ့သည့် စစ်ကောင်စီသည် ယနေ့ ညနေ ၅နာရီခန့်တွင် မင်းတပ်မြို့ပေါ် တစ်နေရာကို တိုက်လေယာယဉ်ဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ပြီး ကန်ပက်လက်မြို့အနီး တနေရာကိုလည်း ဗုံးကြဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မင်းတပ်နှင့် ကန်ပက်လက်မြို့တွင် တိုက်ပွဲဖြစ်ပွားတော့ခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်ကြောင်း မင်းတပ် ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

“အထိအခိုက် မသိရဘူးဗျ” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

မင်းတပ်တိုက်ပွဲတွင် နောက်ဆုံးကျန်နေသည့် ခလရ(၂၇၄)တပ်ရင်းမှ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားခြင်းဖြစ်ပြီး ကန်ပက်လက်မြို့နယ်မှ စစ်သားနှင့်ရဲများသည် ယမန်နေ့ည သန်းခေါင်တွင် မြို့ကို စွန့်ပြီးဆုတ်ခွာသွားခြင်းဖြစ်သည်ဟု ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မင်းတပ်နှင့် ကန်ပက်လက်မြို့ကို စစ်ကောင်စီ လက်လွှတ်လိုက်ရပြီဖြစ်၍ ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်ကင်းစင်သွားပြီဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။