Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆီဆိုင်မြို့ တိုက်ပွဲ စစ်ကောင်စီတပ် အလောင်း ၅၀ ခန့်နှင့် လက်နက် ၅၀ခန့်သိမ်းရဟု PNLA ထုတ်ပြန်

ဆီဆိုင်မြို့ရှိစစ်တပ်စခန်းနှင့် ရဲစခန်းများကိုတိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်နိုင်ပြီဖြစ်​ကြောင်း PNLA ကဇန်နဝါရီ ၁၈ ရက်တွင်​ကြေညာခဲ့သည်။

(ဆီဆိုင်မြို့အတွင်း PNLA တပ်ဖွဲ့ဝင်များကို မြို့အားထိန်းချုပ်လိုက်ပြီး​နောက်​တွေ့ရစဥ်/ စစ်​ကောင်စီက ဗုံကြဲ​သော​ကြောင့် လွယ်ထွဲဘုန်းတော်ကြီးကျောင်း ပျက်စီး​နေမှု။ ဓါတ်ပုံ-PNLA news & info)
(ဆီဆိုင်မြို့အတွင်း PNLA တပ်ဖွဲ့ဝင်များကို မြို့အားထိန်းချုပ်လိုက်ပြီး​နောက်​တွေ့ရစဥ်/ စစ်​ကောင်စီက ဗုံကြဲ​သော​ကြောင့် လွယ်ထွဲဘုန်းတော်ကြီးကျောင်း ပျက်စီး​နေမှု။ ဓါတ်ပုံ-PNLA news & info)

▪︎ကျောက်တလုံးကြီးနှင့် ဟိုပုံးတွင် PNOက PNLA အမည် တလွဲသုံးပြီး စစ်ကောင်စီအတွက် တပ်ဖွဲ့ဝင်သစ်များ လိမ်ညာစုဆောင်းနေဟု အသိပေး

▪︎လုံခြုံ​ရေးအားနည်း​နေ​သေး၍ မြို့အတွင်းသို့ ဝင်ရောက်ခြင်း နေအိမ်ပြန်ကြည့်ခြင့်း ပစ္စည်းများပြန်သယ်ခြင်းများ မပြုလုပ်ကြသေးရန် မေတ္တာရပ်ခံ

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က ဆီဆိုင်မြို့ နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်၏ အလောင်းများစွာနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ဟု PNLAက ယနေ့ သတင်းထုတ်ပြန်သည်။

ဆီဆိုင်မြို့ကို PNLAက တိုက်ခိုက်သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီက လေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူများ သုံးပြီး တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာဇန်နဝါရီလ ၃၀ ရက်တွင် ဆီဆိုင်မြို့မြောက်ဘက် တနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားပြီး နယ်မြေရှင်းလင်းရာစစ်ကောင်စီအလောင်း ၅၀ ခန့်ကျန်ရှိပြီး လက်နက် ၅၀ ခန့်ကိုလည်း သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်သည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

(ဆီဆိုင်မြို့အတွင်း PNLA တပ်ဖွဲ့ဝင်များကို မြို့အားထိန်းချုပ်လိုက်ပြီး​နောက်​တွေ့ရစဥ်/ စစ်​ကောင်စီက ဗုံကြဲ​သော​ကြောင့် လွယ်ထွဲဘုန်းတော်ကြီးကျောင်း ပျက်စီး​နေမှု။ ဓါတ်ပုံ-PNLA news & info)
(ဆီဆိုင်မြို့အတွင်း PNLA တပ်ဖွဲ့ဝင်များကို မြို့အားထိန်းချုပ်လိုက်ပြီး​နောက်​တွေ့ရစဥ်/ စစ်​ကောင်စီက ဗုံကြဲ​သော​ကြောင့် လွယ်ထွဲဘုန်းတော်ကြီးကျောင်း ပျက်စီး​နေမှု။ ဓါတ်ပုံ-PNLA news & info)

စစ်​ကောင်စီ ဝါဒဖြန့် တယ်လီဂရန်် ချနိနယ်လ်များကမူ ဆီဆိုင်မြို့ ရှိ PNLA တပ်စွဲရာ​နေရာများကို စစ်​ကောင်စီတပ် နှင့် PNO/PNA ပြည်သူ့စစ်တို့ကတိုက်ခိုက်ပြီး​နေရာအချို့ကိုပြန်ထိန်းချုပ်နိုင်​ကြောင်း ဇန်နဝါရီ ၃၀ ရက်တွင် ​ရေးသားဝါဒဖြန့်​နေကြသည်။

သို့​သော် ဆီဆိုင်မှ ​ဒေသခံတစ်ဦးက မြို​မြောက်ပိုင်းတွင်တိုက်ပွဲဖြစ်ပွား​သော်လည်း မြို့ကို PNLA နှင့်​တော်လှန်​ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ဆဲဖြစ်​ကြောင်း​ပြောသည်။

စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ်တို့သည် ပအိုဝ်းဒေသ ပအိုဝ်းကျေးရွာများအား လက်နက်ကြီးများ လေယာဉ်များ အသုံးပြုပစ်ခတ်ပြီး ဖျက်စီးနေလျက်ရှိကြောင်း ဖော်ပြသည်။

(ဆီဆိုင်မြို့အတွင်း PNLA တပ်ဖွဲ့ဝင်များကို မြို့အားထိန်းချုပ်လိုက်ပြီး​နောက်​တွေ့ရစဥ်/ စစ်​ကောင်စီက ဗုံကြဲ​သော​ကြောင့် လွယ်ထွဲဘုန်းတော်ကြီးကျောင်း ပျက်စီး​နေမှု။ ဓါတ်ပုံ-PNLA news & info)
(ဆီဆိုင်မြို့အတွင်း PNLA တပ်ဖွဲ့ဝင်များကို မြို့အားထိန်းချုပ်လိုက်ပြီး​နောက်​တွေ့ရစဥ်/ စစ်​ကောင်စီက ဗုံကြဲ​သော​ကြောင့် လွယ်ထွဲဘုန်းတော်ကြီးကျောင်း ပျက်စီး​နေမှု။ ဓါတ်ပုံ-PNLA news & info)

ဇန်နဝါရီ ၃၀ ညတွင် တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိ၊ PNLA လည်းမရှိဘဲ ဆီဆိုင်မြို့နယ် လွယ်ထွဲကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပအိုဝ်းတို့အထွဋ်အမြတ်ထားရာဖြစ်သည့် လွယ်ထွဲဘုန်းတော်ကြီးကျောင်း ပျက်စီးခဲ့ရဟု အသိပေးသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် တောင်ကြီးမြို့နယ် ကျောက်တလုံးဒေသနှင့် ဟိုပုံးမြို့နယ်တို့တွင် မိမိတို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ၏ အမည်ကို အလွဲသုံးစားပြုပြီး စစ်ကောင်စီအတွက် တပ်ဖွဲ့ဝင်သစ်များကို လိမ်လည်စုဆောင်းနေသည်ဟုလည်း ထုတ်ပြန်သည်။ PNO ပြည်သူ့စစ်သည် စစ်ကောင်စီတပ်နှင့် ပူးပေါင်း ပြီး PNLAကို တိုက်ခိုက်နေခြင်းဖြစ်သည်။

PNLA အနေဖြင့် အဆိုပါဒေသများ၌ တပ်ဖွဲ့ဝင်အသစ်များ စုဆောင်းခြင်း မရှိကြောင်း ပြည်သူများကို PNLAက အသိပေးသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် ဆီဆိုင်မြို့နှင့်ပအိုဝ်းဒေသကို ဗုံးကြဲတိုက်ခိုက်ခြင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် မြို့တွင်းအခြေအနေသည် လုံခြုံမှုအားနည်းနေဆဲဖြစ်၍ ပြည်သူများအနေဖြင့် မြို့အတွင်းသို့ ဝင်ရောက်ခြင်း နေအိမ်ပြန်ကြည့်ခြင့်း ပစ္စည်းများပြန်သယ်ခြင်းများ မပြုလုပ်ကြသေးရန် မေတ္တာရပ်ခံထားသည်။

ထို့ပြင် လုံခြုံဘေးကင်းသည့် နေရာများတွင် ခေတ္တခိုလှုံနေထိုင်ကြရန် လည်း PNLAကတိုက်တွန်းသည်။

ပအိုဝ်းဒေသ ထာဝရ လုံခြုံဘေးကင်းရေး ပြည်သူများလွတ်လပ်လုံခြုံစွာသွားလာနေထိုင်နိုင်ရေးတွက် လုံခြုံရေးဆိုင်ရာလှုပ်ရှားမှုကို ပြုလုပ်ရာတွင် စစ်ကောင်စီကြောင့် ပြည်သူများ ထိခိုက်နိုင်သည်ကို သိရှိနားလည်ပါသော်လည်း ပိုမိုဆိုးရွားသည့် စစ်အာဏာရှင်လက်အောက်တွင် မိမိတို့ပြည်သူကို မစတေးနိုင်သဖြင့် ယခုနည်းလမ်းကိုရွေးချယ်ရခြင်းဖြစ်ကြောင်း PNLAက စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းကို ထပ်လောင်းအသိပေးသည်။

ထို့ကြောင့် တန်းတူညီမျှရေးကို အပြည့်အဝ အာမခံသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအတွင်း ထာဝရတည်ငြိမ်အေးချမ်းသည့်လူမှုဘဝကို တည်ဆောက်နိုင်ရေး လက်ရှိအခြေအနေကို ပြည်သူလူထုများမှ နာလည်ပြီး ဘေးကင်းလုံခြုံရာတွင်ခေတ္တယာယီခိုလှုံကြပါရန် တိုက်တွန်းထားသည်။

ဆီဆိုင်မြို့ရှိစစ်တပ်စခန်းနှင့် ရဲစခန်းများကိုတိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်နိုင်ပြီဖြစ်​ကြောင်း PNLA ကဇန်နဝါရီ ၁၈ ရက်တွင်​ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။