Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းနှင့်ဖောင်းပြင်၌ တိုက်ပွဲဆက်တိုက်ဖြစ်နေ၍ ပြည်သူများ စစ်ရေးသတိရှိရန် PDF အရေးပေါ်ကြေညာ

PDF ပူးပေါင်းမဟာမိတ်တပ်များနှင့် စစ်ကောင်စီ၊ စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီတပ်(SNA) ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများဆက်တိုက်ဖြစ်နေသည်ဟု ဆိုသည်။

(ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)မှ ရဲဘော်တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - HPDF 124)
(ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)မှ ရဲဘော်တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - HPDF 124)

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ၍ ပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန် ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

PDF ပူးပေါင်းမဟာမိတ်တပ်များနှင့် စစ်ကောင်စီ၊ စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီတပ်(SNA) ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများဆက်တိုက်ဖြစ်နေသည်ဟု ဆိုသည်။

နောင်ပိုအောင် – ပင်ခုတ်- နတ်နန်း-ဖောင်းပြင် လမ်းပိုင်း နှင့် ရွှေပြည်အေး – ဟုမ္မလင်း – ဖောင်းပြင် ရေကြောင်းခရီးများအား တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း အသိပေးထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဤလမ်းပိုင်းများအား ယာယီ ဖြတ်သန်းသွားလာခြင်းမပြုကြရန် သတိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနှင့် ရှမ်းနီတပ်များ၏ တပ်တည်၊ တပ်လှုပ် သတင်းများနှင့်အတူ ၎င်းတို့၏ အသွားအလာများအား အချိန်မလပ် သတိပြုစောင့်ကြည့်ကာ သတင်းပေးပို့ကြရန်လည်း မေတ္တာရပ်ခံထားပြီး Homalin People’s Defense Force – HPDF 124 Page Messengerမှ သတင်းပေးကြရန် အသိပေးထားသည်။

သတိပေးချက်အား မလိုက်နာ၍ တစုံတရာဖြစ်ပွားခဲ့ပါက တာဝန်ယူမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွင်း မေလနဲ့ ဇွန်လ တတိယပတ်အထိ စစ်ဆင်​ရေး​တွေမှာစစ်သား (၃၃) ဦးသေဆုံးပြီး (၁၇) ဦးဒဏ်ရာရရှိကာ ၊စစ်သုံ့ပန်း (၂)ဦး ၊ လက်နက်မျိုးစုံ (၁၆) လက်နဲ့ ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီကနေ့...

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ချင်းသတင်းရင်းမြစ်က ဒီကနေ့ ဇွန် ၂၄ရက်မှာ ပြောပါတယ်။

သတင်း

မကွေးတိုင်း၊စလင်းမြို့နယ်၊တညောင်ဒေသ တိုက်ပွဲအတွင်း စစ်တပ်က ထိခိုက်သေဆုံးသူတွေကို လာသယ်တဲ့ စစ်ကူရေယာဉ် ၂စီး ထပ်မံတိုက်ခိုက်ခံရတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။