Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် နမ္မဖြစ်မှော်ရှိ စစ်ကောင်စီစခန်းကို KIAပူးပေါင်းတပ် တိုက်ခိုက်မီးရှို့

အောက်တိုဘာ ၂၅ရက် ည ၉နာရီ ၅ ၂ မိနစ်ခန့်မှစတင်ပြီး ဖားကန့်မြို့နယ် နမ္မဖြစ်မှော်ရှိ မြန်မာသူရ ​ကျောက်စိမ်းကုမ္ပဏီဝင်းအတွင်း တပ်စွဲစခန်းချထားသည့် စစ်ကောင်စီတပ်ကို KIAနှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘေယ်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - KIA)
(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘေယ်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - KIA)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရှင်းလင်းပြီး စခန်းအား မီးရှို့ဖျက်ဆီးလိုက်ကြောင်း ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာ ၂၅ရက် ည ၉နာရီ ၅ ၂ မိနစ်ခန့်မှစတင်ပြီး ဖားကန့်မြို့နယ် နမ္မဖြစ်မှော်ရှိ မြန်မာသူရ ​ကျောက်စိမ်းကုမ္ပဏီဝင်းအတွင်း တပ်စွဲစခန်းချထားသည့် စစ်ကောင်စီတပ်ကို KIAနှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“စကစ ကျဆုံးမှုများပြီး စခန်းကို စွန့်ခွာထွက်ပြေးသွားကြတယ်။ KIAက စခန်းကို မီးရှို့လိုက်တယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA၊ PDF ပူးပေါင်းတပ်နှင့် နီးစပ်သူတစ်ဦးကလည်း”တော်တော်လေးကို ပွဲကြီးတယ်။ ပစ်ခတ်သံတွေက ဆူညံနေတာ။ စစ်တပ်က မြန်မာသူရထဲမှာ တပ်စွဲထားတာကို ဝင်ဆော်တာ” ဟုပြောသည်။

Public Service Announcement

Public Service Announcement

မြေပြင်တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီတပ်က ဖားကန့်ဗျူဟာကုန်းပေါ်မှ လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့သည်ဟု သိရသည်။

” ကျွန်နော်တို့ဘက်ကထိခိုက်မှုမရှိဘူး။ စကစဘက်ကတော့အသေအပျောက်များနိုင်တယ်”ဟု ဖားကန့်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ထောက်ပို့ရဲဘော်တဦးကပြောသည်။

မြန်မာသူရကျောက်စိမ်းကုမ္ပဏီပိုင်ရှင်သည် PDF ထောက်ပို့သည်ဟု ဆိုကာ စစ်ကောင်စီက ၂၀၂၂ ဩဂုတ်လတွင် ဖမ်းဆီးပြီး ပိုင်ဆိုင်မှုများကိုချိတ်ပိတ်သိမ်းဆည်းခဲ့သည်။ ထို့နောက် ဖားကန့်မှ ကျောက်စိမ်းလုပ်ကွက်အတွင်း တပ်စွဲထားခြင်းဟု သိရသည်။

တပ်စခန်းတိုက်ခိုက်သိမ်းပိုက် ရှင်းလင်းလိုက်ခြင်းနှင့်ပတ်သက်ပြီး စစ်​ကောင်စီတပ်မှထိခိုက်​သေဆုံးမှု ၊လက်နက်ခဲယမ်းရရှိမှုရှိ ၊မရှိ အပါအဝင် တိုက်ပွဲအသေးစိတ် အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကို KIA တပ်မဟာ(၉) လက်အောက်ခံ တပ်များက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၆ရက်တွင် KIA တပ်မဟာ(၉) နယ်မြေကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ရာ တိုက်ပွဲများပိုမိုပြင်းထန်လာမည်ဖြစ်ကြောင်း KIAက အသိပေးထားသည်။

KIA အနေဖြင့် ယခုလ ၁၈ရက်မှစ၍ စစ်ကောင်စီ ၏ တပ်စခန်းများကို စခန်းသိမ်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာခြင်းဖြစ်သည်။ ဗျူဟာမြောက် အရေးပါသည့် အထိုင်စခန်းများကို သိမ်းပိုက်ခြင်းအပါအဝင် ကချင်နှင့် ရှမ်းမြောက်ဒေသ၌ စစ်ကောင်စီ တပ်စခန်း ၆ခုထက်မနည်းကို KIAနှင့် မဟာမိတ်မျးက စခန်းသိမ်းတိုက်ခိုက်ခဲ့ပြီး အများစုမှာ အောင်ပွဲရရှိခဲ့သည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

Facebook