Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းရန်ကာကွယ်ရေးလက်နက်အချို့ KNU ပူးပေါင်းတပ် ထုတ်ပြ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့်လည်း စစ်ကောင်စီတပ် တိုက်လေယာဉ် တစ်စီးကို ယခုနှစ် ဇန်နဝါရီ လလယ်တွင် ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲ၌ ပစ်ချခဲ့ပြီး လေယာဉ် အပျက်အစီးကိုလည်း ပြသခဲ့သည်။

လေကြောင်းရန်ကာကွယ်ရေးလက်နက်အချို့ကို ကော်ဘရာစစ်ကြောင်းမှ ထုတ်ပြထားသည်ကို တွေ့ရစဥ်။(ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း(၁))
လေကြောင်းရန်ကာကွယ်ရေးလက်နက်အချို့ကို ကော်ဘရာစစ်ကြောင်းမှ ထုတ်ပြထားသည်ကို တွေ့ရစဥ်။(ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း(၁))

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကော်ဘရာ ပူးပေါင်းစစ်ကြောင်းက လေကြောင်းရန် ကာကွယ်ရေးလက်နက်အချို့ကို ထုတ်ဖော်ပြသခဲ့သည်။

ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောနှင့် ကော်ဘရာ စစ်ကြောင်း စစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်တို့ ပါဝင်သည့် တပ်ဖွဲ့က ပခုံးထမ်းလေယာဉ်ပစ် MANPADS အမျိုးအစား လက်နက် ၂လက်ကိုင်ဆောင်ထားမှု မှတ်တမ်းဓာတ်ပုံကို ပြသခဲ့ခြင်းဖြစ်သည်။

အဆိုပါ လက်နက်နှင့်ပတ်သက်ပြီး KNU သတင်းရင်းမြစ်ထံဆက်သွယ်မေးမြန်းရာ လက်နက်အကြောင်း ပြောကြား၍ မရဟု ဖြေကြားသည်။

Public Service Announcement

Public Service Announcement

စစ်ရေး သတင်းရင်းမြစ်ကမူ ယခု ကော်ဘရာစစ်ကြောင်းက ပြသခဲ့သည့် လက်နက်အမျိုးအစားသည် ရဟတ်ယာဉ်များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နိုင်သည့် လက်နက်အမျိုးအစားဟု ပြောပြသည်။

“ဒီကောင်က FN16လေ။ FN 6ထက်မြင့်တယ်ပေါ့”ဟု စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။

အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “HN-5။ ဂျက်ဖိုက်တာ ပစ်ချလို့ရတယ်။ FN-16ကို ပြန်လည် မွမ်းမံထားတာ”ဟု ပြောပြသည်။

KNU သည် ဇန်နဝါရီလကုန်ပိုင်းတွင် သင်္ဃန်းညီနောင်သို့လာသည့် စစ်ကောင်စီ ရဟတ်ယာဉ် ၂စီးကို ပစ်ချခဲ့ရာ တစ်စီး ပျက်ကျပြီး တပ်မမှူး အပါအဝင် စစ်ကောင်စီ အရာရှိ ၅ဦးထက်မနည်း သေဆုံးခဲ့သည်။

လက်ရှိတွင်လည်း KNU ပူးပေါင်းတပ်သည် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ၏ ခမရ(၃၅၅)၊ ခမရ(၃၅၆)၊ သင်္ဃန်းညီနောင် ရဲစခန်းတို့ကို သိမ်းပိုက်ထားပြီး ကျန်နေသည့် တပ်ရင်းနှင့် ဗျူဟာစခန်းတို့ကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိကာ မြ၀တီမြို့ကို သိမ်းပိုက်နိုင်ရန် ကြိုးစားလျက်ရှိသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့်လည်း စစ်ကောင်စီတပ် တိုက်လေယာဉ် တစ်စီးကို ယခုနှစ် ဇန်နဝါရီ လလယ်တွင် ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲ၌ ပစ်ချခဲ့ပြီး လေယာဉ် အပျက်အစီးကိုလည်း ပြသခဲ့သည်။

ထို့ပြင် ဇန်နဝါရီလဆန်းက ရဟတ်ယာဉ်တစ်စီးကိုလည်း လိုင်ဇာအနီးတွင် ပစ်ချခဲ့သည်။

ယမန်နေ့ မတ်လ ၁၁ရက် ညနေပိုင်းကလည်း ဝိုင်းမော်မြို့နယ် တိုက်ပွဲဗုံးလာကြဲသည့် စစ်ကောင်စီ လေယာဉ်တစ်စီးကို KIAက ပစ်ခတ်ခဲ့ရာ ထိမှန်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့ က ပြောကြားသကဲ့သို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ပစ်ခတ်မှုကို အတည်ပြုပြီး လေယာဥ်ပျက်ကျမှု အခြေအနေကို စုံစမ်းနေဆဲဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။