Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့ကို တော်လှန်ရေးတပ်ဖွဲ့များစီးနင်းတိုက်ခိုက်ပြီး မြို့ကိုနာရီပိုင်းကြာ ထိန်းချုပ်

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် ပူးပေါင်းတပ်များသည် ဇွန်လ ၂၇ ရက်ကလည်း ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်စခန်း ၅ ခုအား သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

(ပုလဲမြို့ပေါ် စစ်ကောင်စီတပ်စွဲရာနေရာများအား PDFများတိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - File Video)
(ပုလဲမြို့ပေါ် စစ်ကောင်စီတပ်စွဲရာနေရာများအား PDFများတိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - File Video)

▪︎ပျူ​စောထီးအမျိုးသမီး ၂ ဦးကိုဖမ်းမိပြီး၊ စစ်​ဆေးရန်မြို့နယ် ပကဖ သို့လွှဲ​ပြောင်း​ပေး

ဇေအောင်၊မိထက်/People’s Spring

စစ်ကိုင်းတိုင်း ပုလဲမြို့ရှိ စစ်ကောင်စီစခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ပြီး မြို့ကို နာရီပိုင်းအကြာ ထိန်းချုပ်ခဲ့သည်။

ဇူလိုင် ၇ရက် နံနက်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီ​မိုကရက်တစ်တပ်ဦး(ABSDF)၊ ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ဒေါင်းနက်-နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ နှင့် ရပ်ရွာတော်လှန်ရေးတပ်ဖွဲ့ဝင်ပူးပေါင်းတပ်များက ပုလဲမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာ နေရာများကို တပြိုင်းတည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲံခြင်းဖြစ်​ကြောင်း PLA ကထုတ်ပြန်သည်။

(ပုလဲမြို့ပေါ် စစ်ကောင်စီတပ်စွဲရာနေရာများအား PDFများတိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - File Video)
(ပုလဲမြို့ပေါ် စစ်ကောင်စီတပ်စွဲရာနေရာများအား PDFများတိုက်ခိုက်နေစဥ်။ ဓာတ်ပုံ – File Video)

” မြို့ရဲ့တောင်ဘက်နဲ့ မြောက်ဘက်မှာရှိတဲ့ စခန်းနှစ်ခုကို ဝင်တိုက်တာ။ ပြည်သူ့စစ်နှစ်ယောက်ဖမ်းမိလာတယ်။ စစ်ဆေးစရာတွေရှိတာမို့ ပကဖကို ပြန်အပ်ထားပါတယ်”ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဦးဇော်ထက်က ပြောသည်။

Public Service Announcement

Public Service Announcement

ပုလဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းများအား ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးပြည်သူ့စစ်(ပျူစောထီး)အဖွဲ့ဝင် ၂ ဦး ဖမ်းဆီးရမိကြောင်း အနောက်မြောက်စစ်ဒေသ-အမှတ်(​၈၁၅)တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုမြင့်နိုင်က ပြောသည်။

“ဘန်ကာတွေဘာတွေတော့ဖြိုနိုင်တယ်။ ရှေ့တခေါက်တွေနဲ့မတူတဲ့ ရန်သူ့စခန်းနဲ့အနီးကပ်ဆုံး မီတာတစ်ရာအကွာလောက်အထိ ကပ်ပြီးတော့ပစ်နိုင်ခဲ့တယ်။ လောလောဆယ်အထဲမှာရှိတဲ့သူတွေရဲ့ထိခိုက်မှုတော့ စုံစမ်းလို့မရသေးဘူး”ဟု ကိုမြင့်နိုင်က ရှင်းပြသည်။

တိုက်ပွဲမှာ ၃နာရီခန့်ကြာမြင့်ခဲ့ပြီး ပုလဲမြို့အား ၂နာရီကျော်ထိန်းချုပ်နိုင်ခဲ့သည်ဟု ဒေသတွင်းတပ်ပေါင်းစုများက ပြောသည်။

“ဖမ်းမိတာ အမျိုးသမီးတွေပါ။ တိုက်ပွဲတွင်းကနေထွက်လာကြတာ။ ထွေအုပ်ရုံးထဲမှာရှိတဲ့စစ်သားတွေကို ထောက်တိုင်ပြုနေတဲ့သူတွေ။ ပုလဲမြို့မှာ ပြည်သူ့စစ်တို့ပျူစောထီးတို့​နေတာ နာမည်ကြီးတဲ့ ရပ်ကွက်ကလူတွေဖြစ်နေတယ်။”ဟု ကိုမြင့်နိုင်က ပြောသည်။

ABSDF-Column 3 ပြန်ကြားရေးတာဝန်ခံက ” ရုံးတွေကို စီးနင်းပြီး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အခြေအနေအရ ပြန်ဆုတ်ခဲ့ကြပါတယ်”ဟု ပြောသည်။

(ပုလဲမြို့ပေါ် စစ်ကောင်စီတပ်စွဲရာနေရာများအား PDFများတိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - File Video)
(ပုလဲမြို့ပေါ် စစ်ကောင်စီတပ်စွဲရာနေရာများအား PDFများတိုက်ခိုက်နေစဥ်။ ဓာတ်ပုံ – File Video)

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဘန်ကာအချို့ ရရှိခဲ့ပြီး အရှင်ဖမ်းမိထားသည့် ပြည်သူ့စစ် နှစ်ဦးအား ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆက်လက် စစ်ဆေးနေဆဲဖြစ်သည်။

ထိုစစ်ဆင်​ရေးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ အနောက်မြောက်စစ်ဒေသ-အမှတ်(​၈၁၅)တပ်ဖွဲ့ ၊ မြန်မာနိူင်ငံလုံးဆိုင်ရာကျောင်းသားများဒီ​မိုကရက်တစ်တပ်ဦး(ABSDF)-Column 3 တပ်ရင်း ၁၄(ချင်းတွင်းဒေသ)၊ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ဒေါင်းနက်-နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ နှင့် ရပ်ရွာတော်လှန်ရေးတပ်ဖွဲ့ဝင်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး – BLDF ကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Monywa People Defence Force(MPDF)မှတဆင့် တပ်ခွဲ ၆ ခုဖြင့်၂၀၂၂ ခုနှစ်အစပိုင်းတွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် ပူးပေါင်းတပ်များသည် ဇွန်လ ၂၇ ရက်ကလည်း ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်စခန်း ၅ ခုအား သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။