Connect with us

Hi, what are you looking for?

သတင်း

စစ်ရှောင်တွေကိုကူဖို့ စစ်ကောင်စီနဲ့ ပေါင်းပြီးအထူးအဖွဲ့(aid task force) ဖွဲ့စည်းမယ်လို့ ထိုင်းထုတ်ပြန်

တရုတ်နိုင်ငံမှာ ကျင်းပတဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနဲ့ ထိုင်းအစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီး ပန်ပရီ ဘာဟစ်ဒ်ဟာ နူကာရာတို့ တွေ့ဆုံပြီးတဲ့နောက် အခုကိစ္စကို ဆွေးနွေးဖြစ်ခဲ့တာပါ။

(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းကရင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့​သောတိုက်ပွဲများ​ကြောင့် ​ထိုင်းနယ်စပ်သို့ ထွက်​ပြေးတိမ်း​ရှောင်ခဲ့​သော စသ်​ပြေးဒုက္ခသည်များ။ဓါတ်ပုံ-Karen Women Organization)
(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းကရင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့​သောတိုက်ပွဲများ​ကြောင့် ​ထိုင်းနယ်စပ်သို့ ထွက်​ပြေးတိမ်း​ရှောင်ခဲ့​သော စသ်​ပြေးဒုက္ခသည်များ။ဓါတ်ပုံ-Karen Women Organization)

ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ စစ်ရှောင်ပြည်သူတွေကို ထိထိရောက်ရောက် အကူအညီပေးဖို့ မြန်မာ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ထောက်ပံ့ရေး အထူးအဖွဲ့တခု ဖွဲ့စည်းသွားမယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောတယ်လို့ရိုက်တာ သတင်းဌာနက​ဖော်ပြပါတယ်။

အဲဒီ အထူးအဖွဲ့ (aid task force)မှာ တခြား ထောက်ပံ့ရေး အေဂျင်စီတွေနဲ့ပါ ချိတ်ဆက်ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသမှာ အကူအညီ လိုအပ်နေတဲ့ စစ်ရှောင်တွေအတွက် လူသားချင်း စာနာမှု အထောက်အပံ့တွေ ထိထိရောက်ရောက် ပေးပို့သွားနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဒီဇင်ဘာ ၈ ရက် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို aid task force ဖွဲ့စည်းမယ့် အစီအစဉ်ဟာ အာဏာသိမ်း စစ်တပ်၊ အာဆီယံနဲ့ နိုင်ငံတကာ အသိုက်အဝန်းတွေကြား အပြုသဘောဆောင်တဲ့ သုံးပွင့်ဆိုင် ထိတွေ့ ပေါင်းကူးမှုတွေ တည်ဆောက်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ထိုင်းက ဆိုပါတယ်။

လက်ရှိ အခြေအနေအရ အာဏာသိမ်း မြန်မာစစ်တပ်ဟာ နိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တဲ့ နောက်ပိုင်းကာလတလျှောက် စစ်ရေးအရ အကြီးကျယ်ဆုံး အထိအခိုက်တွေနဲ့ ကြုံနေရပါတယ်။ နိုင်ငံအနှံ့မှာ ကွဲပြားစုံလင်တဲ့ တော်လှန်ရေး အင်အားစုတွေက စစ်တပ်ကို တပြိုင်တည်းလိုလို ထိုးစစ်ဆင်နေတာကြောင့် စစ်မျက်နှာ ပေါင်းစုံမှာ ဗျာများနေပြီး အရေးပါတဲ့ အခြေစိုက် စခန်းတွေနဲ့ မြို့တွေကိုပါ စစ်တပ်က လက်လွတ် ဆုံးရှုံးနေပါတယ်။

Public Service Announcement

Public Service Announcement

တချိန်တည်းမှာပဲ အောက်တိုဘာလ နှောင်းပိုင်းကစလို့ ရုတ်တရက် အရှိန်တက်လာတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံမှာ စစ်ရှောင်ဦးရေ ၃ သိန်းကျော် ထပ်တိုးလာကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်း နိုင်ငံအနှံ့ စစ်ရှောင် အရေအတွက်ဟာ ၂ သန်းကျော်လွန်လာပြီ ဖြစ်ပါတယ်။

Aid task force ဖွဲ့စည်းမယ့် ကိစ္စနဲ့ ပတ်သက်လို့ မြန်မာ (စစ်ကောင်စီ)ဖက်က ထိုင်းကို လုပ်ငန်း အကောင်အထည်ဖော်ရေး ကိုယ်စားလှယ် အဖွဲ့တခု စေလွှတ်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။ ကနဦးအဆင့် လုပ်ငန်း လည်ပတ်မှုတွေ အောင်မြင်မယ်ဆိုရင် တခြား ထောက်ပံ့ရေး အေဂျင်စီတွေကိုပါ ဖိတ်ခေါ်သွားမယ်လို့ ထိုင်းဖက်က ပြောပါတယ်။

တရုတ်နိုင်ငံမှာ ကျင်းပတဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနဲ့ ထိုင်းအစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီး ပန်ပရီ ဘာဟစ်ဒ်ဟာ နူကာရာတို့ တွေ့ဆုံပြီးတဲ့နောက် အခုကိစ္စကို ဆွေးနွေးဖြစ်ခဲ့တာပါ။

ထိုင်းရဲ့ ထုတ်ပြန် ကြေညာချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီကတော့ လောလောဆယ် မှတ်ချက် မပေးသေးပါဘူး။ လောလောဆယ်တော့ အာဏာသိမ်း စစ်တပ်ကို ထိုင်းနဲ့ တရုတ်တို့က တရားဝင် အသိအမှတ် မပြုတဲ့တိုင် နီးစပ်တဲ့ ဆက်ဆံရေးမျိုး ထူထောင်ထားပြီး အာဆီယံ အဖွဲ့ကတော့ အရေးကြီးတဲ့ အစည်းအဝေးတွေမှာ စစ်ကောင်စီ တက်ရောက်ခွင့်ကို ငြင်းပယ်ထားပါတယ်။

ကိုးကား- ရိုက်တာ

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။