Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့နယ်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၊ ထီးပေါ်ဆို – ဒေါညေခူလမ်းပိုင်း အသွားအလာမလုပ်ရန် KNDF သတိပေး

ယခုနှစ်အတွင်း ဒေါညေခူအနီးတဝိုက်ရှိ ကျေးရွာများသို့ စစ်ကောင်စီက ခမရ(၅၁၆၊ ၅၁၅)နှင့် ခလရ(၁၂၊၁၄၊ ၈၀)တို့ အသုံးပြုခဲ့သည်။

(ပြီးခဲ့သည့် စက်တင်ဘာက ဒီးမော့ဆိုမှ ဖရူဆိုမြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(ပြီးခဲ့သည့် စက်တင်ဘာက ဒီးမော့ဆိုမှ ဖရူဆိုမြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်ရှိ ထီးပေါ်ဆို -ဒေါညေခူ ကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၁၅)က ထုတ်ပြန်သည်။

ထို့ကြောင့် ထီးပေါ်ဆို – ဒေါညေခူလမ်းပိုင်းကို ယနေ့ (အောက်တိုဘာ ၃၁ ရက်)ကစ၍ ရက်အကန့်အသတ်မရှိ အသွားအလာမပြုလုပ်ကြရန် အရေးပေါ် အသိပေးသည်။

“ပြောရမယ်ဆိုရင် ထီးပေါ်ဆို-ဒေါညေခူ ကို စစ်ကောင်စီဘက်က ဒီနှစ်လေးလပိုင်းလောက်အထိတပ်စွဲဖို့ ကြိုးစားသေးတယ်။အဲဒီတုန်းက ကျွန်တော်တို့ဘက်က တိုက်နိုင်ခဲ့တယ်။လက်နက်ခဲယမ်းတွေရခဲ့တာ ရှိတယ်။နောက်ပိုင်း သူတို့တပ်ဆုတ်သွားရတယ်။အခု စစ်ပြန်ထိုးလာတဲ့ ရည်ရွယ်ချက်တော့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းမသိရသေးဘူး”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခုနှစ်အတွင်း ဒေါညေခူအနီးတဝိုက်ရှိ ကျေးရွာများသို့ စစ်ကောင်စီက ခမရ(၅၁၆၊ ၅၁၅)နှင့် ခလရ(၁၂၊၁၄၊ ၈၀)တို့ အသုံးပြုခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြေပြင်စစ်ရေးအချက်အလက်များအရ တပ်မ (၅၅) နှင့် တပ်မ (၆၆) လက်​အောက်ခံ ခလရ (၁၂) ၊ ခမရ (၅၁၆) ၊ ခမရ (၅၁၅) တပ်ရင်း သုံးခုမှာလည်း ဒေါညေခူ စစ်ကြောင်း၌ ပါဝင်ထားဖူသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook