Connect with us

Hi, what are you looking for?

သတင်း

ကျိုက်မရောမြို့နယ်ရွာနှစ်ရွာကိုစစ်ကောင်စီလေကြောင်းမှဗုံးကြဲ ​ဒေသခံပြည်သူ ၁၅ဦးထက်မနည်းသေဆုံး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နှစ်နေရာကို စစ်ကောင်စီတပ်ကလေကြောင်းမှဗုံးကြဲတိုက်ခိုက်သဖြင့်ဒေသခံပြည်သူ ၁၅ဦး ထက်မနည်းသေဆုံးကြောင်း ​ဒေသခံများကပြောသည်။

ကျိုက်မ​ရော မြို့နယ်နှင့် အနီးတဝိုက်ကို Google Earth တွင်​တွေ့ရမှု

မိထက်/ People’s Spring

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နှစ်နေရာကို စစ်ကောင်စီတပ်ကလေကြောင်းမှဗုံးကြဲတိုက်ခိုက်သဖြင့်ဒေသခံပြည်သူ ၁၅ဦး ထက်မနည်းသေဆုံးကြောင်း ​ဒေသခံများကပြောသည်။

ကျိုက်မရောမြို့နယ်၊ လွှစင်ကုန်းကျေးရွာ နှင့် ငပုအင်းရွာသစ် ဘုန်ကြီးကျောင်းကို ယနေ့ (ဇူလိုင်လ၁၉ရက်)နံနက် ၁၀နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှဗုံးလေးလုံးကြဲခဲ့ ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဘာတိုက်ပွဲမှမရှိဘဲ နဲ့ လေကြောင်းကနေပစ်ချသွားတာပါ။ ငပုအင်းရွာဘုန်ကြီးကျောင်းဆို လုံးဝပျက်စီးသွားပါတယ်။ ဘုန်းကြီးကျောင်းကချက်ပြုတ်ရေးအဖွဲကလူ‌တွေ အများဆုံးသေဆုံးတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

လတ်တလောတွင် အမျိုးသမီးအချို့အပါအဝင် ရုပ်အလောင်း ၁၃ လောင်းတွေ့ရှိထားပြီး ပျောက်ဆုံးနေသူများလည်းရှိသည်ဟု ဒေသခံများကပြောသည်။

ထိုအပြင် လွှစင်ကုန်းကျေးရွာလမ်းဆုံကိုလည်း ဗုံးကြဲတိုက်ခိုက်သွားရာ အရပ်သားနှစ်ဦးသေဆုံးကြောင်းသတင်းရရှိသည်။ လက်ရှိတွင် စစ်ကောင်စီလေကြောင်းမှထပ်မံတိုက်ခိုက်လာမည်စိုး၍ ဒေသခံများပြားဘေးလွတ်ရာထုတ်ပြေးနေကြသည်။

စစ်ကောင်စီသည် ယမန်‌​နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မဈေးအားလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားခုနစ်ဦးထက်မနည်းသေဆုံးပြီး ၂၀ကျော်ဒဏ်ရာရရှိခဲ့သည်။

စစ်​​ကောင်စီတပ်၏ ​လေ​ကြောင်းတိုက်ခိုက်မှုအချက်အလက်များကို စု​ဆောင်းထုတ်ပြန်​ပေး​နေ​သော ဥာဏ်လင်းသစ် သု​တေသနအဖွဲ့က ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ရက်ပေါင်း ၁၂၁ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ်​ပေါင်း (၈၁၉) ကြိမ်ရှိခဲ့ပြီး ပြည်သူ ၃၅၉ ဦး​သေဆုံးကာ ၇၅၆ ဦးဒဏ်ရာရရှိခဲ့​ကြောင်း ထုတ်ပြန်ခဲ့သည်။ထို​ကြောင့် စစ်အုပ်စုသည် ၁ ရက်လျှင် လေကြောင်းတိုက်ခိုက်မှု အကြိမ်​ရေ ပျမ်းမျှအနည်းဆုံး၆ ကြိမ်ပြုလုပ်​နေခြင်းဖြစ်ပြီး တစ်ရက်လျင် ပြည်သူ ၃ ​ယောက်ခန့်ကို ဗုံးကြဲသတ်ဖြတ်​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်