Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဆည် စမုံမြစ်ထဲ ရေဆင်းချိုးရင်း လူငယ် ၄ ဦးရေနစ်သေဆုံး

သေဆုံးသွားသူတွေဟာ အသက် ၂၀ ကနေ ၂၅ နှစ်ဝန်းကျင်လူငယ်တွေဖြစ်ပြီး ကောင်းတင်ရွာ ဒေသခံတွေဖြစ်ကြပါတယ်။

စမုံမြစ်ထဲ ရေနစ်ပျောက်ဆုံးနေသူ လူငယ် ၄ ဦးကို ရှာဖွေနေကြစဉ်
စမုံမြစ်ထဲ ရေနစ်ပျောက်ဆုံးနေသူ လူငယ် ၄ ဦးကို ရှာဖွေနေကြစဉ်

မြန်မာနှစ်ဆန်းတစ်ရက်နေ့က မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ထဲက စမုံမြစ်ထဲ ရေဆင်းချိုးတဲ့ အမျိုးသား ၄ ဦး ရေနစ်သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ထံကသိရပါတယ်။

စမုံမြစ်ဟာ ကျောက်ဆည်မြို့နယ် ၊ကောင်းတင်ရွာထိပ်မှာရှိပြီး မနေ့က ညနေဘက် ၃ နာရီဝန်းကျင်မှာအခင်းဖြစ်ပွားတာပါ။

“မြို့ပေါ်ကနေ လည်ပြီးပြန်လာတာ၊ ရွာရောက်ခါနီး ရေဆင်းချိုးရာကနေ နစ်သွားတာ”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement
Public Service Announcement

ရေနစ်သူတွေကို ၃ နာရီခန့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ပြီး ညနေ ၆ နာရီမှာ အလောင်းတွေ တွေ့ရှိရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသွားသူတွေဟာ အသက် ၂၀ ကနေ ၂၅ နှစ်ဝန်းကျင်လူငယ်တွေဖြစ်ပြီး ကောင်းတင်ရွာ ဒေသခံတွေဖြစ်ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

(၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

နိုင်ငံတကာ

လူငယ်တွေ ဦးဆောင်တဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှုကို ထောက်ခံတဲ့ ဆန္ဒပြသူတွေကို အိန္ဒိယ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေ အသုံးပြုပြီး ဖြိုခွင်းခဲ့ပါတယ်။