Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေကြောင့် တုန်လှုပ်နေသည့် ပြည်သူများကို ဗိုလ်ချုပ်ကြီးယွက်စစ် နှစ်သိမ့်ပေးခဲ့ဟု RCSS ဆို

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

(RCSS က ဖွင့်လှစ်ထား​သော စစ်အ​ခြေခံ​လေ့ကျင့်​ရေးသင်တန်းတက်​ရောက်​နေသူများနှင့် မိန့်ခွန်း​ပြောကြား​နေ​သော ဗိုလ်ချုပ်ကြီးရွက်ဆစ်။ ။ဓါတ်ပုံ-Thai PBS)
(RCSS က ဖွင့်လှစ်ထား​သော စစ်အ​ခြေခံ​လေ့ကျင့်​ရေးသင်တန်းတက်​ရောက်​နေသူများနှင့် မိန့်ခွန်း​ပြောကြား​နေ​သော ဗိုလ်ချုပ်ကြီးရွက်ဆစ်။ ။ဓါတ်ပုံ-Thai PBS)

▪︎RCSS၏ တပ်သားသစ် ၆၀၀၀ ကိုလည်း တွေ့ဆုံခဲ့ဟုဆို

မောင်မောင်/People’s Spring

စစ်ကောင်စီ၏ ပြည်သူ့ စစ်မှုထမ်း ဥပဒေ ထုတ်ပြန်ချက်ကြောင့် တုန်လှုပ်နေသော ပြည်သူများကို နှစ်သိမ့်မှု ပေးရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က အဖွဲ့ထိန်းချုပ်လှုပ်ရှားနယ်မြေများသို့ သွားရောက်ခဲ့ကြောင်း RCSSက ယနေ့ ထုတ်ပြန်သည်။

(RCSS က ဖွင့်လှစ်ထား​သော စစ်အ​ခြေခံ​လေ့ကျင့်​ရေးသင်တန်းတက်​ရောက်​နေသူများနှင့် မိန့်ခွန်း​ပြောကြား​နေ​သော ဗိုလ်ချုပ်ကြီးရွက်ဆစ်။ ။ဓါတ်ပုံ-Thai PBS)
(RCSS က ဖွင့်လှစ်ထား​သော စစ်အ​ခြေခံ​လေ့ကျင့်​ရေးသင်တန်းတက်​ရောက်​နေသူများနှင့် မိန့်ခွန်း​ပြောကြား​နေ​သော ဗိုလ်ချုပ်ကြီးရွက်ဆစ်။ ။ဓါတ်ပုံ-Thai PBS)

ပြည်သူများ အမှန်တကယ် ကြုံနေရသည့် အခြေအနေများနှင့် ပတ်သက်သည့် အချက်အလက်များ ရယူနိုင်ရန် တွေ့ဆုံပွဲများဖြင့် အပြန်အလှန် ဆွေးနွေးမေးမြန်းသွားရန် ရည်ရွယ်ပြီး RCSS ဥက္ကဋ္ဌ သည် မတ်လနှင့် ဧပြီလအတွင်း အဖွဲ့အစည်း လှုပ်ရှား ထိန်းချုပ်ရာ နယ်မြေများအတွင်းရှိ ပြည်သူများ၊ တပ်မဟာနယ်မြေ အသီးသီးတွင် စစ်ပညာ သင်ယူနေသည့် တပ်သားသစ်များအား တွေ့ဆုံအားပေးခြင်း ပြုလုပ်ခဲ့သည်ဟုဆိုသည်။

ခရီးစဉ်အတွင်း RCSS ထိန်းချုပ်ရာ နယ်မြေ ဒေသအတွင်းရှိ အခြေခံ စစ်ပညာ သင်တန်းများမှ တပ်သားသစ် ၆၀၀၀ ဦး ကျေးရွာ ၃၃ရွာမှ ဒေသခံ ပြည်သူများ နှင့်တွေ့ဆုံပြီး အသိပညာ ပေးခြင်း၊ အားပေးစကား ပြောခြင်း၊ မေးမြန်းဆွေးနွေးခြင်း ပြုလုပ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

လူထုမှ တင်ပြလာသည့် ဒေသတွင်း လိုအပ်ချက်များအနက် သင့်တော်သည့် လုပ်ငန်းများကို ပါဝင်ကူညီ လှူဒါန်းခဲ့ကြောင်း ဖော်ပြသည်။

(RCSS က ဖွင့်လှစ်ထား​သော စစ်အ​ခြေခံ​လေ့ကျင့်​ရေးသင်တန်းတက်​ရောက်​နေသူများနှင့် မိန့်ခွန်း​ပြောကြား​နေ​သော ဗိုလ်ချုပ်ကြီးရွက်ဆစ်။ ။ဓါတ်ပုံ-Thai PBS)
(RCSS က ဖွင့်လှစ်ထား​သော စစ်အ​ခြေခံ​လေ့ကျင့်​ရေးသင်တန်းတက်​ရောက်​နေသူများနှင့် မိန့်ခွန်း​ပြောကြား​နေ​သော ဗိုလ်ချုပ်ကြီးရွက်ဆစ်။ ။ဓါတ်ပုံ-Thai PBS)

RCSS အနေဖြင့် ဒေသတွင်း တည်ငြိမ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နည်းလမ်းတကျ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ဖြင့်အောက်ခြေမှ စတင်သော အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရာ၌ တပ်မတော် အပါအဝင် သက်ဆိုင်ရာ လူမျိုးများ အစုအဖွဲ့များ ပူးပေါင်းပါဝင်လိုသူများကို ဖိတ်ခေါ် ကြိုဆိုကြောင်းလည်း ဖော်ပြခဲ့သည်။

အကြောင်းအမျိုးမျိုးကြောင့် RCSS/SSA ထံ တွင် အမှုထမ်းရန်နှင့် စစ်ပညာ ကို လာရောက်သင်ယူနေကြသည့် လူငယ် လူရွယ်များအား အမျိုးသားရေးဆိုင်ရာ တာဝန်များ၊ ရှမ်းပြည်နှင့် ဇာတိရပ်ရွာ အပေါ် တန်ဖိုးထားမှုများ မှန်ကန်စွာ သိမြင်လာစေရန်၊ မိမိကိုယ်ကိုယ်နှင့် မိမိရပ်ရွာကို ကိုယ်တိုင်ကာကွယ်နိုင်သည်အထိ အခြေခံ စစ်ပညာအား စနစ်တကျ သင်ကြားတက်မြောက်စေရန် ရည်ရွယ်ပြီး အဆိုပါ ခရီးစဉ်ကို ပြုလုပ်ခဲ့ဟု အသိပေးသည်။

(RCSS က ဖွင့်လှစ်ထား​သော စစ်အ​ခြေခံ​လေ့ကျင့်​ရေးသင်တန်းတက်​ရောက်​နေသူများနှင့် မိန့်ခွန်း​ပြောကြား​နေ​သော ဗိုလ်ချုပ်ကြီးရွက်ဆစ်။ ။ဓါတ်ပုံ-Thai PBS)
(RCSS က ဖွင့်လှစ်ထား​သော စစ်အ​ခြေခံ​လေ့ကျင့်​ရေးသင်တန်းတက်​ရောက်​နေသူများနှင့် မိန့်ခွန်း​ပြောကြား​နေ​သော ဗိုလ်ချုပ်ကြီးရွက်ဆစ်။ ။ဓါတ်ပုံ-Thai PBS)

ဖြတ်သန်းခဲ့ပြီးသော နိုင်ငံရေးဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့် ပြည်ထောင်စု အဆင့်၊ ပြည်နယ် အဆင့် သဘောတူညီချက်များကို လက်တွေ့ စတင် အကောင်အထည်ဖော်သွားရန် ၊ အထူးသဖြင့် ဒေသန္တရ အဆင့်မှ အခြေခံ တကျ ပြင်ဆင်တည်ဆောက်သွားနိုင်ရန် လည်း ရည်ရွယ်သည်ဟုဆိုသည်။

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သို့​သော် ၂၀၂၁နှင့် ၂၀၂၂ တွင် SSPP နှင့် ရှမ်းပြည်နယ်​မြောက်ပိုင်းတွင်တိုက်ပွဲဖြစ်ပြီး SSPP နှင့် မဟာမိတ်အဖွဲ့များ၏တိုက်ခိုက်မှု​ကြောင့် ရှမ်း​မြောက်တွင် ယခင်စိုးမိုးထာ​သောနယ်​မြေများလက်လွတ်ဆုံးရှုံးခဲ့သည်။

စစ်​ကောင်စီက ၂၀၂၄ ​ဖေ​ဖော်ဝါရီ ၁၀ ရက်တွင် စစ်မှုထမ်း ဥပဒေ ထုတ်ပြန်ပြီး တစ်ပတ်ကျော်အကြာ ​ဖေ​ဖော်ဝါရီ ၁၉ တွင် RCSSကလည်း ရှမ်းပြည်အတွင်းရှိ အရွယ်ရောက်ပြီးသူများ စစ်မှု မထမ်းမနေရ အမိန့်ထုတ်ပြန်ခဲ့သည်။ မလိုက်နာပါက မြေယာနှင့် နေအိမ်များကို သိမ်းဆည်းသည့် အရေးယူမှု ပြုလုပ်မည်ဟုဆိုသဖြင့် RCSS ၏စစ်မှုထမ်းအမိန့်အ​​ပေါ် ​​ဝေဖန်မှုများစွာရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ခိုလမ်ဒေသ ခိုအွတ်ကျေးရွာအုပ်စု ဝမ့်နန်းကျေးရွာကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့အဖွဲ့ ရောက်ရှိပြီး ဒေသခံတွေနဲ့ တွေ့ဆုံစဉ် စစ်တပ်က တိုက်လေယာဉ်နဲ့ အနီးကပ်ပျံသန်းခြိမ်းခြောက်ခဲ့ကြောင်း RCSSက ဒီကနေ့ မေလ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။