Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာများ တိုက်ခိုက်ခံရ

နိုဝင်ဘာ ၁၅ ရက်ကလည်း ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းကိုလည်း ဒေသတွင်းPDFများ သွားရောက်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းပိုက်နိုင်ခဲ့သည်။

ဆားလင်းကြီးမြို့မရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ
ဆားလင်းကြီးမြို့မရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများအား သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၄ ရက်) ည ၁၀နာရီခန့်က ဆားလင်းကြီးမြို့ပေါ်ရှိ ရဲနှင့်စစ်ကောင်စီတပ်သား အင်အား၁၀၀ခန့်အထိုင်ချထားသော ရဲစခန်း၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စာသင်ကျောင်းအား ၆၀မမ၊ ၈၀မမ၊ ၉၀မမ၊ ၁၂၀မမ စသည့် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းPDFအဖွဲ့များက အသိပေးသည်။

၁နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုအထိအခိုက်ရှိကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် Chindwin Toe Na Yar PDFအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“လက်နက်ကြီးတွေအဝေးက ပစ်ခတ်ခဲ့ပါတယ်။ဆေးရုံနားအထိတော့ လက်နက်ငယ်သမားတွေ ကပ်ပြီး ပစ်ခတ်ခဲ့တယ်။ စစ်တပ်အထိုင်နဲ့ နီးတဲ့ ပြည်သူတွေက ရှောင်နေကြပြီဆိုတော့ သတင်းက မြန်မြန်ဆန်ဆန် မသိရသေးတာ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား ယင်းမာပင်၊ပုလဲ၊ဆားလင်းကြီး မဟာမိတ်ပူးပေါင်းအဖွဲ့များဖြစ်သည့် တူမီးတပ်ဦး Chindwin Toe Na Yar PDF၊ ယင်းမာပင်တပ်ရင်း၂၉ခွဲ၂၂၊ ယင်းမာပင်တပ်ရင်း၂၅ခွဲ စု၃၊ တူမီးတပ်ဦးSKY၊ တူမီးတပ်ဦး Yinmarbin local PDF၊ တူမီးတပ်ဦးဖီးနစ်ဖိုက်တာ၊ တူမီးတပ်ဦး တော်လှန်ပြောက်ကျား၊ SPDF ဆားလင်းကြီး၊ ယင်းမာပင်တပ်ရင်း၁၆ဒေါင်းယင်း၊ ဖီးနစ်ပြည်သူ့ကာကွယ်ရေးဆားလင်းကြီး၊ ဇာနည်သွေး ဆားလင်းကြီး၊ ယင်းမာပင်တပ်ရင်း၂၇၊ BED ငညို၊Myanmar National Armed Force နှင့်စသည့်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၅ ရက်ကလည်း ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းကိုလည်း ဒေသတွင်းPDFများ သွားရောက်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ ဆန္ဒပြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ဂန့်ဂေါမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။