Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရဟတ်ယာဉ် ပစ်ချမှုတွင်စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ် ၁ဦး၊ ဗိုလ်မှူး ၃ဦးနှင့် ဗိုလ်ကြီး ၁ဦးသေဟု KNU ထုတ်ပြန်

ယမန်နေ့( ဇန်နဝါရီလ၂၉) ရက် မွန်းလွဲ ၂နာရီဝန်းကျင်တွင် စစ်ကောင်စီရဟတ်ယာဉ်ကို KNU ဒူးပလာယာခရိုင် ၊ တပ်မဟာ(၆)နယ်မြေ မြ၀တီမြို့အနီး၌ ပစ်ချခဲ့ခြင်းဖြစ်​​ကြောင်းအသိပေးသည်။

(စစ်​ကောင်စီ ရဟတ်ယာဥ်ပျက်ကျပြီး​တွေ့ရစဥ်။ ဓါတ်ပုံ-KNU)
(စစ်​ကောင်စီ ရဟတ်ယာဥ်ပျက်ကျပြီး​တွေ့ရစဥ်။ ဓါတ်ပုံ-KNU)

စစ်ကောင်စီတပ်၏ Eurocopter 365 ရဟတ်ယာဉ်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A) တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ပစ်ချ ဖျက်စီးနိုင်ခဲ့ရာ ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် စစ်ကောင်စီ အရာရှိ ၅ ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က အတည်ပြုထုတ်ပြန်သည်။

ယမန်နေ့( ဇန်နဝါရီလ၂၉) ရက် မွန်းလွဲ ၂နာရီဝန်းကျင်တွင် စစ်ကောင်စီရဟတ်ယာဉ်ကို KNU ဒူးပလာယာခရိုင် ၊ တပ်မဟာ(၆)နယ်မြေ မြ၀တီမြို့အနီး၌ ပစ်ချခဲ့ခြင်းဖြစ်​​ကြောင်းအသိပေးသည်။

စစ်ကောင်စီတပ် အမှတ် (၃၂) ဗျူဟာပူးပေါင်းတပ်ဖွဲ့မှ မြဝတီမြို့၊ သင်္ကန်းညီနောင် အခြေစိုက် ခမရ (၃၅၆) တပ်ရင်းသို့ တာဝန်ချိန်းပြောင်းရန် လာသော မော်လမြိုင် ရတခ(အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တက်လာသည့် ရဟတ်ယာဉ် ၂စီးကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ Mi – 35P Attack Helicopter နှင့် Eurocopter 365 (၁) စီးတို့အား တိုက်ခိုက်ရာEurocopter 365 (၁) စီးအား ပစ်ချနိုင်ခဲ့ပြီး ရဟတ်ယာဥ်တွင် လိုက်ပါလာသော ဗိုလ်မှူးချုပ် အေးမင်းနောင် နှင့် ဗိုလ်မှူး (၃) ဦး ၊ဗိုလ်ကြီး (၁) ဦး စုစုပေါင်း (၅) ဦး သေဆုံးပြီး (၁) ဦး ဒဏ်ရာရခဲ့သည်ဟု KNU ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဗိုလ်မှူးချုပ်​အေးမင်း​နောင်မှာရာထူးတိုးဖြင့် ​ပြောင်း​ရွေ့လာစဥ် ယခုကဲ့သို့တိုက်ခိုက်ခံရပြီး​သေဆုံးခဲ့ခြင်းဖြစ်သည်။

သတင်းထုတ်ပြန်ချက်နှင့်အတူ ပျက်ကျခဲ့သည့် ရဟတ်ယာဉ်ကို အနီးကပ် ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံကိုလည်း ဖော်ပြသည်။

ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်စဉ်၊ ထိခိုက်သေဆုံးမှု အခြေအနေ သတင်းအချက်အလက်နှင့် ဓာတ်ပုံမှာ (K.N.L.A) တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ပေးပို့ခြင်းဖြစ်ကြောင်းလည်း KNU ဗဟိုက ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ တာဝန်ရှိသူတစ်ဦးကလည်းEurocopter ရဟတ်ယာဉ် အား ယ​နေ့(ဇန်နဝါရီ ၂၉) မွန်းလွဲ ၂နာရီ ခွဲတွင် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃)၊ KNLA/PDF ပူးပေါင်းစစ်ကြောင်းဖြစ်သည့် ကော်ဘရာစစ်ကြောင်းက Missile၊ ပွိုင့် 5၊ စနိုက်ပါ အစရှိသည့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ Eurocoper ရဟတ်ယာဥ်​၏ လေယာဉ်မှူးကို ထိမှန်ပြီး ရဟတ်ယာဉ်ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

အဆိုပါရဟတ်ယာဉ်သည်စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၁ ဒီဇင်ဘာလ ၁၆ရက်က တပ်တော်ဝင်ခဲ့သည့် Eurocopter AS 365 Dauphin အမျိုးအစားဖြစ်သည်။

ထိုရဟတ်ယာဉ်သည်၂၀၂၁ ဒီဇင်ဘာလ ၁၆ရက်က စစ်ကောင်စီကာပြုလုပ်ခဲ့သည့် ၇၄ နှစ်မြောက် တပ်မတော်လေနေ့၌ တပ်တော်ဝင်ခဲ့သည့် ဘက်စုံသုံးရဟတ်ယာဥ်ဖြစ်ကြောင်း စစ်ရေးလေ့လာသူတစ်ဦးကပြောသည်။ ထိုရဟတ်ယာဉ်သည် ပြင်သစ်နိုင်ငံထုတ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ကိုးသန်းခန့် တန်ကြေးရှိပြီး သယ်ယူပို့​ဆောင်​ရေးရဟတ်ယာဥ်ဖြစ်သည်။

၂၀၂၁ဒီဇင်ဘာလ ၁၆ရက်က စစ်ကောင်စီကာပြုလုပ်ခဲ့သည့် ၇၄ နှစ်မြောက် တပ်မတော်လေနေ့၌ စစ်ခေါင်း‌‌ဆောင်က တပ်တော်ဝင်လေယာဉ်များကို အမွှေးရည် ဖြန်းခဲ့သေးသည်။ ထို့အပြင် Eurocopter AS 365 Dauphin အမျိုးအစားရဟတ်ယာဉ်သည် အဓိကပုဂ္ဂိုလ်သယ်ဆောင်ရာ၌လည်း အသုံးပြုကြောင်း ထိုနေ့ကသတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ရဟတ်ယာဉ်သည် ခမရ(၃၅၆) တပ် ရင်းဌာနချုပ်သို့ ဆင်းသက်စဥ် ကော်ဘရာစစ်ကြောင်းကစက်သေနတ်ဖြင့် ကြိုတင်စောင့်ဆိုင်း ပစ်ခတ်ခြင်းဖြစ်ကြောင်း နှင့် ရဟတ်ယာဥ်လာရောက်မည့် ခရီးစဥ် သတင်းပေါက်ကြားမှု ရှိနိုင်ကြောင်း ရေးသားဖော်ပြနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။