Connect with us

Hi, what are you looking for?

သတင်း

TNLAသိမ်းထားသည့် မြို့ခုနစ်မြို့ တည်ငြိမ် တိုးတက်မှုရှိလာ၍ ညမထွက်ရအမိန့်ကန့်သတ်ချက်များ ရုတ်သိမ်း

TNLAသည် ညီနောင်မဟာမိတ်တပ်များနှင့်အတူ ဖော်ဆောင်ခဲ့သည့် စစ်ဆင်ရေးအတွင်း ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ နမ့်ဆန်၊ နမ့်ခမ်း၊ မိုင်းလုံ မြို့များနှင့် စစ်ကောင်စီ တပ်စခန်း ၈၀ကျော်ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားသည်။

တပ်မဟာ (၁)၊ (၃)၊ (၅) စစ်ဒေသရှိ ဒေသခံများအား TNLA ခေါင်းဆောင်များက ၂၀၂၃ ဖေဖော်ဝါရီတွင် တွေ့ဆုံနေစဉ်။(ဓာတ်ပုံ - Ta'ang State TV)
တပ်မဟာ (၁)၊ (၃)၊ (၅) စစ်ဒေသရှိ ဒေသခံများအား TNLA ခေါင်းဆောင်များက ၂၀၂၃ ဖေဖော်ဝါရီတွင် တွေ့ဆုံနေစဉ်။(ဓာတ်ပုံ - Ta'ang State TV)

▪️စစ်ကောင်စီက တအာင်းမြို့အချို့အား စစ် အုပ်ချုပ်ရေးကြေညာမှု လူထုများကို ထိတ်လန့်စေရန်ဖြစ်ပြီး လုံခြံရေးစီမံချက်များ ပြင်ဆင်ထားဟု TNLA အသိပေး

‘၁၀၂၇ စစ်ဆင်ရေး’ကာလအတွင်း သိမ်းပိုက်ရရှိထားသည့် တအာင်းဒေသရှိ မြို့ ခုနစ်မြို့တွင် တည်ငြိမ်တိုးတက်မှုများ ရရှိလာပြီဖြစ်၍ စစ်ဆင်ရေးအတွင်း ထုတ်ပြန်ခဲ့သည့် ညမထွက်ရ အမိန့် အပါအဝင် ကန့်သတ်ချက်များကို ပြန်လည်ရုတ်သိမ်းလိုက်ကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ယနေ့ ထုတ်ပြန်သည်။

TNLAသည် ညီနောင်မဟာမိတ်တပ်များနှင့်အတူ ဖော်ဆောင်ခဲ့သည့် စစ်ဆင်ရေးအတွင်း ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ နမ့်ဆန်၊ နမ့်ခမ်း၊ မိုင်းလုံ မြို့များနှင့် စစ်ကောင်စီ တပ်စခန်း ၈၀ကျော်ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားသည်။

PSLF/TNAက ထိန်းချုပ်ပြီး စီမံအုပ်ချုပ်သည့် မြို့ ၇မြို့တွင် ဒေသတွင်း စီမံအုပ်ချုပ်သည့် လုပ်ငန်းများ တည်ငြိမ်တိုးတက်လာသည့်အတွက် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် အပါအဝင် စစ်ဆင်ရေးကာလအတွင်း လိုက်နာရမည့် ကန့်သတ်ချက်များကို ရုတ်သိမ်းလိုက်ကြောင်း TNLAက မတ်လ ၆ရက်တွင် ကြေညာခဲ့သည်။

TNLAက ၎င်းတို့ ထိန်းချုပ်ထားသည့် မြို့များတွင် ည ၉နာရီမှ မနက် ၆နာရီထိ မထွက်ရအမိန့်၊ ည ၁၀နာရီမှ မနက် ၄၀နာရီအထိ မထွက်ရ အမိန့်များကို လိုအပ်သလို ထုတ်ပြန်ထားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

TNLA အနေဖြင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် စီမံ အုပ်ချုပ်သည့် လုပ်ငန်းများ လည်ပတ်စေရန်အတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၊ TNLA က ဦးဆောင်အုပ်ချုပ်သည့် မြို့ရွာဒေသများတွင် တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ကျားဖြန့် အပါအဝင် လောင်းကစားများ ကင်းစင်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး အတွက် မျှတသည့် ဥပဒေနှင့် စီမံအုပ်ချုပ်မှုတို့ဖြင့် ကြိုးပမ်း အကောင်အထည်ဖော်နေကြောင်း အသိပေးသည်။

တအာင်းဒေသ၌ ထိုက်သင့်သည့် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ လည်ပတ်ပြီးအုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေသည့်အချိန်တွင် မတ်လ ၄ရက်က စစ်ကောင်စီမှ တအာင်းမြို့အချို့အား စစ်အုပ်ချုပ်ရေး ကြေညာကာ ဒေသခံလူထုများအား ထိတ်လန့်စေရန် ဆောင်ရွက်လာကြောင်း TNLAက ဆိုသည်။

စစ်ကောင်စီက TNLAသိမ်းထားသည့် မြို့ များအနက် မန်တုံ၊ နမ္မတူနှင့် နမ့်ဆန်မြို့များကို ပြီးခဲသည့် ရက်ပိုင်းက စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ ထိုသို့ ကြေညာခဲ့မှုနှင့်ပတ်သက်ပြီး TNLA ၏ သဘောထားကို မေးမြန်းရန် အဖွဲ့ သတင်းပြန်ကြားရေးဌာနသို့ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

PSLF/TNLA သည် ညီနောင်မဟာမိတ်တို့နှင့်အတူ တရုတ်နိုင်ငံ၏ ရှေ့ဆောင်ဦးရွက်မှုဖြင့် စစ်ကောင်စီ နှင့် ဟိုင်ဂင်သဘောတညီချက် စာချုပ်ကို ၂၀၂၄ ဇန်နဝါရီ ၁၁ရက်တွင် လက်မှတ်ထိုးကာ တအာင်းဒေသ အပါအဝင် မြောက်ပိုင်းဒေသ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြကာ ယခု အချိန်တွင် လုံခြုံရေးစီမံချက်များကို စနစ်တကျ ပြင်ဆင်ဖော်ဆောင်ထားပြီး ဒေသတွင်း စီမံအုပ်ချုပ်ရေး လုပ်ငန်းများကို ထိုက်သင့်စွာ လည်ပတ်နေပြီဖြစ်ကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။