Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူနှစ်ဦး​လက်နက်ကြီးကျည်ထိသေဆုံးခဲ့ခြင်းအ​ပေါ် စစ်​ကောင်စီသံအမတ်ကြီး​ကို​ခေါ်ယူ၍ဘင်္ဂလားဒေ့ရှ် ကန့်ကွက်

ဆက်လက်၍ ၎င်းက “ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ကျွန်​တော်တို့ လုပ်နေတဲ့ အချိန်မှာ ဒီလိုမျိုး အဖြစ်အပျက်တွေက ကြိုဆိုစရာမရှိသလို နဲ့ လက်ခံနိုင်စရာလည်း မရှိပါဘူး။”ဟုသတင်းစာရှင်းလင်းပွဲတွင်​ပြောသည်။

(ဘင်္ဂလားဒေ့ရှ်နိုင်ငံခြား​ရေးဝန်ကြီးသတင်းစာရှင်းလင်းပွဲပြုလုပ်​နေစဥ်/ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်​ပြေး​သောစစ်​ကောင်စီတပ်ဖွဲ့ဝင်နှင့်နယ်ခြား​စောင့်ရဲများကို ကယ်ဆယ်​ရေးစခန်းများသို့ပို့ရန်ကား​ပေါ်သို့တက်ခိုင်း​နေစဥ်။ဓါတ်ပုံ-bdnews24 ၊ TTN)

▪︎စစ်​ကောင်စီတပ်ဖွဲ့ဝင်နှင့် နယ်ခြား​စောင့်ရဲတပ်ဖွဲ့ဝင် ၁၃၇ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ​ကယ်ဆယ်​ရေးစခန်းပို့

စစ်​ကောင်စီပစ်ခတ်​သော လက်နက်ကြီးကျည်မှန်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြည်သူ ၂ ဦး​သေဆုံးပြီးပြည်သူအချို့​ ဒဏ်ရာရခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်​ကောင်စီသံအမတ်ကို​ခေါ်ယူကန့်ကွက်ခဲ့သည်။

စစ်​ကောင်စီသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Mainul Kabir က ဒါကာမြို့ရှိ နိုင်ငံတော် ဧည့်ရိပ်သာ Padma တွင်တွေ့ဆုံ၍ ကန့်ကွက်ခဲ့ခြင်းဖြစ်​ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာနများက​ဖော်ပြသည်။ တနလာ်​နေ့က စစ်​ကောင်စီပသ်ခတ်​သောလက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ နှစ်ဦး​သေဆုံး​စေခဲ့​သောဖြစ်ရပ်နှင့် ​နယ်စပ်မှဒေသခံပြည်သူများ ​အထိတ်တလန့်ထွက်​ပြေး​နေရမှုအ​ခြေအ​နေများအတွက် အဓိက ကန့်ကွက်​ပြောကြားခဲ့​ကြောင်းသိရသည်။

(ဘင်္ဂလားဒေ့ရှ်နိုင်ငံခြား​ရေးဝန်ကြီးသတင်းစာရှင်းလင်းပွဲပြုလုပ်​နေစဥ်/ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်​ပြေး​သောစစ်​ကောင်စီတပ်ဖွဲ့ဝင်နှင့်နယ်ခြား​စောင့်ရဲများကို ကယ်ဆယ်​ရေးစခန်းများသို့ပို့ရန်ကား​ပေါ်သို့တက်ခိုင်း​နေစဥ်။ဓါတ်ပုံ-bdnews24 ၊ TTN)
(ဘင်္ဂလားဒေ့ရှ်နိုင်ငံခြား​ရေးဝန်ကြီးသတင်းစာရှင်းလင်းပွဲပြုလုပ်​နေစဥ်/ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်​ပြေး​သောစစ်​ကောင်စီတပ်ဖွဲ့ဝင်နှင့်နယ်ခြား​စောင့်ရဲများကို ကယ်ဆယ်​ရေးစခန်းများသို့ပို့ရန်ကား​ပေါ်သို့တက်ခိုင်း​နေစဥ်။ဓါတ်ပုံ-bdnews24 ၊ TTN)

စစ်​ကောင်စီသံအမတ်ကို ​ခေါ်ယူ တွေ့ဆုံကန့်ကွက်ပြီး​နောက် နိုင်ငံခြားရေး ဝန်ကြီး Hasan Mahmud က သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း မြန်မာနိုင်ငံဘက်မှတိုက်ပွဲများ​ကြောင့် စစ်​ကောင်စီတပ်သားနှင့် နယ်ခြား​စောင့်တပ်ဖွဲ့ဝင်များ ၊ အရပ်သားများထွက်ပြေးလာမှု ၊ လက်နက်ကြီးကျည်ထိမှန်၍ ဘင်္ဂလားဒေ့ရှ်ပြည်သူများ​သေဆုံး ဒဏ်ရာရမှုအ​ပေါ် ဦးစား​ပေး​ရှင်းလင်းပြောကြားသွားခဲ့သည်။

Public Service Announcement

Public Service Announcement

“ကျွန်​တော်နိုင်ငံသားတွေ ထိခိုက်နစ်နာပြီး အသက်ဆုံးရှုံးရပါတယ်။ ကျွန်​တော်တို့ ဒီပြဿနာတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်တောင်းဆိုထားပါတယ်”ဟု နိုင်ငံခြား​ရေးဝန်ကြီးက​ပြောသည်။

ဆက်လက်၍ ၎င်းက “ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ကျွန်​တော်တို့ လုပ်နေတဲ့ အချိန်မှာ ဒီလိုမျိုး အဖြစ်အပျက်တွေက ကြိုဆိုစရာမရှိသလို နဲ့ လက်ခံနိုင်စရာလည်း မရှိပါဘူး။”ဟုသတင်းစာရှင်းလင်းပွဲတွင်​ပြောသည်။

(ဘင်္ဂလားဒေ့ရှ်နိုင်ငံခြား​ရေးဝန်ကြီးသတင်းစာရှင်းလင်းပွဲပြုလုပ်​နေစဥ်/ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်​ပြေး​သောစစ်​ကောင်စီတပ်ဖွဲ့ဝင်နှင့်နယ်ခြား​စောင့်ရဲများကို ကယ်ဆယ်​ရေးစခန်းများသို့ပို့ရန်ကား​ပေါ်သို့တက်ခိုင်း​နေစဥ်။ဓါတ်ပုံ-bdnews24 ၊ TTN)
(ဘင်္ဂလားဒေ့ရှ်နိုင်ငံခြား​ရေးဝန်ကြီးသတင်းစာရှင်းလင်းပွဲပြုလုပ်​နေစဥ်/ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်​ပြေး​သောစစ်​ကောင်စီတပ်ဖွဲ့ဝင်နှင့်နယ်ခြား​စောင့်ရဲများကို ကယ်ဆယ်​ရေးစခန်းများသို့ပို့ရန်ကား​ပေါ်သို့တက်ခိုင်း​နေစဥ်။ဓါတ်ပုံ-bdnews24 ၊ TTN)

နယ်စပ်တွင်ဖြစ်ပွား​သောတိုက်ပွဲများ​ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ၊နယ်ခြား​စောင့်ရဲတပ်ဖွဲ့ဝင်များ ၊အရပ်သားများအပါအဝင် ၂၂၉ ဦးထွက်​ပြေးလာ​ကြောင်း bdnews24 သတင်းဌာနက​ဖော်ပြသည်။သို့​သော် စစ်​ကောင်စီတပ်ဖွဲ့ဝင်မည်မျှပါဝင်​ကြောင်း ၊အရပ်သားများမှာစစ်​ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်ဟုတ်၊မဟုတ်စသည်တို့ကို အ​သေးစိပ်​ဖော်ပြထားခြင်းမရှိ​ပေ။

အခြားသတင်းတစ်ရပ်တွင် စစ်​ကောင်စီတပ်နဲ့ နယ်ခြား​စောင့်ရဲတပ်ဖွဲ့ဝင် ၁၃၇ ဦးကို လက်နက်များဖြုတ်သိမ်း၍ကယ်ဆယ်​ရေးစခန်းများသို့ကားများဖြင့် ​ယ​နေ့ ည​နေတွင် ခေါ်​ဆောင်​​ပြောင်း​ရွေ့​ပေးထား​ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာန TTN က​ရုပ်သံနှင့်တကွ​ဖော်ပြသည်။ ဖေဖော်ဝါရီ ၆ ရက်တွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်နှင့်နယ်ခြား​စောင့်ရဲတပ်ဖွဲ့ဝင် ၁၀၈ ဦးကို ဘတ်စ်ကားတစ်စီးဖြင့်လည်း​ကောင်း ၊ ၂၉ ဦးကို ဂျစ်ကားကြီး ဖြင့်လည်း​ကောင်း ကယ်ဆယ်ရေးစခန်းများထံသို့ ပို့ဆောင်ခဲ့​ကြောင်းသိရသည်။

ထိုအပြင် မြန်မာနယ်စပ်တိုက်ပွဲများ​ကြောင့် ကျည်ဆန်များနှင့် မော်တာကျည်များ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိကျေးရွာများသို့ ရောက်ရှိနေခြင်းနှင့် ပတ်သပ်၍ ကော့ဘဇား နယ်ခြား​စောင့်တပ်ဖွဲ့ က စစ်​ကောင်စီ နယ်ခြားစောင့် ရဲတပ်ဖွဲ့ထံ တရားဝင် ကန့်ကွက်စာ ပေးပို့ထား​​ကြောင်းလည်း TTN က​ဖော်ပြသည်။

(ဘင်္ဂလားဒေ့ရှ်နိုင်ငံခြား​ရေးဝန်ကြီးသတင်းစာရှင်းလင်းပွဲပြုလုပ်​နေစဥ်/ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်​ပြေး​သောစစ်​ကောင်စီတပ်ဖွဲ့ဝင်နှင့်နယ်ခြား​စောင့်ရဲများကို ကယ်ဆယ်​ရေးစခန်းများသို့ပို့ရန်ကား​ပေါ်သို့တက်ခိုင်း​နေစဥ်။ဓါတ်ပုံ-bdnews24 ၊ TTN)
(ဘင်္ဂလားဒေ့ရှ်နိုင်ငံခြား​ရေးဝန်ကြီးသတင်းစာရှင်းလင်းပွဲပြုလုပ်​နေစဥ်/ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်​ပြေး​သောစစ်​ကောင်စီတပ်ဖွဲ့ဝင်နှင့်နယ်ခြား​စောင့်ရဲများကို ကယ်ဆယ်​ရေးစခန်းများသို့ပို့ရန်ကား​ပေါ်သို့တက်ခိုင်း​နေစဥ်။ဓါတ်ပုံ-bdnews24 ၊ TTN)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်မှ ပြည်သူများက လက်ရှိအ​ခြေအ​နေများ​ကြောင့် မြန်မာနိုင်ငံဘက်မှ ရိုဟင်ဂျာများ ၎င်းတို့​ကျေးရွာများဆီသို့ထွက်​ပြေးဝင်​ရောက်လာမည်ကို စိုးရိမ်​နေ​ကြောင်းလည်းTTNက​ဖော်ပြသည်။ထို​ကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရက နယ်စပ်တွင် နယ်ခြား​စောင့်ရဲတပ်ဖွဲ့များထပ်တိုး၍ လုံခြုံ​ရေးတိုးမြှင့်ထားသလို ၊အ​ခြေအ​နေကို ဂရုတစိုက်​စောင့်ကြည့်​နေ​ကြောင်း သိရသည်။

ရက္ခိုင့်တပ်​တော်-AA က မောင်တောမြို့ရှိ စစ်​ကောင်စီတပ်၏တောင်ပြို (လက်ဝဲ-လက်ယာ) စခန်း နှစ်ခုအား ထိုးစစ်ဆင်တိုက်ခိုက်​နေပြီး တောင်ပြို (လက်ယာ) စခန်းအား​ဖေ​ဖော်ဝါရီ ၄ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်​နေ​သော တောင်ပြို (လက်ဝဲ) စခန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်​နေရာ စစ်သားနှင့် နယ်ခြား​စောင့်ရဲ ၁၃၀ ​ကျော်မှာ ဘဂ်လား​ဒေရှ်နိုင်ငံသို့ထွက်​ပြေး​နေကြခြင်းဖြစ်သည်။AA ကယ​နေ့တွင် တောင်ပြို (လက်ဝဲ) စခန်းကိုပါသိမ်းပိုက်နိုင်ပြီဟု ​ရခိုင်ဒေသတွင်းသတင်းဌာနအချို့က ​ဖော်ပြ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။