Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုမြို့နယ်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၊ ထီးပေါ်ဆို – ဒေါညေခူလမ်းပိုင်း အသွားအလာမလုပ်ရန် KNDF သတိပေး

ယခုနှစ်အတွင်း ဒေါညေခူအနီးတဝိုက်ရှိ ကျေးရွာများသို့ စစ်ကောင်စီက ခမရ(၅၁၆၊ ၅၁၅)နှင့် ခလရ(၁၂၊၁၄၊ ၈၀)တို့ အသုံးပြုခဲ့သည်။

(ပြီးခဲ့သည့် စက်တင်ဘာက ဒီးမော့ဆိုမှ ဖရူဆိုမြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(ပြီးခဲ့သည့် စက်တင်ဘာက ဒီးမော့ဆိုမှ ဖရူဆိုမြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်ရှိ ထီးပေါ်ဆို -ဒေါညေခူ ကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၁၅)က ထုတ်ပြန်သည်။

ထို့ကြောင့် ထီးပေါ်ဆို – ဒေါညေခူလမ်းပိုင်းကို ယနေ့ (အောက်တိုဘာ ၃၁ ရက်)ကစ၍ ရက်အကန့်အသတ်မရှိ အသွားအလာမပြုလုပ်ကြရန် အရေးပေါ် အသိပေးသည်။

“ပြောရမယ်ဆိုရင် ထီးပေါ်ဆို-ဒေါညေခူ ကို စစ်ကောင်စီဘက်က ဒီနှစ်လေးလပိုင်းလောက်အထိတပ်စွဲဖို့ ကြိုးစားသေးတယ်။အဲဒီတုန်းက ကျွန်တော်တို့ဘက်က တိုက်နိုင်ခဲ့တယ်။လက်နက်ခဲယမ်းတွေရခဲ့တာ ရှိတယ်။နောက်ပိုင်း သူတို့တပ်ဆုတ်သွားရတယ်။အခု စစ်ပြန်ထိုးလာတဲ့ ရည်ရွယ်ချက်တော့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းမသိရသေးဘူး”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခုနှစ်အတွင်း ဒေါညေခူအနီးတဝိုက်ရှိ ကျေးရွာများသို့ စစ်ကောင်စီက ခမရ(၅၁၆၊ ၅၁၅)နှင့် ခလရ(၁၂၊၁၄၊ ၈၀)တို့ အသုံးပြုခဲ့သည်။

ထို့အပြင် မြေပြင်စစ်ရေးအချက်အလက်များအရ တပ်မ (၅၅) နှင့် တပ်မ (၆၆) လက်​အောက်ခံ ခလရ (၁၂) ၊ ခမရ (၅၁၆) ၊ ခမရ (၅၁၅) တပ်ရင်း သုံးခုမှာလည်း ဒေါညေခူ စစ်ကြောင်း၌ ပါဝင်ထားဖူသည်။

Public Service Announcement

Public Service Announcement