Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNOက တပ်ဖွဲ့တွင်း ရာထူးအပြောင်းအလဲ ပြုလုပ်

PNOသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ၌ စစ်ကောင်စီဘက်က အတူတိုက်ပွဲဝင်နေသည့် ပအိုဝ်း ပြည်သူ့စစ်တပ်ဖွဲ့ဖြစ်သည်။

(ပတ္တမြားနဂါးကုမ္ပဏီပိုင်ရှင် ခရိုနီနေဝင်းထွန်း (ညာစွန်)အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ပတ္တမြားနဂါးကုမ္ပဏီပိုင်ရှင် ခရိုနီနေဝင်းထွန်း (ညာစွန်)အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️ပတ္တမြားနဂါးကုမ္ပဏီပိုင်ရှင် ခရိုနီနေဝင်းထွန်းကို PNOဒုစစ်ဦးစီးချုပ်အဖြစ်တာဝန်ပေးပြီး ဦးအောင်ခမ်းထီ၏ သားသုံးဦးကို စစ်ဘက်ရာထူးများတိုးမြှင့်

မောင်မောင်/People’s Spring

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့က ၎င်းတို့တပ်တွင်း ရာထူးအပြောင်းအလဲများ ပြုလုပ်ခဲ့ပြီး ယခင်အဖွဲ့ခေါင်းဆောင်ဦးအောင်ခမ်းထီ၏ သားများကို စစ်ဘက်ရာထူးတိုးပေးခြင်း၊ အဖွဲ့စီးပွားရေးတာဝန်ခံကို ဒုစစ်ဦးစီးချုပ်ခန့်အပ်ခြင်းနှင့် PNO လော်ဘီအချို့ကို အရပ်ဘက်မှ စစ်ဘက်ရာထူးပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ပအိုဝ်းသတင်းရင်းမြစ်က ပြောပြသည်။

မေလ ဒုတိယပတ်တွင် ပြုလုပ်ခဲ့သည့် PNO၏ စစ်ဘက်ရာထူးအပြောင်းအလဲများ၌ ယခင် တပ်ရင်းမှူး တာဝန်ယူထားသည့် ပတ္တမြားနဂါးကုမ္ပဏီပိုင်ရှင် ခရိုနီနေဝင်းထွန်းကို ဒုစစ်ဦးစီးချုပ်အဖြစ် တာဝန်ပေးခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။ စစ်ဦးစီးချုပ်မှာ ခွန်မြင့်အောင်ဆိုသူ ဖြစ်သည်ဟု ဆိုသည်။

“ဦးအောင်ခမ်းထီရဲ့ သားသုံးယောက်ကိုလည်း သူတို့ ရာထူးတိုးပေးထားတာတွေ့တယ်။ တစ်ယောက်က PNO ပြည်သူ့စစ်ရဲ့ ဗဟိုဆက်ဆံရေး ၊ တစ်ယောက်က ဗျူဟာမှူး။နောက်တစ်ယောက် ဦးအောင်ခမ်းထီ သားအငယ်ဆုံးကျတော့ PNO ပြည်သူ့စစ်အနုပညာတပ်ဖွဲ့ တပ်ရင်းမှူးဆိုပြီး ရာထူးပေးထားတာတွေ့တယ်။ သားအကြီးဆုံးကို ဗျူဟာမှူး။သားအလတ်ရတစ်ယောက်က ဗဟိုဆက်ဆံရေးဌာနမှူးပေါ့”ဟု ပအိုဝ်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ဦးအောင်ခမ်းထီ၏ သားအကြီး ခွန်အောင်ကျော် ကို ဒုဗိုလ်မှူးကြီး အဆင့်ဖြင့်ဗျူဟာမှူး တာဝန်ပေးခဲ့ပြီးသားအလတ် ခွန်အောင်ခမ်းကို ဒုဗိုလ်မှူးကြီးအဆင့်ဖြင့် ပြည်တွင်း၊ပြည်ပ ဆက်ဆံရေးဌာန ဌာနမှူးအဖြစ်လည်းကောင်း ၊ သားအငယ်ဆုံး ခမ်းကိုအား ဗိုလ်မှူးအဆင့်ဖြင့် အနုပညာတပ်ဖွဲ့ တပ်ရင်းမှူးအဖြစ် တာဝန်ပေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

” ခွန်ဆန်းအောင် ဗိုလ်မှူးဆိုတာက အရပ်သားကနေ ချက်ချင်းဗိုလ်မှူးတင်ပေးထားတာ။ အဲဒီ ဆန်းအောင်က သတင်းအမှားတွေ တအားဖြန့်တဲ့ကောင် ပအိုဝ်းဒေသမှာ”ဟု ပအိုဝ်းသတင်းရင်းမြစ်က ပြောသည်။

PNOသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ၌ စစ်ကောင်စီဘက်က အတူတိုက်ပွဲဝင်နေသည့် ပအိုဝ်း ပြည်သူ့စစ်တပ်ဖွဲ့ဖြစ်သည်။

PNO ခေါင်းဆောင် ဦးအောင်ခမ်းထီသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် နေပြည်တော်နှင့် ပအိုဝ်းဒေသရှိ ၎င်း၏ နေအိမ် တို့၌ အကြိမ်ကြိမ်တွေ့ဆုံခဲ့ဖူးသည်။

PNLAကမူ ပြည်သူ့စစ် PNOအနေဖြင့် စစ် ကောင်စီလက်အောက်မှ အမြန်ဆုံးရုန်းထွက်ပြီးပအိုဝ်းအမျိုးသားအရေးအတွက် စစ်အာဏာရှင်တိုက်ဖျက်ရေး တော်လှန်မှုသို့ ကူးပြောင်း ပါဝင်ရန် တိုက်တွန်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။