Connect with us

Hi, what are you looking for?

သတင်း

ရဲများထွက်​ပြေးသွား​သော တောင်ခင်ရန်း ရဲစခန်းတွင်မြေမြှုပ်မိုင်းများထောင်ထား၍ ABSDFနှင့် PDF ပူးပေါင်းတပ်လိုက်လံရှင်းလင်း

ဂန့်ဂေါမြို့နယ် မင်းရွာ ရဲစခန်းကို ABSDFနှင့် ဒေသခံ PDFများ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းကြောင့် တောင်ခင်ရန်းရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံရဲများသည် နိုဝင်ဘာလ ၄ ရက်နေ့ တွင် ၎င်းတို့ စခန်းကို စွန့်ခွာထွက်ပြေးသွားကြခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်​ထောင်ခဲ့​သော မိုင်းများကိုရှင်းလင်း​နေစဥ်။ဓါတ်ပုံ-ABSDF)
(စစ်​ကောင်စီတပ်​ထောင်ခဲ့​သော မိုင်းများကိုရှင်းလင်း​နေစဥ်။ဓါတ်ပုံ-ABSDF)

စစ်ကောင်စီ လက်အောက်ခံ ရဲများ စခန်းစွန့် ထွက်ပြေးသွားသည့် ဂန့်ဂေါမြို့နယ် တောင်ခင်ရန်း ရဲစခန်းတွင် မိုင်းများ​ထောင်ခဲ့၍ ဝင်ရောက်ရှင်းလင်းလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)စစ်ကြောင်း (၃)ကသတင်းထုတ်ပြန်သည်။

ဂန့်ဂေါမြို့နယ် မင်းရွာ ရဲစခန်းကို ABSDFနှင့် ဒေသခံ PDFများ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းကြောင့် တောင်ခင်ရန်းရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံရဲများသည် နိုဝင်ဘာလ ၄ ရက်နေ့ တွင် ၎င်းတို့ စခန်းကို စွန့်ခွာထွက်ပြေးသွားကြခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်​ထောင်ခဲ့​သော မိုင်းများကိုရှင်းလင်း​နေစဥ်။ဓါတ်ပုံ-ABSDF)
(စစ်​ကောင်စီတပ်​ထောင်ခဲ့​သော မိုင်းများကိုရှင်းလင်း​နေစဥ်။ဓါတ်ပုံ-ABSDF)

ထိုကြောင့် တောင်ခင်ရန်း ရဲစခန်းကို မိမိတို့ ABSDF အမှတ် ၁၂ တပ်ရင်း နှင့် မဟာမိတ် PDF တပ်ရင်းများမှဝင်ရောက်ရှင်းလင်းလျှက်ရှိရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြေမြုတ်မိုင်းများ ထောင်ထားခဲ့၍ ABSDF မှ မိုင်းကျွမ်းကျင်သူ ရဲဘော်များမှ မဟာမိတ်များနှင့် ပူးပေါင်း၍ မိုင်းများ လက်လံရှင်းလင်းပေးနေရဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။

တောင်းခင်ရန်း ရဲစခန်းအတွင်း ရန်သူထောင်ခဲ့သည့် မိုင်းများအားရှင်းလင်းပေးနေသည့် ရဲဘော်များအား ABSDF အမှတ်(၃) စစ်ကြောင်း ၊ စစ်ကြောင်းမှူး ရဲဘော်မင်းဌေး က သွားရောက်အားပေးခဲ့သည်ဟုလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်​ထောင်ခဲ့​သော မိုင်းများကိုရှင်းလင်း​နေစဥ်။ဓါတ်ပုံ-ABSDF)
(စစ်​ကောင်စီတပ်​ထောင်ခဲ့​သော မိုင်းများကိုရှင်းလင်း​နေစဥ်။ဓါတ်ပုံ-ABSDF)

တောင်ခင်ရန်းရဲစခန်း ကို ABSDF နှင့် ဂန့်ဂေါခရိုင် PDF တပ်ရင်း (၁) ၊ တပ်ရင်း (၁၂) ၊ တပ်ရင်း (၁၄)၊ ပ.က.ဖ များက ၂၀၂၃ ခုနှစ် မေလကုန်မှ စတင်၍ အနီးကပ် (မီတာ ၂၀၀ ကျော်အတွင်း ) ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း၊ နိုဝင်ဘာ ၂ ရက်၌လည်း အနီးကပ်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှုများရှိခဲ့ကြောင်း အသိပေးထုတ်ပြန်သည်။

ABSDFနှင့် PDF ပူးပေါင်းတပ်သည် မင်းရွာ ရဲစခန်းအား သိမ်းပိုက်စဉ် စစ်ကောင်စီတပ်မှ ၆ဦးသေဆုံးကာ ၁၁ဦး လက်နက်ချ အညံ့ခံခဲ့သည့် ။ ၅ဦးထွက်ပြေးသွားရာ အားလုံးကို ပြန်လည်ဖမ်းမိခဲ့သည်ဟုဆိုသည်။ အဆိုပါ တပ်စခန်းမှ သေနတ် ၁၇ရက် နှင့် ကျည်၊ ခဲယမ်းများ ရရှိခဲ့သည်ဟုလည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook