Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၃)နှင့် တပ်မဟာ(၅)နယ်စပ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ယမန်နေ့ (အောက်တိုဘာ ၂၅ရက်) နံနက်ပိုင်းက လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃) ညောင်လေးပင်ခရိုင် နှင့် တပ်မဟာ(၅) ဖာပွန်(မူတြော်)ခရိုင်နယ်စပ်ကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ခုနစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (အောက်တိုဘာ ၂၅ရက်) နံနက်ပိုင်းက လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ် သုံးစင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် ခေါလိုကလိုးကျေးရွာအား ဗုံးကြဲတိုက်ခိုက်မှု တစ်ကြိမ်၊ တိုက်လေယာဉ်ပါ စက်သေနတ်ဖြင့် တစ်ကြိမ်ပြုလုပ်ခဲ့ရာ ဒေသခံ ပြည်သူအချို့၏ နေအိမ်များ ပျက်စီးမှုနှင့် ကျေးရွာကျန်းမာရေးအတွက် ထားရှိသည့် ဆေးဝါးများ ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် ကွီးလားကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်မှု တစ်ကြိမ်၊ တိုက်လေယာဉ်ပါ စက်သေနတ်ဖြင့် နှစ်ကြိမ်ပြုလုပ်ခဲ့ရာ အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဆောထိ(ရွှေကျင်)မြို့နယ် အတွင်းရှိ တကက်ပူကျေးရွာနှင့် နယ်စပ်ရှိ ဘော်ကော်ကျေးရွာကို တစ်ကြိမ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုမရှိသော်လည်း ဒေသတွင်းကျေးရွာများမှ လူဦးရေ ၁,၅၀၀ နီးပါး ထိတ်လန့်ကြောက်ရွံ့ကြပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဖော်ပြသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ကြီးမြို့နယ်ရှိ ဒေသခံများလည်း စစ်ဘေးရှောင်နေကြရသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာအတွင်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ပစ်ခတ်တိုက်ခိုက်ခြင်း ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်း များ ပြုလုပ်ခဲ့ရာ အောက်တိုဘာ ၂၅ရက်အထိ လေကြောင်း တိုက်ခိုက်မှု ၂၅ကြိမ် ရှိခဲ့သည်ဟု KNUက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Facebook