Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ယနေ့(ဒီဇင်ဘာလ ၇ရက်)နံနက်ပိုင်းတွင် မြို့တွင်းအခြေအနေငြိမ်သက်နေပြီး စစ်ကောင်စီကလည်း ၎င်းတို့တပ်စွဲထားသည့် နေရာများ၌သာ ရှိနေပြီး ယခင်ကကဲ့သို့ ပြင်ပသို့ ထွက်ခွာခြင်းမရှိဟု ‌ဒေသံခံများကပြောသည်။

(မြဝတီရဲစခန်းဆိုင်းဘုတ်ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(မြဝတီရဲစခန်းဆိုင်းဘုတ်ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

မြဝတီမြို့မှ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းကို KNLAနှင့် PDF ပူးပေါင်းတပ်က ယမန်နေ့(ဒီဇင်ဘာ ၆ )ည ၆နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြို့ခံများကပြောသည်။

“ခရိုင်ရုံးရော၊ ရဲစခန်းရော ဗုံးကျဲတာ။ တစ်မြို့လုံး ကြားရတယ်။ သူတို့(စစ်ကောင်စီ)ဘန်ကာ ပြိုတယ်”ဟု ခရိုင်ရုံးအနီး နေသူတစ်ဦးကပြောသည်။

ပြိုကျသွားသော ဘန်ကာသည် စစ်ကောင်စီက သိန်းတစ်ထောင်ကျော် အကုန်ခံ၍ တည်ဆောက်ထားသည့် ဘန်ကာဟု PDF ရဲဘော်တစ်ဦးကပြောသည်။ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု ရှိ ၊မရှိကိုမူ မသိရသေးပေ။

ယနေ့(ဒီဇင်ဘာလ ၇ရက်)နံနက်ပိုင်းတွင် မြို့တွင်းအခြေအနေငြိမ်သက်နေပြီး စစ်ကောင်စီကလည်း ၎င်းတို့တပ်စွဲထားသည့် နေရာများ၌သာ ရှိနေပြီး ယခင်ကကဲ့သို့ ပြင်ပသို့ ထွက်ခွာခြင်းမရှိဟု ‌ဒေသံခံများကပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မြ၀တီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာစစ်ကောင်စီယာယီတပ်ရင်းမှူးဗိုလ်မှူးနှင့်မြ၀တီခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် ငါးဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မဲဆောက်မြို့ကို အဝင်ပိတ်ထားမှုကြောင့် အလုပ်လုပ်ကိုင်ရန် သွားရောက်သူတွေအနေနဲ့ အခက်ကြုံရတယ်လို့လည်း ရွှေ့ပြောင်းလုပ်သားတွေက ပြောပါတယ်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။