Connect with us

Hi, what are you looking for?

သတင်း

ရသေ့တောင်မြို့နယ် ဒုံးပိုက်ရွာ၌ မုန်တိုင်းရှောင်စဉ် ဓမ္မာရုံပြိုကျ၍ လူ ၁၃ဦးသေဆုံး

ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်စဉ် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြား အိုးအိမ်ပျက်စီးမှုများ ရှိခဲ့ပြီး ဆက်သွယ်ရေးပြတ်တောက်မှု ဖြစ်ခဲ့၍ အသေအပျောက်စာရင်းများကို လတ်တလော အချိန်အထိ အတည်မပြုနိုင်သေးပေ။

(မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ရသေ့တောင်မြို့ရှိ လူနေအိမ်များနှင့် သာသနိကအဆောက်အဦးများ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ရသေ့တောင်မြို့ရှိ လူနေအိမ်များနှင့် သာသနိကအဆောက်အဦးများ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်ကျေးရွာ ဓမ္မာရုံ၌ မုန်တိုင်းရှောင်နေစဉ် ဓမ္မာရုံပြိုကျ၍ လူ ၁၃ဦး သေဆုံးခဲ့ကြောင်း ရသေ့တောင်ဒေသခံက ပြောသည်။

“ဒုံးပိုက်ကျေးရွာမှာ မုန်တိုင်းထန်တုန်းက ဓမ္မာရုံပြိုကျတဲ့အတွက် ၁၃ဦး သေတယ်။ ကျားက ၄ယောက်၊ မက ၉ယောက် ၊ မ ၉ယောက်ထဲမှာ ကလေးငယ် တစ်ဦးပါတယ်”ဟု ၎င်းက ပြောသည်။ ဒဏ်ရာရသူများနှင့်အခြား သေဆုံးထိခိုက်မှုများ ရှိ၊မရှိ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ဒုံးပိုက်ကျေးရွာသည် အငူမော်မှ မောင်တောမြို့သို့သွားသည့်လမ်းမပေါ်တွင် တည်ရှိသည့် ကျေးရွာဖြစ်သည်။

ရခိုင်ဒေသခံတစ်ဦးကလည်း မုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ် တစ်ခုတည်း၌ လူဦးရေ ၁၆ဦးထက်မနည်း သေဆုံးခဲ့သည်ဟု လူမှုကွန်ရက်၌ ရေးသားထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်တွင် သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်ကြောင်း ၊ နယ်ဘက်ဒေသများနှင့် အဆက်အသွယ်မရသေး၍ အသေးစိတ်အခြေအနေများ မသိရသေးကြောင်း ဒေသခံအချို့က အသိပေးထားသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်စဉ် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြား အိုးအိမ်ပျက်စီးမှုများ ရှိခဲ့ပြီး ဆက်သွယ်ရေးပြတ်တောက်မှု ဖြစ်ခဲ့၍ အသေအပျောက်စာရင်းများကို လတ်တလော အချိန်အထိ အတည်မပြုနိုင်သေးပေ။

စစ်တွေနှင့်မာန်အောင်တွင်လည်း လူသေဆုံးမှု ရှိကြောင်း ဒေသတွင်း သတင်းဌာနများက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ မုန်တိုင်းတစ်ခုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လေပြင်းတွေတိုက်၊ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။