Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရခိုင်မြို့နယ်သုံးခုရှိ စကခ(၉)လက်အောက်ရှိ စစ်ကောင်စီတပ်ရင်း ၁၀ရင်းလုံး သိမ်းယူနိုင်ရေး AAက ထိုးစစ်ဆင်နေ

စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းများနှင့် စစ် လက်နက်အကြွင်းအကျန်ပစ္စည်းများသည် အချိန်မရွေးပေါက်ကွဲစေတတ်သောကြောင့် စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ကြီးကျည်ဆံများကို ကိုင်တွယ်ခြင်း၊ ထုနှက်ခြင်းနှင့် ဆော့ကစားခြင်းများမပြုလုပ်ကြရန်ကိုလည်း ထပ်မံ သတိပေးခဲ့သည်။

(မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၄၀) တပ်ရင်းတစ်ရင်းလုံးအား ဇန်နဝါရီ ၃၀ရက်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ် ချေမှုန်း သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - AAInfoDesk)
(မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၄၀) တပ်ရင်းတစ်ရင်းလုံးအား ဇန်နဝါရီ ၃၀ရက်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ် ချေမှုန်း သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - AAInfoDesk)

▪️ရက္ခိုင်ဒေသတစ်ခုလုံးကို AAက ထိန်းချုပ်ရယူသွားမည်ဟု ထပ်မံအသိပေး

ရက္ခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များအတွင်းရှိ အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၉) လက်အောက်ခံ တပ်ရင်း ၁၀ခုလုံး သိမ်းနိုင်ရေး ရက္ခိုင့်တပ်တော် (AA)က ထိုးစစ်ဆင်နေကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်အသိပေးသည်။

၁၀၂၇ စစ်ဆင်ရေး ၉၉ရက်မြောက်နေ့ ဖေဖော်ဝါရီ ၂ရက် စစ်ရေးအခြေအနေများ အသိပေးရာ စစ်ရှိန်မြင့်တက်နေသည့် ရက္ခိုင်‌ဒေသအတွင်း စစ်ရေးအခြေအနေများကို အသိပေးခြင်းဖြစ်သည်။

စစ်ကောင်စီ၏ စကခ (၉) လက်အောက်ခံတပ်ရင်း ၁၀ရင်းရှိရာ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် ရှိကြသော စစ်ကောင်စီ၏ ဒေသအခြေစိုက်တပ်ရင်းများထဲမှ တစ်ဝက်တစ်ပျက်သိမ်းပိုက်ရန်သာကျန်ရှိနေသေးသည့် ခမရတပ်ရင်းအချို့အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြသည်။

AA အနေဖြင့် ပြီးခဲ့သည့် ရက်များအတွင်းက စကခ(၉)လက်အောက်ရှိ မြောက်ဦးအခြေစိုက် ခမရ(၅၄၀)တပ်ရင်း၊ မင်းပြားအခြေစိုက် ခမရ(၃၈၀)တပ်ရင်းနှင့် ကျောက်တော် အခြေစိုက် (၃၇၄)တပ်ရင်းတို့ကို သိမ်းပိုက်ထားပြီး ကျန်တပ်ရင်းများ သိမ်းနိုင်ရေး ထိုးစစ်ဆင်နေဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့တွင် ရမ်းဗြဲကျွန်းပေါ်၌ ဖြစ်ပွားလျက်ရှိသောတိုက်ပွဲကိုလည်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်ခဲ့ပြီး ရမ်းဗြဲကျွန်း၌ နေရာအနှံ့တွင် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။

စစ်ကောင်စီဖက်မှလည်း ရမ်းဗြဲမြို့ပေါ်သို့ လေကြောင်း၊ ရေကြောင်းအပြင် လက်နက်ကြီးများဖြင့် စုပြုံပစ်ပြီး ရမ်းဗြဲမြို့အားရည်ရွယ်ချက် ရှိရှိ ဖျက်ဆီးတိုက်ခိုက်လျက်ရှိကြောင်း၊ ရမ်းဗြဲမြို့တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်၏ ထိုးစစ်အောက်တွင် ရမ်းဗြဲမြို့နှင့် အနီးတစ်ဝိုက်၌ နေရာယူတပ်စွဲထားသည့် စစ်ကောင်စီ၏ တပ်စခန်းများသည် ဗျူဟာမြောက်စွာ ဝန်းရံပိတ်ဆို့ခံထားပြီးဖြစ်ကြောင်း ဖော်ပြသည်။

ယမန်နေ့တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်၊ Mi-35 ရဟတ်ယာဉ်ဖြင့် လေးကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် တစ်ပြိုင်နက်တည်း၌ပင် တန်းချောင်းဝရှိ ရန်သူ့နေဗီသင်္ဘောမှလည်း မြို့နှင့် အနီးအနားနေရာများသို့ လက်နက်ကြီးများဖြင့် (၁၀) ကြိမ်ထက်မနည်း အဆက်မပြတ်ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ရေးအထိနာနေသည့် စစ်ကောင်စီက မြို့၊ ရပ်ရွာများအား ပြိုပျက်စေရန် တမင်ပစ်ခတ် တိုက်ခိုက်ခြင်းများသည် အငြိုးအတေးကြီးစွာဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြသည်။

ရက္ခိုင့်တပ်တော်သည် ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို တစ်ခုမကျန် အပြီးသတ်သိမ်းပိုက်ရယူလိုက်ပြီးသည့်နောက်ပိုင်းတွင် မြောက်ဦး၊ ကျောက်တော်၊ မင်းပြားမြို့များမှ စစ်ကောင်စီ၏ ဒေသအခြေစိုက်တပ်ရင်းများ၊ တပ်မဌာနချုပ်၊ အမြောက်တပ်စခန်းများနှင့် ရဲတပ်ရင်းဌာနချုပ် များကိုပါ မဟာဗျူဟာမြောက်စွာ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ထို့ပြင် ပေါက်တောမြို့ပေါ်တိုက်ပွဲ (မြို့သိမ်း တိုက်ပွဲ)တွင်လည်း AAက အောင်မြင်မှုရရှိခဲ့သည်။

စစ်ရေးအရ ရက္ခိုင်ဒေသတစ်ခုလုံးကို ရက္ခိုင့်တပ်တော်မှ မိမိတို့ နဂိုသတ်မှတ်ထားသည့်အတိုင်း၊ ရည်ရွယ်ဆုံးဖြတ်ထားသည့်အတိုင်း ပြီးပြည့်စုံအောင်ထိန်းချုပ်ရယူနိုင်ရန်အတွက် ဆက်လက်ကြိုးစားတိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း AAစစ်သေနာပတိချုပ်က BBCနှင့် အင်တာဗျူးတွင် အတိအလင်း ပြောကြားထားကြောင်းလည်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

ရှမ်းမြောက်ဒေသ၌ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် ကိုးကန့်နှင့် တအာင်းဒေသများ၌ နှစ်ဖက်စလုံးမှ ထိုးစစ်ဆင်တိုက်ခိုက်မှုများမရှိသောကြောင့် ကြီးမားသောတိုက်ပွဲများမရှိခဲ့ဘဲ ခေတ္တငြိမ်သက်နေခဲ့သည်ဟု အသိပေးသည်။

သို့ရာတွင် တအာင်းဒေသရှိ နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးရပ်ကွက်တွင် စစ်ကောင်စီထောင်ထားခဲ့သည့် မိုင်းထိ၍ ကလေးငယ်သုံးဦး သေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီသည် စစ်ပွဲအတွင်း လိုက်နာကျင့်သုံးရမည့် ဂျနီဗာကွန်ဗင်းရှင်းကို လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်လေ့ရှိပြီး မြေမြှုပ်မိုင်း၊ နင်းမိုင်း၊ စွန့်လွှတ်မိုင်း၊ တိုက်မိုင်းနှင့် ထောင်မိုင်းများကို ၎င်းတို့၏ တပ်စခန်းများအနီး၌သာမက အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများ၊ စာသင်ကျောင်းများနှင့် သာသနိကအဆောက်အအုံများရှိရာနေရာများ အပါအဝင် အများပြည်သူသွားလာရာနေရာများ၌ပါ ထောင်ထားလေ့ရှိကြောင်း ထုတ်ပြန်သည်။

ထို့ကြောင့် အရပ်သားပြည်သူလူထုများအနေဖြင့် တိုက်ပွဲဖြစ်ပွားသည့်နေရာများ၊ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခတ်နေသည့်နေရာများကို မလွဲမရှောင်သာသွားလာရမည်ဆိုပါက သတိထားသွားလာကြရန် သတိပေးထားသည်။

စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းများနှင့် စစ် လက်နက်အကြွင်းအကျန်ပစ္စည်းများသည် အချိန်မရွေးပေါက်ကွဲစေတတ်သောကြောင့် စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ကြီးကျည်ဆံများကို ကိုင်တွယ်ခြင်း၊ ထုနှက်ခြင်းနှင့် ဆော့ကစားခြင်းများမပြုလုပ်ကြရန်ကိုလည်း ထပ်မံ သတိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်ပွားနေခြင်းအပေါ် ကုလသမဂ္ဂမြန်မာရုံးက စိုးရိမ်မကင်းဖြစ်မိကြောင်း ယနေ့(မေလ ၂ရက်)ထုတ်ပြန်သည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။