Connect with us

Hi, what are you looking for?

သတင်း

သိန္နီ၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ပန်ဆိုင်းမြို့လေးမြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဟု ညီနောင် သုံးဖွဲ့ အသိပေး

စစ်ကောင်စီ၏ သံချပ်ကာယာဥ်များ၊ ဟောင်ဝစ်ဇာအမြောက်ကြီးများကဲ့သို့ စစ်လက်နက်ပစ္စည်းများကိုလည်း ချေမှုန်းဖျက်ဆီးခဲ့ကြောင်းလည်း အသိပေးသည်။

(ယနေ့နံနက်တွင် ကိုးကန့်ခရိုင် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကိုသိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)
(ယနေ့နံနက်တွင် ကိုးကန့်ခရိုင် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကိုသိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)

▪️စစ်ဆင်ရေးတစ်ပတ်တာအတွင်း တပ်စခန်း ၁၀၀ ခန့် ညီနောင်သုံးဖွဲ့နှင့် မဟာမိတ်များသိမ်းပိုက်၊ သံချပ်ကာယာဉ် ၆စီးရ

‘၁၀၂၇ စစ်ဆင်ရေး’ ၇ရက်တာအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ် (ပန်ဆိုင်း)မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်သည်။

စစ်ဆင်ရေးကို အောက်တိုဘာ ၂၇က စတင်ခဲ့ရာ ယနေ့အထိ စစ်ကောင်စီတပ်စခန်း ၁၀၀ခန့်ကို သိမ်းပိုက်ပြီးဖြစ်သည်ဟု မဟာမိတ်တပ်များ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

(ယနေ့နံနက်တွင် ကိုးကန့်ခရိုင် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကိုသိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)
(ယနေ့နံနက်တွင် ကိုးကန့်ခရိုင် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကိုသိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – The Kokang)

အောက်တိုဘာ ၃၁ရက်တွင် မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ဖောင်းဆိုင်ဒေသတွင် ရန်သူ့သံချပ်ကာ ယာဥ် တစ်စီးအား ထပ်မံသိမ်းဆည်းရရှိခဲ့ရာ ပြီးခဲ့သည့် စစ်ဆင်ရေး ၆ရက်တာကာလအတွင်း သံချပ်ကာယာဥ် စုစုပေါင်း ၆စီးအား သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးသည်။

ယနေ့နံနက်တွင်လည်း ကိုးကန့်ခရိုင် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကိုသိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများစွာ ရရှိခဲ့ကြောင်း ကိုးကန့်တမတော်(MNDAA)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် တအာင်းတပ်မတော်(TNLA)က နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရန်သူ့စစ်ကောင်စီ၏ “ရွှေလီကြိုးတံတားရဲကင်း”အားယနေ့ နေ့လယ်ပိုင်း၌ တိုက်ခိုက်ရင်းလင်းခဲ့သည်ဟု ဆိုသည်။

(ယနေ့နံနက်တွင် ကိုးကန့်ခရိုင် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကိုသိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)
(ယနေ့နံနက်တွင် ကိုးကန့်ခရိုင် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကိုသိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – The Kokang)

‘၁၀၂၇ စစ်ဆင်ရေး’စတင်ခဲ့သည့် အောက်တိုဘာ ၂၇ရက်မှ ယမန်နေ့(နိုဝင်ဘာ ၁ရက်)အထိ စစ်ဆင်ရေး ၆ ရက်မြောက်နေ့အပြီးတွင် ရန်သူ၏ စစ်ရေးအရအရေးပါသော တပ်စခန်းပေါင်း ၉၀ကျော်အား အပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။ ယနေ့ ဆက်လက်သိမ်းပိုက်ခဲ့သည့် တပ်စခန်း သုံးခုထက်မနည်းရှိရာ တစ်ပတ်တာအတွင်း စစ်ကောင်စီတပ်စခန်း ၁၀၀ခန့်ကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။

(ယနေ့နံနက်တွင် ကိုးကန့်ခရိုင် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကိုသိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)
(ယနေ့နံနက်တွင် ကိုးကန့်ခရိုင် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကိုသိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – The Kokang)

စစ်ကောင်စီ၏ သံချပ်ကာယာဥ်များ၊ ဟောင်ဝစ်ဇာအမြောက်ကြီးများကဲ့သို့ စစ်လက်နက်ပစ္စည်းများကိုလည်း ချေမှုန်းဖျက်ဆီးခဲ့ကြောင်းလည်း အသိပေးသည်။

တစ်ဖက်တွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယခုရက်ပိုင်းအတွင်း နမ္မတူရှိ စစ်ကောင်စီတပ်စခန်း တစ်ခုနှင့် ကချင်ပြည်နယ် ဝိုင်းမော်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လာမည့် ၂၀၂၅တွင် စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။

သတင်း

ပစ္စည်းများကို အခမ်းအနားဖြင့် အပ်နှံခဲ့ရာ နိုဝင်ဘာ ၃၀ရက်တွင် ဘူးသီးတောင်မြို့တစ် နေရာ၌ ပြုလုပ်ခဲ့ပြီး ပိုင်ရှင်အစစ်အမှန် ၃၁ဦး လက်ထဲသို့ပစ္စည်းများကို ပထမအကြိမ်အနေဖြင့် ကောင်းမွန်စွာအပ်နှံထားခဲ့ပြီးဟု ထုတ်ပြန်သည်။

သတင်း

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၅၂ဦး သေဆုံးခဲ့ကြောင်းဖော်ပြပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာရရှိဟု အသိပေးသည်။

သတင်း

ဒေါနစစ်ကြောင်းသည် တနင်္သာရီနှင့် မွန်ဒေသတွင် ဒေသတွင်းတော်လှန်ရေးတပ်များနှင့်ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။