Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့တွင် စစ်ကောင်စီထောင်ထားသည့် နင်းမိုင်းများကြောင့် ဒေသခံများ နေအိမ်မပြန်ကြသေးရန် ကရင်နီတပ်ပေါင်းစု သတိပေး

မိုးဗြဲမြို့အတွင်း တစ်နှစ်ကျော်ကြာတပ်စွဲခဲ့သည့် စစ်ကောင်စီသည် လူနေရပ်ကွက်များအတွင်း နင်းမိုင်း ရာနှင့်ချီအသုံးပြုထားသည်ဟု ဆိုသည်။

(စစ်ကောင်စီထောင်ထားသည့် နင်းမိုင်းများကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိစဉ်။ ဓာတ်ပုံ - MBRT)
(စစ်ကောင်စီထောင်ထားသည့် နင်းမိုင်းများကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိစဉ်။ ဓာတ်ပုံ - MBRT)

မိုးဗြဲမြို့အတွင်း စစ်ကောင်စီထောင်ထားသည့် နင်းမိုင်းများကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူအချို့ရှိနေ၍ ဒေသခံများအနေဖြင့် နေအိမ်မပြန်ကြသေးရန် ကရင်နီတပ်ပေါင်းစု တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မိုးဗြဲမြို့အတွင်း တစ်နှစ်ကျော်ကြာတပ်စွဲခဲ့သည့် စစ်ကောင်စီသည် လူနေရပ်ကွက်များအတွင်း နင်းမိုင်း ရာနှင့်ချီအသုံးပြုထားသည်ဟု ဆိုသည်။

“တနေ့က(နိုဝင်ဘာ ၁၈ ရက်)ဆိုရင် ဒုန်းဒူထန့် ရပ်ကွက်က ပြည်သူတစ်ယောက် နေအိမ်ကို စပါးပြန်သယ်တဲ့အချိန် နင်းမိုင်းထိသွားပြီး ခြေထောက်တစ်ဖက် ပြတ်သွားရတယ်။ဒါကြောင့် အဆောတလျင်မပြန်ကြပါနဲ့ဦးလို့ မေတ္တာရပ်ခံလိုပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

မိုးဗြဲမြို့အပါအဝင် နီးစပ်သည့်နေရာများ၌ စစ် ကောင်စီတပ်စွဲထားသည့် ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း (၃)၊ ပွဲကုန်း (၁)၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား(၂) ကျေးရွာဒေသများရှိ စခန်း (၈)ခုကို ကရင်နီပူးပေါင်းတပ်များက ‘၁၁၁၁ စစ်ဆင်ရေး’အတွင်း ကနဦး သိမ်းပိုက်ထားနိုင်သည်။

Public Service Announcement

Public Service Announcement

ထို့အတူ မိုးဗြဲမြို့၏ စစ်ရေးအရ အရေးပါသော စက်တော်ရာတောင် စစ်ကောင်စီစခန်းကုန်းကိုလည်း နိုဝင်ဘာ ၁၅ ရက်က သိမ်းပိုက်ခဲ့သည်။

သို့သော် မိုးဗြဲမြို့တွင် စစ်ကောင်စီအခြေစိုက် တပ်များကို သိမ်းပိုက်နိုင်ရန် ကရင်နီပူးပေါင်းတပ်က ကြိုးပမ်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။