Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်စစ်ကြောင်းတွေ မိုးညှင်းမြို့နယ်က နမ့်စီးအောင်ရွာရောက်နေ

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပေါ်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်စီးအောင်ကျေးရွာကို စစ်တပ်စစ်ကြောင်းတွေ ရောက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

(မော်လူးမြို့ကို ထိန်းချုပ်အပြီးတွေ့ရတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ - စစ်ကောင်စီ)

မေ-၆၊၂၀၂၆။မိုမို/People’s Spring

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပေါ်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်စီးအောင်ကျေးရွာကို စစ်တပ်စစ်ကြောင်းတွေ ရောက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

မော်လူးမြို့ကို စစ်တပ်က ထိန်းချုပ်ပြီးနောက် ဒီကနေ့(မေလ ၆ရက်)မနက်ပိုင်းမှာ စစ်တပ်စစ်ကြောင်းတွေ နမ့်စီးအောင်ကျေးရွာနဲ့ အနီးတဝိုက်ဒေသတွေကို ဝင်ရောက်လာတာလို့ ဆိုပါတယ်။

“ သူတို့(စစ်ကြောင်း)ကြည့်ရတာက စစ်မှုထမ်းပေါ်တာလူငယ်တွေ တော်တော်များတယ်။နမ့်စီးအောင်မှာသူတို့နားမယ်သိရတယ်” လို့ မြေပြင်မှာရှိနေတဲ့ ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ နမ့်စီးအောင်ရွာရောက်နေတဲ့စစ်ကြောင်းဟာ မိုးညှင်းမြို့ဘက်ကလာတဲ့စစ်ကြောင်းနဲ့ နမ့်စီးအောင်ဘုန်းကြီးကျောင်းမှာ ပေါင်းစည်းမယ်လို့လည်း သတင်းရထားကြောင်း သူက ဆက်ပြောပါတယ်။

နမ့်စီးအောင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ သြဂုတ်လပိုင်းက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

“ စစ်တပ်က မန္တလေး-မြစ်ကြီးနား ကုန်သွယ်ရေးလမ်းပိုင်းကို အကုန်ထိန်းချုပ်လိမ့်မယ်” လို့ နန့်စီးအောင်ကို စစ်တပ်ရောက်ရှိလာတာနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းစစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။

အင်းတော်မြို့ကို ဧပြီ ၃၀ရက်မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်သွားပြီးနောက် (၁၇)မိုင်အကွာက မော်လူးမြို့ကိုလည်း မေလ ၅ရက်မှာ စစ်တပ်က စစ်ကြောင်းတွေဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

မော်လူးမြို့ဟာ အင်းတော်မြို့နယ်ရဲ့ မြို့နယ်ခွဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ၂၀၂၃ ဒီဇင်ဘာ ၁၃ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းက တကောင်းမြို့ကို ပြီးခဲ့တဲ့ မတ်လမှာ စစ်တပ်ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် တကောင်း-ထီးချိုင့်- အင်းတော်- မော်လူးမြို့လမ်းကြောင်းအတိုင်း လေကြောင်းနဲ့လက်နက်ကြီးပစ်ကူယူပြီး စစ်တပ်စစ်ကြောင်းတွေ ဝင်ရောက်လာတာဖြစ်ပါတယ်။

ထိန်းချုပ်ထားတဲ့မြို့တချို့ ပြန်လည်လက်လွှတ်နေရတဲ့အပေါ် လူထုက မေးခွန်းထုတ်နေကြပြီး စစ်တပ်ရဲ့ သာလွန်အင်အားနဲ့ ရင်ဆိုင်ကြရတဲ့အခါမှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်ဖို့နဲ့ အစုလိုက်၊အပြုံလိုက် ထိခိုက်နစ်နာမှုတွေ မဖြစ်ပေါ်စေဖို့အတွက် အလေးထားစဉ်းစားခဲ့ရတာတွေကြောင့် တချို့သော စစ်ဆင်ရေးနယ်မြေတွေမှာ နည်းဗျူဟာအရ ခံစစ်အနေအထားနဲ့ ရင်ဆိုင်ခဲ့ရတာတွေ၊ ယာယီဆုတ်ခွာပေးခဲ့ရတာတွေ ရှိတယ်လို့ မေလ ၅ရက်မှာကျရောက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ရှင်းပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ မေလ ၈ရက် နေ့လည်ပိုင်းမှာ မီးလောင်ဗုံးတွေသုံး လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ပြည်သူထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ကို စစ်တပ်က ဒီကနေ့ မေလ ၈ရက်မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်ဒေသခံ အချို့က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ဒီချုပ်ပါတီလက်ထက်က ဖျက်သိမ်းခဲ့တဲ့ ယာဥ်ရပ်နားခတွေကို စစ်တပ်က တိုးမြှင့်ကောက်ခံနေပြီး စက်ဘီးကအစ ယာဥ်ရပ်နားခပေးနေရလို့ မြို့ခံတွေ အဆင်မပြေဖြစ်နေကြပါတယ်။