Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့တွင် စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်လာ

မကွေးတိုင်း၊ ထီးလင်းမြို့ရှိ ရွှေထီးခန်းမမှ စစ်ကောင်စီတပ်သားတစ်ဦးသည် ဂန့်ဂေါခရိုင် အမှတ်(၁၈) တပ်ရင်း(YNRF)ထံ အလင်းဝင်လာခဲ့သည်။

အလင်းဝင်လာသော စစ်ကောင်စီတပ်သားအား တွေ့ရစဥ်။ ဓာတ်ပုံ - YNRF

မိထက်/People’s Spring

မကွေးတိုင်း၊ ထီးလင်းမြို့ရှိ ရွှေထီးခန်းမမှ စစ်ကောင်စီတပ်သားတစ်ဦးသည် ဂန့်ဂေါခရိုင် အမှတ်(၁၈) တပ်ရင်း(YNRF)ထံ အလင်းဝင်လာခဲ့သည်။

တပ်သား ကျော်မိုးဆွေသည် MA 1 သေနတ်တစ်လက်၊ ကျည်ဘောက် သုံးခု၊ ၅.၅၆ ကျည် ၃၄၇ တောင့် ၊ကျည်ကာအင်္ကျီနှစ်ထည်နှင့်အတူ ဇူလိုင် ၈ရက်က အလင်းဝင်လာခဲ့ခြင်းဟု YNRFက ယနေ့(ဇူလိုင် ၁၉ရက်) သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – YNRF

” လူငယ်‌တစ်ယောက်ပါ။ သူ့လုပ်သင့်တာ လုပ်တာလို့ ပြောပါတယ်။ ကျတော်တို့ကတော့ ကြိုဆိုနေပါတယ်”ဟု ထီးလင်းမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားအား YNRFက ကျပ်သိန်း၅၀ ‌ပေးအပ်ခဲ့သည်။

YNRF သည် ထီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားသည့်နေရာ ရှစ်ခုကို ဂန့်‌ဂေါခရိုင်တပ်ရင်းများနှင့်ထီးလင်းမြို့နယ်ပကဖ ပူးပေါင်းပြီး ဇူလိုင် ၉ရက်က တိုက်ခိုက်ခဲ့သည်။ ထီးလင်းမြို့သို့ အားစမ်းထိုးစစ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဟု YNRFက သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။