Connect with us

Hi, what are you looking for?

သတင်း

မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ယနေ့(ဒီဇင်ဘာလ ၇ရက်)နံနက်ပိုင်းတွင် မြို့တွင်းအခြေအနေငြိမ်သက်နေပြီး စစ်ကောင်စီကလည်း ၎င်းတို့တပ်စွဲထားသည့် နေရာများ၌သာ ရှိနေပြီး ယခင်ကကဲ့သို့ ပြင်ပသို့ ထွက်ခွာခြင်းမရှိဟု ‌ဒေသံခံများကပြောသည်။

(မြဝတီရဲစခန်းဆိုင်းဘုတ်ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(မြဝတီရဲစခန်းဆိုင်းဘုတ်ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

မြဝတီမြို့မှ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းကို KNLAနှင့် PDF ပူးပေါင်းတပ်က ယမန်နေ့(ဒီဇင်ဘာ ၆ )ည ၆နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြို့ခံများကပြောသည်။

“ခရိုင်ရုံးရော၊ ရဲစခန်းရော ဗုံးကျဲတာ။ တစ်မြို့လုံး ကြားရတယ်။ သူတို့(စစ်ကောင်စီ)ဘန်ကာ ပြိုတယ်”ဟု ခရိုင်ရုံးအနီး နေသူတစ်ဦးကပြောသည်။

ပြိုကျသွားသော ဘန်ကာသည် စစ်ကောင်စီက သိန်းတစ်ထောင်ကျော် အကုန်ခံ၍ တည်ဆောက်ထားသည့် ဘန်ကာဟု PDF ရဲဘော်တစ်ဦးကပြောသည်။ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု ရှိ ၊မရှိကိုမူ မသိရသေးပေ။

ယနေ့(ဒီဇင်ဘာလ ၇ရက်)နံနက်ပိုင်းတွင် မြို့တွင်းအခြေအနေငြိမ်သက်နေပြီး စစ်ကောင်စီကလည်း ၎င်းတို့တပ်စွဲထားသည့် နေရာများ၌သာ ရှိနေပြီး ယခင်ကကဲ့သို့ ပြင်ပသို့ ထွက်ခွာခြင်းမရှိဟု ‌ဒေသံခံများကပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မြ၀တီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာစစ်ကောင်စီယာယီတပ်ရင်းမှူးဗိုလ်မှူးနှင့်မြ၀တီခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် ငါးဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

Facebook