Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်လုံခပြည်သူ့စစ်စခန်းပြန်ရရေး စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်၍ KIA တပ် များ ပြန်ဆုတ်ပေးလိုက်ရ

KIA၏ ထိုးစစ်စတင်သည့် မတ်လ ၇ရက်တွင်ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း ကျဆုံးခဲ့ပြီး အင်လုံခတပ်စန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ လက်အောက်ခံ ရွှေမင်းပြည်သူ့စစ် ၏ အင်လုံခတပ်စခန်းအား KIA ပူးပေါင်းတပ်က မတ်လ ၇ရက်တွင်း ရှင်းလင်းနေစဉ်။(ဓာတ်ပုံ - KNG)
စစ်ကောင်စီ လက်အောက်ခံ ရွှေမင်းပြည်သူ့စစ် ၏ အင်လုံခတပ်စခန်းအား KIA ပူးပေါင်းတပ်က မတ်လ ၇ရက်တွင်း ရှင်းလင်းနေစဉ်။(ဓာတ်ပုံ - KNG)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ရွှေမင်းပြည်သူ့စစ်၏ အင်လုံခ တပ်စခန်း ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်လာ၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ယမန်နေ့ညနေတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်များ ပြန်လည်ဆုတ်ခွာလိုက်ရဟု KIA သတင်းရင်းမြစ်က ပြောသည်။

KIA၏ ထိုးစစ်စတင်သည့် မတ်လ ၇ရက်တွင်ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း ကျဆုံးခဲ့ပြီး အင်လုံခတပ်စန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

“ဝိုင်းမော်နဲ့ရွှေညောင်ပင်ကြားမှာရှိတဲ့ ပြည်သူ့စစ်စခန်း အင်လုံခ ။ ဦးရွှေမင်းကျသွားတဲ့ တိုက်ပွဲနေရာကနေ မနေ့က ညနေ ၆နာရီလောက်မှာ အဲဒီကနေ ဆုတ်သွားပြီ။ ကျနော်တို့ အဖွဲ့အင်အားမမျှလို့”ဟု KIA သတင်းရင်းမြစ်က ပြောသည်။

အဆိုပါတပ်စခန်းသည် စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာမြစ်ကြီးနားနှင့် နီးသည့် တပ်စခန်းဖြစ်၍ စစ်ကောင်စီက နေရာများခွဲပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့ဘက်က အင်အား ၁၀၀ ခန့်ပဲရှိတယ်။ သူတို့က အင်အား ၅၀၀ ကျော်လောက်ဝင်လာတာ။ မြစ်ကြီးနားကနေ အင်အားအလုံးအရင်း ဝင်လာတော့ ကျနော်တို့ဘက်က ဆုတ်ပေးလိုက်ရတယ်။ ဝိုင်းမော် အောင်မြေ(၁)၊ အောင်ဲမြေ (၂) ဆိုတာက မနေ့က တိုက်ပွဲဖြစ်တဲ့နေရာက မြစ်ကြီးနားနဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်းပဲ ဧရာ၀တီမြစ်ပဲခြားတာ။ ဧရာ၀တီ မြစ် အနောက်ဘက်ဆိုရင် မြစ်ကြီးနား။ အရှေ့ဘက်ဆိုရင်တော့ ဝိုင်းမော်လေ။ မြစ်ကြီးနားနဲ့ နီးနီးလေးပဲရှိတယ်ဆိုတော့ သူတို့အတွက် တော်တော် အန္တရာယ်ရှိတယ်ဆိုတော့ သူတို့က စစ်မျက်နှာ အလုံးအရင်းနဲ့ စစ်မျက်နှာ လေး၊ ငါး နေရာက ဝင်လာတော့ ကျနော်တို့ဘက်က ဆုတ်ပေးလိုက်ရပြီ”ဟု KIA သတင်းရင်းမြစ်က ပြောသည်။

အခြားသတင်းတစ်ရပ်မှာ ဖားကန်မြို့နယ် တာမခန်တပ်စန်းမှ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ် များကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က တပ်ရင်းမှူးပါ သေဆုံးခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

“တာမခန်မှ ထွက်ပြေးလာတဲ့ စကစတပ်တွေ ခမရ(၁၁၉) တပ်ရင်းမှူးအပါအဝင် အယောက် ၇၀ ကျော် အကုန်လုံးကျဆုံး”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။ ခမရ(၁၁၉)​၏ စစ်ကောင်စီ တပ်ရင်းမှူးမှာ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းဖြစ်သည်ဟုဆိုသည်။

ထို့ပြင် ယမန်နေ့ ညပိုင်းက ဖားကန့်နယ် ကသိုင်းတောင် စစ်ကောင်စီတပ်စန်းကိုလည်း KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဒေသံနှင့် စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။