Connect with us

Hi, what are you looking for?

သတင်း

မတူပီမြို့သိမ်းတိုက်ပွဲ ဟောင်ဝစ်ဇာနှင့် လေယာဉ်ပစ်၂လက်အပါအဝင် လက်နက်ခဲယမ်းများစွာရဟု ချင်းညီနောင်ထုတ်ပြ

ချင်းညီနောင်နှင့် အာရက္ခတပ်တော်(AA)ပါဝင်သည့် မဟာမိတ်ပူးပေါင်းတပ်သည် မတူပီ မြိုကို ဇွန်လ ၂၉ရက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

(မတူပီမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - PDF Zoland)
(မတူပီမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - PDF Zoland)

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာ ရှရိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ချင်းညီနောင်နှင့် အာရက္ခတပ်တော်(AA)ပါဝင်သည့် မဟာမိတ်ပူးပေါင်းတပ်သည် မတူပီ မြိုကို ဇွန်လ ၂၉ရက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

(မတူပီမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - PDF Zoland)
(မတူပီမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – PDF Zoland)

အဆိုပါ မြို့သိမ်းတိုက်ပွဲအတွင်း မတူပီ အခြေစိုက် ခမရ(၃၀၄)တပ်ကို ဇွန်လ ၁၇ရက်တွင်လည်းကောင်း၊ မတူပီ ဗျူဟာနှင့် ခလရ (၁၄၀)တပ်ရင်းကို ဇွန်လ ၂၉ရက်တွင်လည်းကောင်း သိမ်းရခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲများအတွင်း နှစ်ဖက် ထိခိုက်ကျဆုံး မှုရှိခဲ့ပြီး အရေအတွက်ထုတ်ပြန်ခြင်းမရှိပေ။

ထို့ပြင် ယခုရရှိခဲ့သည့် လက်နက်ခဲယမ်း အရေအတွက်များကိုလည်း ဖော်ပြထားခြင်းမရှိသေးပေ။

(မတူပီမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - PDF Zoland)
(မတူပီမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – PDF Zoland)

စစ်ကောင်စီ၏ မတူပီအခြေစိုက်ဗျူဟာနှင့် ခမရ(၃၀၄)၊ ခလရ(၁၄၀)တို့မှ ဟောင်ဝပ်ဇာအမြောက်၊ 14.5 ZPU လေယာဉ်ပစ်စက်သေနတ်ကြီးနှစ်လက်၊ အခြားလက်နက်ကြီး လက်နက်ငယ်များနှင့်အတူ ခဲယမ်းမီးကျောက်အမြောက်အများသိမ်းဆည်းရရှိခဲ့​ကြောင်း ချင်းညီ​နောင် အဖွဲ့ဝင် PDF Zoland ကဓါတ်ပုံနှင့်တကွထုတ်ပြန်လိုက်သည်။

ဖော်ပြရန် ကျန်ရှိနေသေးသည့် လက်နက်ခဲယမ်းများကိုလည်း ထပ်မံ ကြေညာသွားမည်ဟုလည်း ချင်းညီနောင်က အသိပေးသည်။

(မတူပီမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - PDF Zoland)
(မတူပီမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – PDF Zoland)

ချင်းညီနောင်နှင့် မဟာမိတ်တပ်များသည် ယခု ၂၀၂၄အတွင်း ချင်းပြည်နယ်မှ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကာ ယခု ကျန်နေသည့် စစ်ကောင်စီ တပ်များကို ဆက်လက်တိုက်ခိုက်မည်ဟု အသိပေးထားသည်။ အဆိုပါ ပူးပေါင်းတပ်သည် ကျင်ဒွေးမြို့ ကိုလည်း သိမ်းပိုက်ထားပြီးဖြစ်သည်။

(မတူပီမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - PDF Zoland)
(မတူပီမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – PDF Zoland)

ချင်းညီနောင်၏ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ချင်းတော်လှန်ရေးတပ်ဖြစ်သည့် ချင်းပြည် ကောင်စီတပ်ပေါင်းစုနှင့် အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ရာ ယင်းပြဿနာများကို ပြေလည် အောင် ဆွေးနွေးဖြေရှင်းကြရန်လည်း ချင်းပြည်သူများက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော