Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရသေ့တောင်မြို့နယ် ဒုံးပိုက်ရွာ၌ မုန်တိုင်းရှောင်စဉ် ဓမ္မာရုံပြိုကျ၍ လူ ၁၃ဦးသေဆုံး

ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်စဉ် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြား အိုးအိမ်ပျက်စီးမှုများ ရှိခဲ့ပြီး ဆက်သွယ်ရေးပြတ်တောက်မှု ဖြစ်ခဲ့၍ အသေအပျောက်စာရင်းများကို လတ်တလော အချိန်အထိ အတည်မပြုနိုင်သေးပေ။

(မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ရသေ့တောင်မြို့ရှိ လူနေအိမ်များနှင့် သာသနိကအဆောက်အဦးများ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ရသေ့တောင်မြို့ရှိ လူနေအိမ်များနှင့် သာသနိကအဆောက်အဦးများ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်ကျေးရွာ ဓမ္မာရုံ၌ မုန်တိုင်းရှောင်နေစဉ် ဓမ္မာရုံပြိုကျ၍ လူ ၁၃ဦး သေဆုံးခဲ့ကြောင်း ရသေ့တောင်ဒေသခံက ပြောသည်။

“ဒုံးပိုက်ကျေးရွာမှာ မုန်တိုင်းထန်တုန်းက ဓမ္မာရုံပြိုကျတဲ့အတွက် ၁၃ဦး သေတယ်။ ကျားက ၄ယောက်၊ မက ၉ယောက် ၊ မ ၉ယောက်ထဲမှာ ကလေးငယ် တစ်ဦးပါတယ်”ဟု ၎င်းက ပြောသည်။ ဒဏ်ရာရသူများနှင့်အခြား သေဆုံးထိခိုက်မှုများ ရှိ၊မရှိ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ဒုံးပိုက်ကျေးရွာသည် အငူမော်မှ မောင်တောမြို့သို့သွားသည့်လမ်းမပေါ်တွင် တည်ရှိသည့် ကျေးရွာဖြစ်သည်။

ရခိုင်ဒေသခံတစ်ဦးကလည်း မုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ် တစ်ခုတည်း၌ လူဦးရေ ၁၆ဦးထက်မနည်း သေဆုံးခဲ့သည်ဟု လူမှုကွန်ရက်၌ ရေးသားထားသည်။

Public Service Announcement
Public Service Announcement

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်တွင် သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်ကြောင်း ၊ နယ်ဘက်ဒေသများနှင့် အဆက်အသွယ်မရသေး၍ အသေးစိတ်အခြေအနေများ မသိရသေးကြောင်း ဒေသခံအချို့က အသိပေးထားသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်စဉ် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြား အိုးအိမ်ပျက်စီးမှုများ ရှိခဲ့ပြီး ဆက်သွယ်ရေးပြတ်တောက်မှု ဖြစ်ခဲ့၍ အသေအပျောက်စာရင်းများကို လတ်တလော အချိန်အထိ အတည်မပြုနိုင်သေးပေ။

စစ်တွေနှင့်မာန်အောင်တွင်လည်း လူသေဆုံးမှု ရှိကြောင်း ဒေသတွင်း သတင်းဌာနများက ဖော်ပြသည်။