Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးနယ် မြပုလဲဂိတ်စခန်းတိုက်ခိုက်မှုအတွင်း ပျူစောထီးနှစ်ဦး လက်နက်နှင့်အတူဖမ်းမိ၊ ၆ ဦးထွက်ပြေး

မြပုလဲစစ်ကောင်စီဂိတ်စခန်းတိုက်ပွဲ၌ စစ်ကောင်စီတပ်သား အလောင်း (၁၄)လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်၊ ပြည်သူ့ရဲဘော် (၆)ဦး ကျဆုံးခဲ့ကြောင်း ချောင်းဦး(ပကဖ)အဖွဲ့က ထုတ်ပြန်ထားသည်။

(ဖမ်းဆီးခံထားရသော ပျူစောထီးတစ်ဦးအားတွေ့ရစဥ်။ ဓာတ်ပုံ - File Photo)
(ဖမ်းဆီးခံထားရသော ပျူစောထီးတစ်ဦးအားတွေ့ရစဥ်။ ဓာတ်ပုံ - File Photo)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ မြပုလဲဂိတ်စခန်းအား တိုက်ခိုက်မီုအတွင်း ပျူစောထီး နှစ်ဦးအားသေနတ်ဖြင့် အရှင်ဖမ်းမိပြီး ၆ဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း Area 71 PDF Monywa အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ချောင်းဦးမြို့နယ်ရှိ မြပုလဲစက်သုံးဆီဆိုင်၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား ဒေသတွင်း တော်လှန်‌ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ချိန် အဆိုပါဂိတ်မှ ပျူစောထီးအချို့မှာ စခန်းစွန့်ခွာပြီး နီးစပ်ရာတောအတွင်းသို့ ထွက်ပြေးခဲ့ကြကြောင်း Area 71 PDF Monywa အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ထွက်ပြေးကြသော ပျူစောထီးများကို အဖွဲ့ သုံးဖွဲ့ခွဲပြီး တောနင်းရှာဖွေရာ စိုက်ခင်းတစ်ခုကြား၌ ပုန်းခိုနေသူ နှစ်ဦးအား ၎င်းတို့ကိုင်ဆောင်သော ကာဘိုင်သေနတ်နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

အဆိုပါ ပျူစောထီးနှစ်ဦးနှင့် သေနတ်နှစ်လက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းထံသို့ ထိုနေ့က လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

၎င်းတို့သည် ကန့်ဘလူမြို့နယ်မှဖြစ်ပြီး ပိုက်ဆံမပေးနိုင်၍ ပျူစောထီးအဖွဲ့ဝင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မုံရွာမြို့နယ်သို့ ပို့ဆောင်ခံရသည်မှာ ၄ လခန့်ရှိပြီဖြစ်ကြောင်း ဖြေကြားသည်။

“နဂိုကတည်းက ထွက်ပြေးချင်စိတ်ရှိလား”ဟု PDFရဲဘော်ကမေးမြန်းသောအခါ ပျူတစ်ဦးက”ရှိတယ်။ ဖြစ်ဖြစ်ချင်း သံတံခါးကန်ဖွင့်ပြီး ပြေးလာတာ။”ဟု ဖြေသည်။

“မိလို့ထွက်ပြေးချင်တဲ့စိတ်ရှိတယ်လို့ပြောတာမဟုတ်ဘူးလား။”ဟု PDF ရဲဘော်က ထပ်မံမေးမြန်းသောအခါ ၎င်းက “မဟုတ်ဘူးဗျ။ အစောကတည်းက သံတံခါးကြီးကန်ဖွင့်ပြီး ထွက်ပြေးလာတာ။ ကျွန်တော်တို့၆ယောက်က။ တစ်ချက်မှလည်း ပြန်မပစ်ခဲ့ဘူး။ သေနတ်ယူပြီးပြေးလာတာ။”ဟု ပြောသည်။

“သုံ့ပန်းအနေနဲ့ပဲ ထားမှာ။ သတ်ပစ်တာတို့၊ ရှင်းပစ်တာတို့ မလုပ်ဘူး။”ဟု PDFရဲဘော်က ပြောသည်။

အဆိုပါ ဂိတ်စခန်း၌ ပျူစောထီး၂၀ဦး၊ ရဲ ၅ ဦး၊ စစ်သား ၃ဦး ရှိကြောင်း ဖမ်းဆီးခံရသည့်ပျူစောထီးက ထွက်ဆိုသည်။

မြပုလဲစစ်ကောင်စီဂိတ်စခန်းတိုက်ပွဲ၌ စစ်ကောင်စီတပ်သား အလောင်း (၁၄)လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်၊ ပြည်သူ့ရဲဘော် (၆)ဦး ကျဆုံးခဲ့ကြောင်း ချောင်းဦး(ပကဖ)အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။