Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကောလင်းသို့ စစ်ကူလာသည့်စစ်ကြောင်းတိုက်ခိုက်ခံရ၍ သေဆုံးသူအများစုမှာ သင်္ဃန်းဝတ် ဦးဝါသ၀၏ ပျူစောထီးများဟုဆို

အမှတ်(၁) စစ်ဒေသစစ်ဒေသမှူးအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေါင်လွန်းက တာဝန်ယူထားကာ ခရိုင်ကွပ်ကဲရေးမှူးများအဖြစ် KIA အရာရှိများက တာဝန်ယူထားခြင်းဖြစ်သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - MOD)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - MOD)

▪️အဆိုပါကန့်ဘလူတိုက်ပွဲ KIAနှင့် PDF ပူးပေါင်းတိုက်ခိုက်ခဲ့

စစ်ကိုင်းတိုင်း ကောလင်းမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်အား တိုက်ခိုက်ရာတွင် သေဆုံးသူအများစုမှာ စစ်ကောင်စီလက်အောက်ခံ သင်္ဃန်းဝတ်ထားသည့် ဦးဝါသ၀၏ ပျူစောထီးများဖြစ်ကြောင်း လူထုနွေဦး၏ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ကန့်ဘလူက ၅၅၀ဆရာတော်(စစ်ကောင်စီ လက်အောက်ခံ သင်္ဃန်းဝတ်ထားသည့် ဦးဝါသ၀)ရဲ့တပ်တွေ ဒီနေ့ အယောက် ၁၀၀ကျော်သေတယ်။ ကန့်ဘလူမှ ကောလင်းဘက် စစ်ကူသွားတာ။ လမ်းမှာ Ambush တိုက်ခံရတယ်။ လက်နက် ၅၉လက်သိမ်းဆည်းရမိထားတယ်။ ကျန်တဲ့ကောင်တွေ တပ်ပျက်ပြီးထွက်ပြေးသွားကြတယ်။ KIAနဲ့ PDF တွေ လမ်းမှာ ဖြတ်တိုက်တာ။ ဒဏ်ရာရတာလည်းများတယ်။ အယောက် ၂၆၀ တက်လာတာ။ ၁၀၀ သေသွားတယ်။ ဒဏ်ရာရ စာရင်း အတိအကျ မသိရ။ များမယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ အတူပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တော်လှန်ရေးအင်အားစုများက နိုဝင်ဘာ ၆ရက်တွင် သိမ်းပိုက်ထားသည့် ကောလင်းမြို့ကို စစ်ကြောင်းထိုးရန် ဦးတည်လာသည့် အင်အား ၂၀၀ကျော်ပါ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၀ရက် နံနက်က ကန့်ဘလူမြို့နယ် အလယ်ခုံကျေးရွာအနီး၌ KIAနှင့် PDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ကာကွယ်ရေးဝန်ကြီးဌာန PDF စစ်ရုံးချုပ်ကလည်း အဆိုပါတိုက်ပွဲဖြစ်စဉ်ကို ထုတ်ပြန်ထားရာ သိမ်းဆည်းရရှိထားသည့် လက်နက်ခဲယမ်းများကို ဖော်ပြထားသည်။

ကန့်ဘလူတိုက်ပွဲ၌ လက်နက်ခဲယမ်းများစွာရရှိမှုနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက “တော်လှန်ရေးကာလ အစပိုင်းတုန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို မောင်းပြန်တွေတပ်ဆင်ပေးနိုင်ဖို့ ခက်ခက်ခဲခဲနဲ့ကြိုးစားရှာဖွေခဲ့ကြရတယ်။ ခုချိန်မှာတော့ ဖက်ဆစ်စစ်တပ်က နေ့တိုင်းအလှူကြီးပေးနေလို့ အတော်ပြည့်စုံလာပါပြီ။ ရှေ့တန်းမှာသုတ်သင်ခံရတာများလာတော့ ပျူတွေကိုလက်နက်တပ်ဆင်ပေးပြီး ရှေ့တန်းထွက်ခိုင်းကြပြန်ပြီ။ ဒီအရေးတွေမြင်လို့ အစောကြီးကတည်းက ပျူဖရဲသီးတွေအများကြီးမွေးထားတာဆိုတော့’ရန်သူ့လက်နက် ကိုယ့်လက်နက်’ဆိုတဲ့ဗျူဟာကိုမြန်မာပြည်မှာလက်တွေ့အကောင်အထည်ဖော်ပြနေတာ”ဟု မှတ်ချက်ပြု ရေးသားထားသည်။

KIAသည် စစ်ကိုင်းတိုင်း ဒေသအသီးသီးရှိ PDFများနှင့် ပူးပေါင်းပြီး မြို့အများအပြားမှ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းများကို တိုက်ခိုက်လျက်ရှိသည်။

စစ်ကိုင်းနှင့် မကွေးတိုင်းအပါအဝင် အမှတ်(၁) စစ်ဒေသနယ်မြေတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် စစ်ဆင်ရေးအား အရှိန်မြှင့်ဆောင်ရွက်နေခြင်းဖြစ်သည်။

အမှတ်(၁) စစ်ဒေသစစ်ဒေသမှူးအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေါင်လွန်းက တာဝန်ယူထားကာ ခရိုင်ကွပ်ကဲရေးမှူးများအဖြစ် KIA အရာရှိများက တာဝန်ယူထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။