Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးမြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာများ တိုက်ခိုက်ခံရ

နိုဝင်ဘာ ၁၅ ရက်ကလည်း ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းကိုလည်း ဒေသတွင်းPDFများ သွားရောက်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းပိုက်နိုင်ခဲ့သည်။

ဆားလင်းကြီးမြို့မရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ
ဆားလင်းကြီးမြို့မရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများအား သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၄ ရက်) ည ၁၀နာရီခန့်က ဆားလင်းကြီးမြို့ပေါ်ရှိ ရဲနှင့်စစ်ကောင်စီတပ်သား အင်အား၁၀၀ခန့်အထိုင်ချထားသော ရဲစခန်း၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စာသင်ကျောင်းအား ၆၀မမ၊ ၈၀မမ၊ ၉၀မမ၊ ၁၂၀မမ စသည့် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းPDFအဖွဲ့များက အသိပေးသည်။

၁နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုအထိအခိုက်ရှိကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် Chindwin Toe Na Yar PDFအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“လက်နက်ကြီးတွေအဝေးက ပစ်ခတ်ခဲ့ပါတယ်။ဆေးရုံနားအထိတော့ လက်နက်ငယ်သမားတွေ ကပ်ပြီး ပစ်ခတ်ခဲ့တယ်။ စစ်တပ်အထိုင်နဲ့ နီးတဲ့ ပြည်သူတွေက ရှောင်နေကြပြီဆိုတော့ သတင်းက မြန်မြန်ဆန်ဆန် မသိရသေးတာ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား ယင်းမာပင်၊ပုလဲ၊ဆားလင်းကြီး မဟာမိတ်ပူးပေါင်းအဖွဲ့များဖြစ်သည့် တူမီးတပ်ဦး Chindwin Toe Na Yar PDF၊ ယင်းမာပင်တပ်ရင်း၂၉ခွဲ၂၂၊ ယင်းမာပင်တပ်ရင်း၂၅ခွဲ စု၃၊ တူမီးတပ်ဦးSKY၊ တူမီးတပ်ဦး Yinmarbin local PDF၊ တူမီးတပ်ဦးဖီးနစ်ဖိုက်တာ၊ တူမီးတပ်ဦး တော်လှန်ပြောက်ကျား၊ SPDF ဆားလင်းကြီး၊ ယင်းမာပင်တပ်ရင်း၁၆ဒေါင်းယင်း၊ ဖီးနစ်ပြည်သူ့ကာကွယ်ရေးဆားလင်းကြီး၊ ဇာနည်သွေး ဆားလင်းကြီး၊ ယင်းမာပင်တပ်ရင်း၂၇၊ BED ငညို၊Myanmar National Armed Force နှင့်စသည့်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၅ ရက်ကလည်း ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းကိုလည်း ဒေသတွင်းPDFများ သွားရောက်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။