Connect with us

Hi, what are you looking for?

သတင်း

ထီးချိူင့်မြို့​ပေါ်တိုက်ပွဲ ၆ ရက်မြောက်​နေ့အထိ့ပြင်းထန်ဆဲ

စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေသလို လူနှင့်ရိက္ခာ၊ လက်နက်ခဲယမ်းများကို လေကြောင်းမှ ဆက်တိုက်ဖြည့်တင်းပြီး မြို့ ကိုလက်မလွှတ်ရရန် ခုခံ​နေသည်။

(ထီးချိုင့်မြို့ကို Google Map တွင်​တွေ့ရမှု)
(ထီးချိုင့်မြို့ကို Google Map တွင်​တွေ့ရမှု)

ထီးချိုင့်မြို့​ပေါ်တိုက်ပွဲ ခြောက်ရက်​မြောက်​နေ့တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရာရသူမှုများသလို စစ်သုံ့ပန်အချို့ကို ​တော်လှန်​ရေးအဖွဲ့များက ဖမ်းမိထားကြောင်း သတင်းရရှိသည်။

“တစ်မြို့လုံးမှာ ကိုယ့်အဖွဲ့တွေ ရှိနေပြီ။ သူတို့(စစ်ကောင်စီတပ်ဖွဲ့)က မြသိန်းတန်းတောင်ကုန်းပေါ်ကနေ ခုခံနေတာ” ဟု ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

ထီးချိုင့်မြို့တွင် နိုဝင်ဘာလ ၇ရက် ညမှစတင်၍တိုက်ပွဲပြင်းထန်ခဲ့သည်။ ထီးချိုင့်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ရဲစခန်းရှိသည့် မြသိန်းတန်တောင်ကုန်းတွင် စစ်ကောင်စီနှင်ရဲများက အခိုင်အမာခံစစ်ပြင်ထားသည်။ ထိုနေရာကို KIA၊AA၊ ABSDFနှင့် PDF ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေသည်။

စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေသလို လူနှင့်ရိက္ခာ၊ လက်နက်ခဲယမ်းများကို လေကြောင်းမှ ဆက်တိုက်ဖြည့်တင်းပြီး မြို့ ကိုလက်မလွှတ်ရရန် ခုခံ​နေသည်။

Public Service Announcement

Public Service Announcement

ဒေသခံပြည်သူအများစုသည် ထီးချိုင့်မြို့ပြင်ပ ​ဘေးလွတ်မည်ထင်​သောနေရာများ၌ နိုဝင်ဘာလ ၇ရက်ကတည်းက ထွက်​ပြေးရောက်တိမ်းရှောင်နေကြသည်။ မြို့ ​ပေါ်တွင် ပြည်သူအနည်းငယ်သာ ကျန်ရှိ​ကြောင်းသိရနေသည်။ စစ်ကောင်စီတပ်က မြို့အတွင်း အကြိမ်​ရေးများစွာလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအချို့ထိခိုက်သေဆုံးကြောင်းသတင်းရရှိသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပေ။

စစ်ကောင်စီတပ်က ထီးချိုင့်မြို့​ပေါ်တွင်နိုဝင်ဘာလ ၆ရက် ညမှစ၍ လေကြောင်းမှ နေ့စဉ် ပြုလုပ်ခဲ့ရာ ယ‌နေ့ နိုဝင်ဘာလ ၁၂ရက် နံနက် ၁၀နာရီ ၉ မိနစ် အထိလေကြောင်းမှ ၃၄ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ​ဒေသတွင်း စစ်​ရေးသတင်းများ​ဖော်ပြ​ပေး​နေ​သော Tigying Revolution -TRက သတင်းထုတ်ပြန်ထားသည်။

“တခြားမြို့နဲ့မတူတဲ့အချက်က ‌မြို့ထဲမှာ တောင်ကုန်းတွေပေါပါတယ်။မြို့က ဗျူဟာကျတဲ့ နေရာမှာရှိနေပါတယ်။နှစ်ဖက်လုံးအတွက် အရေးကြီးဆုံး နေရာဖြစ်နေတော့ လွယ်လွယ် မကျသေးတာပါ။သတင်းအမှားတွေအပေါ် အာရုံမစိုက်ကြပါနဲ့။မကြာခင် အောင်သပြေနဲ့ကြိုဖို့ စောင့်နေပေးပါ။မရမခြင်း ကြိုးစားကြမှာပါဗျာ။တချို့က သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိဖြန့်နေတာပါ။မကြာတော့ပါဘူး ။သတင်းအမှန်ကို ရရှိတာနဲ့ အမြန်ဆုံးတင်ပေးပါ့မယ်ဗျ။လက်ခုပ်တီးဖို့ ပြင်ထားကြပါ ခင်ဗျာ” ဟု Tigying Revolution -TRက ယမန်နေ့ညက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။