Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြို့တွင်း စစ်ကောင်စီ စခန်းတွေ တိုက်ခိုက်ခံရ

တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အရပ်သားထိခိုက်ဒဏ်ရာရမှုလည်းရှိနေတယ်လို့ ကနဦးမြေပြင်သတင်းတွေအရသိရပါတယ်။

ကော့ကရိတ်မြို့တွင်း စစ်ကောင်စီ စခန်းတွေ တိုက်ခိုက်ခံရ
ကော့ကရိတ်မြို့တွင်း စစ်ကောင်စီ စခန်းတွေ တိုက်ခိုက်ခံရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းမှာ ဒီနေ့မနက်အစောပိုင်းကစတင်ပြီး စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံကသိရပါတယ်။

မနက် ၅ နာရီခွဲခန့်ကစတင်ပြီး ကော့ကရိတ်မြို့ပေါ် ရှိ စစ်ကောင်စီရဲ့ ခလရ (၉၇) တပ်ရင်း ၊ အမှတ် (၃) လုံခြုံရေးဂိတ် နဲ့ ရေကူးကန်ဂိတ်နေရာတွေကို KNU နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ကြတာပါ။

ကော့ကရိတ်မြို့တွင်း စစ်ကောင်စီ စခန်းတွေ တိုက်ခိုက်ခံရ
ကော့ကရိတ်မြို့တွင်း စစ်ကောင်စီ စခန်းတွေ တိုက်ခိုက်ခံရ

“ဒီမနက် မြို့ ထဲမှာ တိုက်ပွဲတွေဖြစ်နေကြတယ်၊ တနေ့တုန်းက ဆင်ကုန်း၊ ဒီမနက် ရေကူးကန်ဘက် မြို့ထဲမှာလည်းဝင်တယ် ၊ အခုထိဖြစ်နေတုန်းပဲ” လို့ ဒေသခံတစ်ဦးက ဒီနေ့မနက်ပိုင်း ၁၁ နာရီမှာ ပြောပါတယ်။

ဒီနေ့မနက်ပိုင်းဖြစ်ပွားတဲ့ တိုက်ပွဲမှာ ၂ ဖက် ထိခိုက်ကျဆုံးမှုကို မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အရပ်သားထိခိုက်ဒဏ်ရာရမှုလည်းရှိနေတယ်လို့ ကနဦးမြေပြင်သတင်းတွေအရသိရပါတယ်။

ကော့ကရိတ်မြို့တွင်း စစ်ကောင်စီ စခန်းတွေ တိုက်ခိုက်ခံရ
ကော့ကရိတ်မြို့တွင်း စစ်ကောင်စီ စခန်းတွေ တိုက်ခိုက်ခံရ

ကော့ကရိတ်မြို့တွင်းမှာ တိုက်ပွဲဖြစ်နေချိန် ၂၆ မိုင်ခန့် အကွာမှာရှိတဲ့ မြဝတီမြို့ကိုလည်း စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF) တို့ က လုံခြုံရေးတိုးချထားတယ်လို့ BGF သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကော့ကရိတ်မြို့ဟာ KNU တပ်မဟာ ၆ စစ်ရေးလှုပ်ရှားရာနယ်မြေဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကတင် မြို့ ရဲ့အရှေ့ခြမ်း ဆင်ကုန်းရွာ နားမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။