စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တိုင်းရင်းဆေးရုံ၌ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Federal Wings က ယမန်နေ့တွင် ထုတ်ပြန်သည်။
စစ်ဒေသ(၁)၏ ကွပ်ကဲမှုဖြင့် စစ်ကိုင်း Federal Wings နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ရေဦးတိုင်းရင်းဆေးရုံရှိ စစ်ကောင်စီတပ်အား နိုဝင်ဘာ၆ရက် မွန်းလွဲ ပိုင်း၌က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။
ဒရုန်းအကြီး (၄)စင်းနှင့် Fixed Wing ဒရုန်း(၂)စီးဖြင့် ဗုံးသီး ၁၂လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပီး ထိခိုက်သေဆုံး ရှိ၊မရှိ အခြေအနေကို ဖော်ပြမထားပေ။
အဆိုပါနေရာတွင် သိုလှောင်ထားသော လက်နက်ကြီးများ၊ ခဲယမ်းများနှင့် သံချပ်ကာကားများကို ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
တိုက်ခိုက်မှုကို Sagaing Federal Wings ၊ စစ်ကိုင်းခရိုင်အမှတ်(၅)တပ်ရင်း (MRA)၊ GTR(MMU)၊ ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း ရေဦး PDF တို့မှ ပူးပေါင်းဆင်နွှဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်းအသုံးပြုသော ဒရုန်းဗုံးသီးများအား ထုတ်လုပ်ရေးစခန်း (SDP2)မှ ထုတ်လုပ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
Federal Wings ဒရုန်းတပ်သည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နှင့် တပ်မဟာ(၆)နယ်မြေတွင် တိုက်ပွဲဝင်နေသည့် တပ်ဖွဲ့တစ်ခုလည်းဖြစ်သည်။


















































