Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲတွေကြောင့် ရှမ်းမြောက်မှာ စစ်ရှောင်ပြည်သူ ၂ သောင်းကျော်လာ

လားရှိုး ၊ သိန္နီ၊ကွတ်ခိုင် ၊နမ့်ခမ်း ၊ကျောက်မဲ ၊နောင်ချို စတဲ့ မြို့တွေက ဒေသခံ ပြည်သူ တွေ ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

စစ်ရှောင်ပြည်သူတွေကိုတွေ့ရစဉ်
စစ်ရှောင်ပြည်သူတွေကိုတွေ့ရစဉ်

ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ရသူ ပြည်သူ ဦးရေ ၂ သောင်းကျော် ရှိလာပြီလို့ သျှမ်းကျောင်းသားသမဂ္ဂထံကသိရပါတယ်။

လားရှိုး ၊ သိန္နီ၊ကွတ်ခိုင် ၊နမ့်ခမ်း ၊ကျောက်မဲ ၊နောင်ချို စတဲ့ မြို့တွေက ဒေသခံ ပြည်သူ တွေ ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

” တောတောင်ထဲမှာ၊ကျေးရွာတွေထဲမှာ ပုန်းနေရပြီးပိတ်မိနေတဲ့ပြည်သူတွေလဲ သောင်းချီရှိနေပါတယ်” လို့ သျှမ်းကျောင်းသားသမဂ္ဂက တာဝန်ရှိသူက ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေကိုတွေ့ရစဉ်
စစ်ရှောင်ပြည်သူတွေကိုတွေ့ရစဉ်

လက်ရှိမှာ သန္နီ၊ လားရှိုး ၊ ကျောက်မဲ၊ နမ့်ခမ်းမြို့တွေမှာစစ်ရှောင်စခန်းတွေဖွင့်လှစ်ထားပြီး လူဦးရေများပြားနေမှုကြောင့် စစ်ရှောင်လက်ခံနိုင်ဖို့ နေရာအသစ်တွေထပ်မံလိုအပ်နေတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

လားရှိုးရှိ စစ်ရှောင်စခန်း၈ခုမှာ လူဦးရေ ၄,၀၀၀နီးပါး ရှိပြီး နီးစပ်ရာတောတွေထဲမှာတိမ်းရှောင်နေသူတွေလည်းရှိနေပါတယ်။

ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာဘုန်းကြီးကျောင်းမှာ စစ်ရှောင် ၃၀၀ကျော်ရှိပြီး ပိတ်မိနေသူတွေလည်းရှိနေပါတယ်။

နမ့်ခန်းမြို့မှာလည်း တိုက်ပွဲတွေရှိနေပြီး အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းဖြတ်တောက်ထားလို့ အရပ်သားထိခိုက်မှုနဲ့ စစ်ရှောင်တွေရဲ့ သတင်း အတိအကျ သိရဖို့ ခက်ခဲနေပါတယ်။

စစ်ရှောင်ပြည်သူတွေကိုတွေ့ရစဉ်
စစ်ရှောင်ပြည်သူတွေကိုတွေ့ရစဉ်

ရန်ကုန်မြို့မှာရှိတဲ့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) ကရှမ်းမြောက် တိုက်ပွဲတွေကြောင့် ရာနဲ့ချီတဲ့ ပြည်သူတွေဟာ တရုတ်နိုင်ငံဘက်ကို တိမ်းရှောင်ဖို့ နယ်စပ်ဖြတ်ကျော်တာတွေရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကုလရဲ့စာရင်းအရတော့ ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးစပြီး ၄ ရက်အကြာ အောက်တိုဘာလ ၃၀ ရက်အထိ ရှမ်းမြောက်မှာ လူဦးရေ ၆,၀၀၀ကျော်နေရပ်စွန့်ခွာရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ − Tai Students’ Union

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။