Connect with us

Hi, what are you looking for?

သတင်း

မံစီနှင့် မိုးမောက်တွင် KIAထိုးစစ်ကို စစ်ကောင်စီတပ် လေကြောင်းပစ်ကူသုံးခုခံနေ

မံစီမြို့နယ်ရှိ တပ်ရင်း ၂ခုမှ အင်အား ၁,၅၀၀ခန့်ကိုလည်း KIA ပူးပေါင်းတပ်က တိုက်ခိုက်နေရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောထားသည်။

(မံစီမြို့တိုက်ပွဲအတွင်း တွေ့ရသော မြင်ကွင်းများကို မေလ ဒုတိယပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - The Kachin Net)
(မံစီမြို့တိုက်ပွဲအတွင်း တွေ့ရသော မြင်ကွင်းများကို မေလ ဒုတိယပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - The Kachin Net)

ထားမြတ်/People’s Spring

ကချင်ပြည်နယ် မံစီမြို့နယ်နှင့် မိုးမောက်မြို့နယ်ရှိ လက်ကျန် စစ်ကောင်စီတပ်ရင်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မံစီနှင့် မိုးမောက်မြို့နယ် ရဲစခန်းများကို မေလ ၇ရက်တွင် KIA သိမ်းပိုက်ပြီးနောက် မေလ ဒုတိယပတ်အတွင်းပင် အဆိုပါမြို့ပေါ် ရှိ စစ်ကောင်စီတပ်များကို တိုက်ထုတ်ကာ မြို့အနီး ကျန်နေသည့် မိုးမောက်အခြေစိုက် ခမရ(၄၃၇) တပ်ရင်း၊ မံစီအခြေစိုက် ခမရ(၃၁၉)တပ်ရင်း၊ ခမရ(၆၀၁)တပ်ရင်းများကို သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

” (မံစီနဲ့ မိုးမောက်မှာ)တိုက်ပွဲက ဆက်ဖြစ်နေတယ်။ မိုးမောက်ဘက် တင့်ကားနဲ့ စစ်ကူလာတာလည်း ဟုတ်တယ်။ ကြာပြီလေ။ မံစီဘက်လည်း လေကြောင်းပစ်ကူအများကြီး ပေး ပစ်ကူပေးနေတာဟုတ်တယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

(မံစီမြို့တိုက်ပွဲအတွင်း တွေ့ရသော မြင်ကွင်းများကို မေလ ဒုတိယပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - The Kachin Net)
(မံစီမြို့တိုက်ပွဲအတွင်း တွေ့ရသော မြင်ကွင်းများကို မေလ ဒုတိယပတ်က တွေ့ရစဉ်။ ဓာတ်ပုံ – The Kachin Net)

အဆိုပါ မိုးမောက်မြို့နယ် စစ်ကောင်စီတပ်တွင် အခြားတပ်စခန်းများမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများပါ ရောက်ရှိနေ၍ ခန့်မှန်းအင်အား ၅၀၀ခန့်ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောထားသည်။

ထို့ပြင် မံစီမြို့နယ်ရှိ တပ်ရင်း ၂ခုမှ အင်အား ၁,၅၀၀ခန့်ကိုလည်း KIA ပူးပေါင်းတပ်က တိုက်ခိုက်နေရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောထားသည်။

မိုးမောက်နှင့် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများစွာကို KIAက ယခုနှစ်ဆန်းအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အဆိုပါတပ်စခန်းများမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများသည် ယခု ကျန်နေသည့် တပ်စခန်းများ၌ စုစည်းနေခြင်းဖြစ်သည်။

ထို့ပြင် ဗန်းမော်မှ မိုးမောက်မြို့နယ်ဘက်သို့ စစ်ကောင်စီက စစ်ကူအင်အားဖြည့်တင်းလျက်ရှိသည်ဟု ဆိုသည်။

KIA တိုက်ပွဲသတင်းများ ဖော်ပြလေ့ရှိသည့် 7Stars News၏ ယနေ့ သတင်းဖော်ပြချက်တွင် မိုးမောက်မြို့နယ်အတွင်း၌ တင့်ကားအသုံးပြု အင်အားဖြည့်လာနေသည့် စစ်ကောင်စီတပ်နှင့် KIA အကြား တိုက်ပွဲများ ပြင်းထန်နေပြီး မံစီတိုက်ပွဲတွင်လည်း စစ်ကောင်စီက လေယာဉ်အများအပြား သုံး ပစ်ကူပေးနေသည်ဟု ဖော်ပြသည်။

(မံစီမြို့တိုက်ပွဲအတွင်း တွေ့ရသော မြင်ကွင်းများကို မေလ ဒုတိယပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - The Kachin Net)
(မံစီမြို့တိုက်ပွဲအတွင်း တွေ့ရသော မြင်ကွင်းများကို မေလ ဒုတိယပတ်က တွေ့ရစဉ်။ ဓာတ်ပုံ – The Kachin Net)

တင့်ကားပါ စစ်အင်အားအများအပြားဖြည့်တင်းလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် မိုးမောက်မြို့အတွင်း ထိုးစစ်ဆင်လာ၍ တိုက်ပွဲပြင်းထန်နေကြောင်း၊ မေလ ၂၈ရက် ညပိုင်းတွင် မံစီကို စစ်ကောင်စီက တိုက်လေယာဉ် များ သုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မံစီနှင့် မိုးမောက်မြို့နယ်တွင် ပြည်သူလူထုနေအိမ် ရာနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း KIA သတင်းပြန်ကြားရေးဌာနက ယခင် သတင်းဖော်ပြချက်များ၌ အသိပေးထားသည်။

မံစီနှင့် မိုးမောက်ဒေသအပါအဝင် ကချင်ဒေသ စစ်ရေးအခြေအနေများကို မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်နေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။