Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရသေ့တောင်မြို့ကို AA သိမ်းပိုက်

AA သည် ရသေ့တောင်မြို့ ရရှိရေး ထိုးစစ်ဆင်မှု ၂ပတ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ မတ်လ ၁၇ရက် ညနေ ၄နာရီတွင် ရသေ့တောင်ရှိ စစ်ကောင်စီ တပ်ရင်း ၃ခုလုံးကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

(ရသေ့တောင်မြို့၊ မြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုအားသိမ်းပိုက်ပြီးတွေ့ရစဉ်။ ဓာတ်ပုံ - AA)
(ရသေ့တောင်မြို့၊ မြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုအားသိမ်းပိုက်ပြီးတွေ့ရစဉ်။ ဓာတ်ပုံ - AA)

▪️စစ်ကောင်စီဘက်က သေဆုံးထိခိုက်များပြီး အင်အား ၂၀၀ ခန့် စစ်သင်္ဘောများဖြင့်ထွက်ပြေး ​သော်လည်း သေဆုံးစစ်သားများထဲတွင် လတ်တလော စစ်သင်တန်းပေးထားသည့် ဘဂ်လီ( ရိုဟင်ဂျာ) အချို့၏ အလောင်းများပါဝင်​နေ

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများဖြစ်သည့် “ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈)” တပ်ရင်း (၃) ခုစလုံးအား ယမန်နေ့ ညနေပိုင်း၌ အပြီးသိမ်းယူရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။

ထိုသို့ သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် ထိုးစစ် ၄လကျော်အတွင်း AA အနေဖြင့် သိမ်းပိုက်ရရှိခဲ့သည့် မြို့နယ် စုစုပေါင်း ၉ ခုထိ ရှိလာပြီဖြစ်သည်။ ချင်းပြည်နယ် ပလက်၀ မြို့နယ် နှင့်ရက္ခိုင်ပြည်နယ်ရှိ ပေါက်တော၊ ​​မြောက်ဦး ၊မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ မြို့နယ်များကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်။

AA သည် ရသေ့တောင်မြို့ ရရှိရေး ထိုးစစ်ဆင်မှု ၂ပတ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ မတ်လ ၁၇ရက် ညနေ ၄နာရီတွင် ရသေ့တောင်ရှိ စစ်ကောင်စီ တပ်ရင်း ၃ခုလုံးကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

အဆိုပါ တပ်စခန်းများအတွင်းရှိ စစ်ကောင်စီ အင်အား ၂၀၀ ခန့်သည် စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ သို့သော်လည်း စစ်မှုထမ်းဥပဒေအားခုတုံးလုပ်ပြီး စစ်ကောင်စီမှ လတ်တလော စစ်သင်တန်းပေးထားသည့် ဘင်္ဂလီ( ရိုဟင်ဂျာ)အချို့၏ အလောင်းများ၊ ရန်သူစစ်ကောင်စီ၏ အလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း AAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ရိုဟင်ဂျာလူငယ်များမှာ စစ်​ကောင်စီကအတင်း အတင်းအဓမ္မ လူသစ်စု​ဆောင်း၍ စစ်သင်တန်း​ပေးခဲ့ခြင်းဖြစ်ပြီး ၊အတင်းအဓမ္မစု​ဆောင်းခံထားရသည့် ရိုဟင်ဂျာ(ဘင်ဂါလီ)လူငယ်ရာနှင့်ချီရှိ​ကြောင်း ​ဒေသခံများက​ပြောသည်။

ရက္ခိုင့်တပ်​တော်က ဘူးသီး​တောင်၊​မောင်​တောမြို့များကိုလည်းသိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်​နေသည်၊ ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူရေး ထိုးစစ်အား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်းလည်း အသိပေးသည်။

ထိုအပြင် ​မောင်​တောမြို့နယ်ရှိ စစ်​ကောင်စီ၏ ​တောင်ပြို လက်ဝဲမြို့ နှင့် လက်ယာ နယ်ခြား​စောင့်တပ်စခန်းများကိုသိမ်းပိုက်ထားပြီး အခြားနယ်ခြား​စောင့်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ထား​သော​ကြောင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်ရာနှင့်ချီ၍ ဘဂ်လား​ဒေရှ်သို့ထွက်​ပြေးတိမ်း​ရှောင် ခဲ့ကြသည်။

ရက္ခိုင်ဒေသ၌ စစ်ရှုံးကာ မြို့များ တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရသည့် အကြမ်းဖက်စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ သာသနိကအဆောက်အအုံများ၊ လမ်းတံတားများ စသည့် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များကိုသာ ပိုမိုလုပ်ဆောင်လာကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှကျူးလွန်လျက်ရှိသည်ဟု AAက ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေမှု များကြောင့် အပြစ်မဲ့အရပ်သားပြည်သူတို့၏ဒဏ်ရာရ သေဆုံးမှုများမှာလည်း တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်တက်လျက်ရှိသည်ဟု ဖော်ပြသည်။

AA၏ ထိုးစစ်ကာလအတွင်းဖြစ်ပွားသည့် တိုက်ပွဲများ၊ စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် ရက္ခိုင်ဒေသခံ ပြည်သူ သုံးသိန်းကျော် စစ်ရှောင်နေကြရပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသည်ဟုလည်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားထားသည်။AA နိုင်ငံရေးရည်မှန်းချက် အတိုင်း ရက္ခိုင်ဒေသတစ်ခုလုံးရှိ စစ်ကောင်စီတပ်များအားလုံးကို တိုက်ထုတ်သွားမည်ဟုလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။