Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်နယ်အတွင်း ဆက်သွယ်ရေးလမ်းကြောင်း အားလုံးကို ချင်းတပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်ဟု CNA ပြော

ဆလိုင်းထက်နီ၏ပြောကြားချင်ကို CNFက ထုတ်ပြန်ခဲ့ရာ ချင်းပြည်နယ် ဧရိယာ၏ ၇၅ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားနိုင်ပြီဟု ပြောသည်။

(ချင်းတပ်ဖွဲ့များက လိုင်လဲန်းပီမြို့ ရှိစစ်​ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီးချင်းအမျိုးသားအလံလွှင့်ထူထားစဥ်။ ဓာတ်ပုံ - CIC)
(ချင်းတပ်ဖွဲ့များက လိုင်လဲန်းပီမြို့ ရှိစစ်​ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီးချင်းအမျိုးသားအလံလွှင့်ထူထားစဥ်။ ဓာတ်ပုံ - CIC)

ချင်းပြည်နယ်ရှိ မြို့ပေါ်နေရာများ၌သာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး မြို့တစ်မြို့နှင့်တစ်မြို့အား ဆက်သွယ်သည့် ဆက်သွယ်ရေးလမ်းကြောင်းများအားလုံးကို ချင်းဒေသကာကွယ်ရေးတပ်(CDF)နှင့် CNA တပ်များကထိန်းချုပ်ထားကြောင်း CNF/CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက ပြောသည်။

ဆလိုင်းထက်နီ၏ပြောကြားချင်ကို CNFက ထုတ်ပြန်ခဲ့ရာ ချင်းပြည်နယ် ဧရိယာ၏ ၇၅ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားနိုင်ပြီဟု ပြောသည်။

“မြို့ပေါ်ဆိုတဲ့နေရာတောင်ထန်တလန်ကတော့ပြည်သူလူထုလည်းမရှိတော့ဘူး။သူတို့နဲ့ကျနော်တို့နဲ့ နှစ်ဖွဲ့ အဲဒီလိုတပ်စွဲထားတဲ့အနေအထားပေါ့။ ဆိုတော့မြို့ပေါ်မှာလောက်ပဲ။ တစ်မြို့နဲ့တစ်မြို့ဆက်သွယ်ရေး လမ်းကြောင်း အားလုံးကကျနော်တို့က ဒီနေ့အထိ ထိန်းချုပ်ထားနိုင်တယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

မြို့နှင့် (၅)မိုင်ပတ်လည်ဝန်းကျင်ကိုသာ စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်သည့်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ချင်းတောင်မှာ အရင်လို စစ်ယာဉ်တန်းကြီးနဲ့ ရိက္ခာပို့တာတို့ ဘာတို့တော့မရှိတော့ဘူး”ဟု ဆလိုင်းထက်နီက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု လက်နက်ရိက္ခာဖြည့်တင်းခြင်း၊ အရပ်ဘက်ယာဉ်များ သုံးခြင်း ပြုလုပ်နေသည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီ အပြုတ်တိုက်ရေးသည် ချင်းတပ်ဖွဲ့များ၏ ပထမဆုံးဦးစားပေးဦးတည်ချက်ဖြစ်ကြောင်း ပြောပြသည်။ စစ်ရေးသာမက အုပ်ချုပ်ရေးတည်ဆောက်ရန် ချင်းပြည်ကောင်စီ ဖြစ်တည်လာရေး ကြိုးစားနေကြောင်း၊ တော်လှန်ရေးကာလ၌ ကျင့်သုံးမည့် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမှု ပြီးသလောက်ရှိနေပြီး ၂၀၂၄ ဇန်နဝါရီတွင် လုပ်ငန်းလည်ပတ်မှုကောင်းစွာလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဆလိုင်းထက်နီက ရှင်းပြသည်။

ယခုအခါ ချင်း​​တော်လှန်​ရေးတပ်ဖွဲ့​တွေက ရိဒ်ခေါဒါရ်မြို့၊ လိုင်လဲန်းပီမြို့တို့ကို သိမ်းယူထားပြီ ၊က​နေဒီ​တောင်ရှိစစ်တပ်စခန်းကိုလည်းတိုက်ခိုက်သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်းထိုးစစ်မှာ အဓိက တာဝန်ယူတဲ့ စစ်တပ်ရဲ့ တပ်မ(၇၇)တပ်ဖွဲ့တွေကို ပြန်လည်ရုတ်သိမ်းကာ ရဲတပ်ရင်းတွေနဲ့ အစားထိုးနေရာချထားတယ်လို့ သတင်းရရှိထားကြောင်း ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးရ်က ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း