Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့အတွင်း မိုင်းရှင်းနေစဥ် ရဲဘော်တစ်ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက်ဆုံးရှုံး

မိုးဗြဲမြို့၌ စစ်ကောင်စီတပ်စွဲထားသည့် ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း၃၊ ပွဲကုန်း၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား၂ ကျေးရွာဒေသများရှိ စခန်း (၈)ခုကို ကရင်နီပူးပေါင်းတပ်များက ‘၁၁၁၁ စစ်ဆင်ရေး’အတွင်း ကနဦး သိမ်းပိုက်ထားနိုင်သည်။

(မိုင်းရှင်းလင်းရေးလုပ်နေသော PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MBPDF)
(မိုင်းရှင်းလင်းရေးလုပ်နေသော PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MBPDF)

မိုးဗြဲမြို့အတွင်း ပြည်သူများပြန်လည်နေထိုင်သွားလာနိုင်ရန် မိုင်းရှင်းလင်းရေးလုပ်နေစဉ် ရဲဘော်တစ်ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက်ဆုံးရှုံးရကြောင်း Mobye Local PDF က အသိပေးထုတ်ပြန်သည်။

“၂၁ ရက်နေ့က ဖြစ်တာ။ရဲဘော်တစ်ဦး ခြေထောက်တစ်ဖက် ပေးလိုက်ရတယ်။နောက်ရဲဘော် နှစ်ဦး ဒဏ် ရာရတယ်”ဟု Mobye Local PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

လက်ရှိ ကရင်နီပြည်၏ ‘၁၁၁၁ စစ်ဆင်ရေး’တွင် ကရင်နီတပ်ပေါင်းစုများနှင့်အတူ ပါဝင်တိုက်ခိုက်​နေကြောင်းလည်း အသိပေးသည်။

မိုးဗြဲမြို့၌ စစ်ကောင်စီတပ်စွဲထားသည့် ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း၃၊ ပွဲကုန်း၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား၂ ကျေးရွာဒေသများရှိ စခန်း (၈)ခုကို ကရင်နီပူးပေါင်းတပ်များက ‘၁၁၁၁ စစ်ဆင်ရေး’အတွင်း ကနဦး သိမ်းပိုက်ထားနိုင်သည်။

Public Service Announcement

Public Service Announcement

ထို့အတူ မိုးဗြဲမြို့၏ စစ်ရေးအရအရေးပါသော စက်တော်ရာတောင် စစ်ကောင်စီစခန်းကုန်းကိုလည်း နိုဝင်ဘာ ၁၅ ရက်က သိမ်းပိုက်ခဲ့သည်။

သို့သော် မိုးဗြဲမြို့တွင် စစ်ကောင်စီအခြေစိုက် တပ်များကို သိမ်းပိုက်နိုင်ရန် ကရင်နီပူးပေါင်းတပ်က ကြိုးပမ်းနေဆဲ ဖြစ်သည်။

ထို့အပြင်မိုးဗြဲမြို့အတွင်း စစ်ကောင်စီထောင်ထားသည့် နင်းမိုင်းများကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူအချို့ရှိနေသောကြောင့် ဒေသခံများအနေဖြင့် နေအိမ်မျာသို့ မပြန်ကြသေးရန် ကရင်နီတပ်ပေါင်းစုက မေတ္တာရပ်ခံထားသည်။

နိုဝင်ဘာ ၁၈ ရက်ကလည်း မိုးဗြဲမြို့ ဒုန်းဒူထန့် ရပ်ကွက်မှ စစ်ရှောင်ပြည်သူတစ်ဦး နေအိမ်ရှိ စပါးပြန်သယ်စဥ် စစ်ကောင်စီထောင်ထားသည့် မိုင်းကိုနင်းမိ၍ ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

သတင်း

ကရင်နီပြည်ရှေ့တန်းမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေကို လူသားဒိုင်းသဖွယ်စတေးခံခိုင်းနေပြီး ဒီကနေ့ (ဩဂုတ် ၂၇ ရက်)မှာ မိုင်းရှင်းလင်းခိုင်းစဉ် မိုင်းထိပြီး စစ်မှုထမ်းတပ်သားသစ် ၃ဦးသေခဲ့တယ်လို့ ဖရီးဘားမားရိန်းဂျား (Free Burma Rangers - FBR) တာ၀န်ရှိသူ ကိုအောင်ဇေယျက ပြောပါတယ်။

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။