Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ဆည်ခရိုင်တရားရုံး ဗုံးပစ်တိုက်ခိုက်ခံရ ခရိုင်တရားသူကြီးအမျိုးသမီး မျက်စိထိခိုက်သွားဟုဆို

တရားရုံးအခန်းရှေ့မျက်နှာစာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ခရိုင် တရားသူကြီးအမျိုးသမီး၏ မျက်စိထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကိုအောင် ပြောသည်။

ကျောက်ဆည်ခရိုင်တရားရုံး ဗုံးပစ်တိုက်ခိုက်ခံရ ခရိုင်တရားသူကြီးအမျိုးသမီး မျက်စိထိခိုက်သွားဟုဆို
ကျောက်ဆည်ခရိုင်တရားရုံး ဗုံးပစ်တိုက်ခိုက်ခံရ ခရိုင်တရားသူကြီးအမျိုးသမီး မျက်စိထိခိုက်သွားဟုဆို

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများအား မတရားဖမ်းဆီးပြီး ကျပ်သိန်းရာချီတောင်းယူနေသည့် ခရိုင်တရားရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kyaukse Revolution Army-KRA တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံကိုအောင်က ပြောသည်။

နိုဝင်ဘာ ၁၀ ရက် နံနက် ၈နာရီခွဲခန့်က ကျောက်ဆည်ခရိုင်တရားရုံးအတွင်းသို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက လက်ပစ်ဗုံးတစ်လုံး အနီးကပ်ပစ်သွင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တရားရုံးအခန်းရှေ့မျက်နှာစာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ခရိုင် တရားသူကြီးအမျိုးသမီး၏ မျက်စိထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကိုအောင် ပြောသည်။

ကျောက်ဆ​ည်မြို့နယ်အတွင်း၌ စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီးပြီး တရားရုံးရောက်ပါက ​ခြိမ်းခြောက်ပြီးကျပ်သိန်းရာချီ တောင်းခံမှုများ ပြုလုပ်နေသည်ဟု ပြည်သူလူထုက သတင်းပေးလာ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“နောက်ခါဆိုရင် ဒီလို ဖောက်ခွဲမှုတွေပြုလုပ်နေတော့မှာမဟုတ်ဘဲ ​ပြည်သူအပေါ် လာဘ်စားတဲ့သူတွေကို နာမည်တပ်ပြီး တစ်ချက်တစ်ကောင် ရှင်းလင်းသုတ်သင်သွားတော့မှာဖြစ်ပါတယ်။”ဟု အဆိုပါပြန်ကြားရေးတာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းတိုက်ခိုက်မှုကို ကျောက်ဆည် K.R.A တပ်ဖွဲ့၊ ကျောက်ဆည် K.D.D.F တို့ မြို့ပြထန်းသီးဗုံးဟု အမည်ပေးထားသည့် ကိုယ်တိုင်လုပ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဗုံးပေါက်ကွဲပြီးနောက် ခရိုင်တရားရုံးသို့ စစ်ကောင်စီက လာရောက်စစ်ဆေးသွားကြောင်း သိရသည်။

ကျောက်ဆည် K.R.A တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်ကလည်း ကျောက်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီနှင့်ပူးပေါင်းပြီး ဆက်ကြေးကောက်ခြင်း၊ PDFဖမ်းဆီးရာတွင် ပါဝင်ခြင်းများ ပြုလုပ်နေသည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးအား ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။