Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းတပ်ဖွဲ့အချင်းချင်းကြား ပဋိပက္ခကို NUCC အပါအဝင် သမာသမတ်ရှိ​သော အဖွဲ့များက ကြားဝင်ဖြေရှင်းပေးရန် ချင်းညီနောင် လိုလား

NUCCက အသိအမှတ်ပြု စုဖွဲ့ထားသည့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) လည်းရှိနေသေးကြောင်းချင်းညီနောင်က ပြောသည်။

(ချင်းပြည်​ကောင်စီတပ်​ပေါင်းစုမှ တပ်ဖွဲ့ဝင်များ နှင့် ချင်ညီ​နောင်မှ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CDF-VAKOK ၊ Yaw Mang)
(ချင်းပြည်​ကောင်စီတပ်​ပေါင်းစုမှ တပ်ဖွဲ့ဝင်များ နှင့် ချင်ညီ​နောင်မှ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CDF-VAKOK ၊ Yaw Mang)

ဟန်နွေ/People’s Spring

ချင်းညီနောင် နှင့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုအကြား လတ်တလော ဖြစ်နေသည့် တိုက်ပွဲအပါအဝင် ပဋပက္ခများကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) အပါအဝင် သမာသမတ်ရှိ​သော အဖွဲ့အစည်းများက ကြားဝင်ဖြေရှင်းပေးပါက ကောင်းမွန်ကြောင်း ချင်းညီနောင်တာဝန်ရှိသူက ပြောသည်။

ဇွန်လ ၂၀ရက်ညပိုင်းက ပြုလုပ်သည့် ချင်းညီနောင် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက ပြည်နယ်တစ်ခုအတွင်း ဖြစ်နေသည့် ပဋိပက္ခကို NUCC အနေဖြင့် မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်သင့်သလဲဆိုသည့် ​မေးခွန်းနှင့်ပတ်သက်၍ ချင်းညီနောင်၏ သဘောထားကို မေးမြန်းရာ ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

(ချင်းပြည်​ကောင်စီတပ်​ပေါင်းစုမှ တပ်ဖွဲ့ဝင်များ နှင့် ချင်ညီ​နောင်မှ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CDF-VAKOK ၊ Yaw Mang)
(ချင်းပြည်​ကောင်စီတပ်​ပေါင်းစုမှ တပ်ဖွဲ့ဝင်များ နှင့် ချင်ညီ​နောင်မှ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CDF-VAKOK ၊ Yaw Mang)

“ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး third party တစ်ခုခုကနေ ပြန်လည်စုစည်းပေးမယ်၊ NUCC ကနေ ICNCCကနေ စသဖြင့် ချင်းပြည်အရေးကို ဖက်ဒရယ်ပြည်နယ်တစ်ခုနဲ့တစ်ခု ရှမ်းနဲ့ ကရင်နီနဲ့၊ ရှမ်းနဲ့ ကချင်မဟုတ်ဘဲနဲ့ ချင်းထဲမှာကို ဒီလိုမျိုး အချင်းချင်း ပြဿနာ ဖြစ်ကြတယ်ဆိုတဲ့ ပြဿနာတွေအတွက် ဘယ်လိုမူရှိသလဲ သူတို့ကလည်း ဘယ်လိုပုံစံနဲ့ ချဉ်းကပ်ပြီး ဖြေရှင်းနိုင်မလဲဆိုတာလည်း အားလုံးလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဘယ်လိုပြောမလဲ ဝိုင်းဝန်းပြီးမှ ဒီပဋိပက္ခတွေကို ဖြေရှင်းပေးမယ့် သမာသမတ်ရှိတဲ့ moral Superiority အဖွဲ့အစည်းတွေလည်း ကြားဝင်ဖြေရှင်းပေးရင် အားလုံးအတွက်လည်း ကောင်းမယ်လို့ မြင်ပါတယ်” ဟု ချင်းညီနောင်တာဝန်ရှိသူက ပြောကြားသည်။

Public Service Announcement

Public Service Announcement

NUCCက အသိအမှတ်ပြု စုဖွဲ့ထားသည့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) လည်းရှိနေသေးကြောင်းချင်းညီနောင်က ပြောသည်။

ယခင်က ချင်းညီနောင်အဖွဲ့ဝင်များနှင့် ချင်းပြည်ကောင်စီ အဖွဲ့ဝင်များသည် ICNCC စုဖွဲ့မှုတွင် အတူတကွရှိနေကာ စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုရှိခဲ့သည်။ နောက်ပိုင်းတွင် ချင်းအမျိုးသားတပ်ဦး(CNF)က ICNCC မှနှုတ်ထွက်ကာ နောက်ပိုင်းတွင် ချင်းပြည်ကောင်စီကို၊ ချင်းပြည်အစိုးရ တို့ကို ဖွဲ့စည်းခဲ့သည်။

တစ်ဖက်တွင်လည်း လက်ရှိ ချင်းညီနောင်အဖွဲ့တွင်ပါဝင်သည့် CDF မင်းတပ်၊ PDF ဇိုလဲန်း၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) စသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ICNCC၏ လမ်းကြောင်းအတိုင်း ချင်းနိုင်ငံရေးကို ဆက်သွားမည်ဟု အသိပေးခဲ့သည်။

ထို့နောက် ချင်းညီနောင် စုဖွဲ့မှု ပြုလုပ်ကာ ရက္ခိုင့်တပ်တော်(AA)နှင့် မဟာမိတ် အဖြစ် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ချင်းပြည်နယ်အတွင်း လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

“ICNCC အဖွဲ့အစည်း ရှိသေးတယ်။ ရှိနေရဲ့သားနဲ့ကို ဒီ ICNCC အဖွဲ့အစည်းထဲက ထွက်ပြီး အခြားအဖွဲ့ထပ်ထောင် ၊ ကွန်စတီကျူးရှင်းတွေ နှစ်ခု သုံးခုရေး အမျိုးမျိုးရေးလို့ အဆင်မပြေတဲ့အချိန်ကျမှ ချင်းလဲန်းကောင်စီ ပြန်ထောင်။ ချင်းပြည်မှာ အချင်းချင်းကွဲပြားအောင် ကိုယ့်ရဲ့ ဩဇာခံ မရမက လိုက်စုဆောင်းရင်းနဲ့ ဒီအခြေအနေထိ ကွဲပြဲလာကြတဲ့ အခြေအနေ ရောက်လာတယ်လို့ မြင်ပါတယ်” ဟု ချင်းညီနောင်တာဝန်ရှိသူက လက်ရှိ ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုအကြား ပြဿနာများ ဖြစ်ပေါ်လာမှု အပေါ် ပြောပြသည်။

ချင်းပြည်ကောင်စီ တပ်ပေါင်းစု၌ ပါဝင်သည့် ချင်းအမျိုးသားတပ်မတော်(CNF/CNA) ကလည်း ချင်းညီနောင်အဖွဲ့ဝင်များဖြင့် ညှိနှိုင်းဆွေးနွေးရန် ကြိုးပမ်းခဲ့ကြောင်း အသိပေးထားသည်။

ယခုအခါ မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းကို ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုများက အပြိုင်တိုက်ခိုက်ရာမှ ပြဿနာ ဖြစ်ခဲ့သည်။ ဇွန်လ ၁၈ရက်မှ စ၍ တော်လှန်ရေးတပ် အချင်းကြား တိုက်ပွဲဖြစ်ခဲ့ကာ ဇွန် ၂၁ အထိ ၄ရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းအမျိုးသားတပ်မတော်(CNA) ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီနှင့် ပူးပေါင်းပြီး ချင်းညီနောင်နှင့် မဟာမိတ်များကို ထိုးစစ်ဆင်ခဲ့ကြောင်း ချင်းညီနောင် အဖွဲ့ဝင်များက ဖမ်းမိ စစ်သုံ့ပန်း ဗိုလ်မှူးရဲမင်းထွန်း၏ ထွက်ဆိုချက်ကို ထုတ်ပြန်ခဲ့သည်။

သတင်း

မတူပီမြို့ရှိ စစ်ကောင်စီဗျူဟာနှင့် တပ်ရင်းများကို ချင်းညီနောင်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ခိုက်လာ၍ စခန်းစွန့် ဆုတ်ခွာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်မိသားစု၊ ဝန်ထမ်းများ၊ ရဲများ၊ ရဲမိသားစုဝင်များ စုစုပေါင်းအင်အား ၆၀၀ခန့်ရှိပြီး လမ်းခရီး၌ အများအပြားသေဆုံးခဲ့ရဟု ချင်းညီနောင်ထံ အလင်းဝင်ခဲ့သည့် ဗိုလ်မှူး ရဲမင်းထွန်းက ပြောသည်။

သတင်း

ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များကို CNF/CNA ပူးပေါင်းတပ်က ထိုးစစ်ဆင်မှုကြောင့် ဇွန်လ ၂၄ရက်မှ ဇူလိုင် ၇ရက်ထိ ပစ်ခတ်မှု ၈ကြိမ်ဖြစ်ခဲ့သည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။

သတင်း

ချင်းညီနောင်နှင့် အာရက္ခတပ်တော်(AA)ပါဝင်သည့် မဟာမိတ်ပူးပေါင်းတပ်သည် မတူပီ မြိုကို ဇွန်လ ၂၉ရက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။