Connect with us

Hi, what are you looking for?

သတင်း

မတူပီမြို့မှ ချင်းပြည်ကောင်စီတပ်ပေါင်းစုဆုတ်ခွာသွားပြီး ချင်းညီ​နောင်က မြို့သိမ်းတိုက်ပွဲ ဆက်လက်ဆင်နွှဲနေ

ချင်းညီနောင်၊ မဟာမိတ် AA နှင့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များ အကြား တစ်ပတ်ခန့်ကြာမြင့်ခဲ့သည့် တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။

(ချင်းညီ​နောင်တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ- ချင်းညီ​နောင်)
(ချင်းညီ​နောင်တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ- ချင်းညီ​နောင်)

▪︎ခလရ(၁၄၀) နှင့်မတူပီ ဗျူဟာကုန်းရှိ ကာကင်းအချို့ သိမ်းပိုက်ရရှိထား၊ မြို့နယ်တစ်ခုလုံးစစ်ကောင်စီ ကင်းစင်အောင် ကြိုးပမ်းမည်ဟု ဖော်ပြ

ထားမြတ်/People’s Spring

ချင်းပြည်နယ် မတူပီမြို့နယ်တွင် ချင်းညီနောင် ပူးပေါင်းတပ်နှင့် ချင်းပြည်ကောင်စီပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ဇွန်လ ၂၄ရက် ညနေပိုင်း၌ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များ ဆုတ်ခွာသွားပြီဖြစ်ကြောင်း ချင်းညီနောင်က သတင်းထုတ်ပြန်သည်။

ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပါဝင်သည့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုနှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) ၆ဖွဲ့ စုဖွဲ့ထားသည့် ချင်းညီနောင် မဟာမိတ်တပ်များသည် ဇွန်လ ၁၈ရက်က စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ချင်းညီနောင်နှင့်အတူ ရက္ခိုင့်တပ်တော်(AA) လည်း စစ်ရေးပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

ချင်းညီနောင်က ဇွန်လ ၁၇ရက်တွင်မတူပီ အခြေစိုက် ခမရ(၃၀၄) တပ်ရင်းကို သိမ်းပိုက်ပြီး ခလရ(၁၄၀)နှင့် မတူပီ ဗျူဟာကိုဆက်လက်ထိုးစစ်ဆင်နေစဉ် ချင်းပြည်ကောင်စီတပ်ပေါင်းစုက စတင်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း လာရောက်နှောက်ယှက်သော CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များအား ဇွန်လ ၂၄ရက်တွင်မောင်းထုတ်နိုင်ခဲ့ပြီးခလရ(၁၄၀)နှင့် မတူပီ ဗျူဟာကုန်းရှိကာကင်းတချို့တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်း ချင်းညီနောင်က ယနေ့ (​ဇွန် ၂၅)သတင်းထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် ချင်းပြည်ကောင်စီတပ်ပေါင်းစုကို​မောင်းထုတ်နိုင်ခဲ့​ကြောင်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မတူပီမြို့နယ်တစ်ခုလုံး စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ရေး အစွမ်းကုန် ကြိုးပမ်းမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။

ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များက ၎င်းတို့ တပ်စွဲထားသည့် ငလိုင်နှင့် ဖနိုင်အကြား တောင်ကြောအနီးမြေမြှုပ်မိုင်းများ ထောင်ထား၍ ရှင်းလင်းရေး မလုပ်နိုင်သေးမီ ကာလအတွင်း မတူပီမြို့နယ် အတွင်း ပြည်သူများအနေဖြင့် အဆိုပါနေရာများသို့ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် ချင်းညီနောင်က ထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအား အထူးသတိပြုရန်လည်း အသိပေးထားသည်။

ချင်းညီနောင်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီအား ဆက်သွယ်မေးမြန်း​နေဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းအကြား ယခုကဲ့သို့ ပဋိပက္ခများ ထပ်မံ မဖြစ်ရေး လိုအပ်သည့် အခြေအနေကို ချင်းညီနောင် တာဝန်ရှိသူအား မေးမြန်းရာ ၎င်းက “တဖက်က ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးကို ထပ်ပြီး အဟန့်အတန့်လာမလုပ်ဖို့ပဲ လိုအပ်တာပါ” ဟု ပြောသည်။

ထို့ပြင် ညှိနှိုင်းဆွေးနွေးမှု ဖြစ်ပေါ်လာရေးနှင့်ပတ်သက်ပြီးလည်း ချင်းညီနောင်တာဝန်ရှိသူက “ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့နှစ်ခုကြားမှာ ဆွေး‌နွေးနိုင်ဖို့ဆိုရင်တော့ Third Party လိုပါမယ်။ အခုထိတော့ဘယ်အဖွဲ့အစည်းကမှ အဲ့လိုလာစေ့‌စပ်ညှိနှိုင်းပေးတဲ့သူမရှိသေးပါဘူး ခဗျ။”ဟု ပြောသည်။

ချင်းညီနောင်၊ မဟာမိတ် AA နှင့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များ အကြား တစ်ပတ်ခန့်ကြာမြင့်ခဲ့သည့် တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။