Connect with us

Hi, what are you looking for?

သတင်း

အင်လုံခပြည်သူ့စစ်စခန်းပြန်ရရေး စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်၍ KIA တပ် များ ပြန်ဆုတ်ပေးလိုက်ရ

KIA၏ ထိုးစစ်စတင်သည့် မတ်လ ၇ရက်တွင်ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း ကျဆုံးခဲ့ပြီး အင်လုံခတပ်စန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ လက်အောက်ခံ ရွှေမင်းပြည်သူ့စစ် ၏ အင်လုံခတပ်စခန်းအား KIA ပူးပေါင်းတပ်က မတ်လ ၇ရက်တွင်း ရှင်းလင်းနေစဉ်။(ဓာတ်ပုံ - KNG)
စစ်ကောင်စီ လက်အောက်ခံ ရွှေမင်းပြည်သူ့စစ် ၏ အင်လုံခတပ်စခန်းအား KIA ပူးပေါင်းတပ်က မတ်လ ၇ရက်တွင်း ရှင်းလင်းနေစဉ်။(ဓာတ်ပုံ - KNG)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ရွှေမင်းပြည်သူ့စစ်၏ အင်လုံခ တပ်စခန်း ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်လာ၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ယမန်နေ့ညနေတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်များ ပြန်လည်ဆုတ်ခွာလိုက်ရဟု KIA သတင်းရင်းမြစ်က ပြောသည်။

KIA၏ ထိုးစစ်စတင်သည့် မတ်လ ၇ရက်တွင်ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း ကျဆုံးခဲ့ပြီး အင်လုံခတပ်စန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

“ဝိုင်းမော်နဲ့ရွှေညောင်ပင်ကြားမှာရှိတဲ့ ပြည်သူ့စစ်စခန်း အင်လုံခ ။ ဦးရွှေမင်းကျသွားတဲ့ တိုက်ပွဲနေရာကနေ မနေ့က ညနေ ၆နာရီလောက်မှာ အဲဒီကနေ ဆုတ်သွားပြီ။ ကျနော်တို့ အဖွဲ့အင်အားမမျှလို့”ဟု KIA သတင်းရင်းမြစ်က ပြောသည်။

အဆိုပါတပ်စခန်းသည် စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာမြစ်ကြီးနားနှင့် နီးသည့် တပ်စခန်းဖြစ်၍ စစ်ကောင်စီက နေရာများခွဲပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့ဘက်က အင်အား ၁၀၀ ခန့်ပဲရှိတယ်။ သူတို့က အင်အား ၅၀၀ ကျော်လောက်ဝင်လာတာ။ မြစ်ကြီးနားကနေ အင်အားအလုံးအရင်း ဝင်လာတော့ ကျနော်တို့ဘက်က ဆုတ်ပေးလိုက်ရတယ်။ ဝိုင်းမော် အောင်မြေ(၁)၊ အောင်ဲမြေ (၂) ဆိုတာက မနေ့က တိုက်ပွဲဖြစ်တဲ့နေရာက မြစ်ကြီးနားနဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်းပဲ ဧရာ၀တီမြစ်ပဲခြားတာ။ ဧရာ၀တီ မြစ် အနောက်ဘက်ဆိုရင် မြစ်ကြီးနား။ အရှေ့ဘက်ဆိုရင်တော့ ဝိုင်းမော်လေ။ မြစ်ကြီးနားနဲ့ နီးနီးလေးပဲရှိတယ်ဆိုတော့ သူတို့အတွက် တော်တော် အန္တရာယ်ရှိတယ်ဆိုတော့ သူတို့က စစ်မျက်နှာ အလုံးအရင်းနဲ့ စစ်မျက်နှာ လေး၊ ငါး နေရာက ဝင်လာတော့ ကျနော်တို့ဘက်က ဆုတ်ပေးလိုက်ရပြီ”ဟု KIA သတင်းရင်းမြစ်က ပြောသည်။

အခြားသတင်းတစ်ရပ်မှာ ဖားကန်မြို့နယ် တာမခန်တပ်စန်းမှ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ် များကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က တပ်ရင်းမှူးပါ သေဆုံးခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

“တာမခန်မှ ထွက်ပြေးလာတဲ့ စကစတပ်တွေ ခမရ(၁၁၉) တပ်ရင်းမှူးအပါအဝင် အယောက် ၇၀ ကျော် အကုန်လုံးကျဆုံး”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။ ခမရ(၁၁၉)​၏ စစ်ကောင်စီ တပ်ရင်းမှူးမှာ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းဖြစ်သည်ဟုဆိုသည်။

ထို့ပြင် ယမန်နေ့ ညပိုင်းက ဖားကန့်နယ် ကသိုင်းတောင် စစ်ကောင်စီတပ်စန်းကိုလည်း KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဒေသံနှင့် စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်