Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းမြို့နယ် တုမရကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူငါးဦးအား သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တုမရကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူ ငါးဦးအား သတ်ဖြတ် သွားကြောင်း ဒေသခံများက ပြောသည်။

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တုမရကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူ ငါးဦးအား သတ်ဖြတ် သွားကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက် ညပိုင်းက မင်းကင်းမြို့မှ စစ်ကောင်စီတပ်သည် တုမရကျေးရွာသို့ ဝင်ရောက်ကာ အမျိုးသား လေးဦး၊ အမျိုးသမီး နှစ်ဦးအား ဖမ်း​ဆီးသတ်ဖြတ်ခဲ့ကြောင်း၊ သို့သော် အမျိုးသားတစ်ဦးအား သေပြီအထင်ဖြင့် စစ်တပ်က ပစ်ထားခဲ့၍ အသက်ရှင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ရွာထဲကနေ ဆွဲထုတ်ပြီးမှ လယ်ကွင်းပြင်မှာ သတ်သွားတာ။ လူနာကတော့ ဆေးရုံပို့ထားပြီ။ စိတ်တော့ချရပါပြီ။ သူကတစ်ညလုံးပဲ သေဟန်ဆောင်ပြီး နေလိုက်တာ ပြောတယ်။ ဓါးချက်တွေကတော့များတယ်။ တကိုယ်လုံးအနှံ့ပဲ။”ဟု Student’s Revolutionary Force(S.R.F) အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်Bravoက ပြောသည်။

လွတ်​မြောက်လာသူမှာ (၃၉)နှစ်အရွယ် ကိုတူးနိုင်ဆိုသူဖြစ်ပြီး ၎င်း၏ဇနီး (၃၈)နှစ်အရွယ် မလှလေးနွယ်နှင့်အတူ (၅၀)နှစ်အရွယ် ဦးဝင်းဆွေ၊( ၆၀)နှစ်အရွယ် ဦးတင်ဝင်း၊( ၃၈)နှစ်အရွယ် ကိုချစ်ကို၊ အသက် ၃၈နှစ်အရွယ် မမျိုးမျိုးဝင်းတို့ စုစုပေါင်း ၅ ဦး သတ်ဖြတ်ခံလိုက်ရကြောင်း Student’s Revolutionary Force(S.R.F)အဖွဲ့က အသိပေးသည်။

၎င်းတို့အား PDF သတင်းပေးဟူသော စွပ်စွဲချက် နှင့် ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း SRF အဖွဲ့က ယူဆသည်။

ကိုတူးနိုင်၏ ပြောကြားချက်အရ ၎င်း၏ဇနီးဖြစ်သူ မလှလေးနွယ်အပါအဝင် ကျန်ပြည်သူများကို မျက်စိရှေ့တွင်ပင် ဓားဖြင့်လှီးဖြတ်ပြီး သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

ကိုတူးနိုင်မှာ ဓားချက်များစွာ ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေပြီအထင်ဖြင့် ပစ်ထားခဲ့ရာမှ အသက်ပြန်ဆယ်နိုင်ခဲ့ပြီး ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့မှ ကယ်ဆယ် ကာ ဆေးကုသပေးနေကြောင်း S.R.Fအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်Bravoက ပြောသည်။

တုမရကျေးရွာသည် စစ်ကောင်စီတပ်ဖွဲ့၏ ထိန်းချုပ်နယ်မြေအတွင်း၌ ရှိနေသည်။ စစ်ကောင်စီကမူ ထိုဖြစ်စဉ်ကို ဓာတ်ပုံမှတ်တမ်းများရယူပြီး PDFများသတ်ဖြတ်သယောင် ဝါဒဖြန့်ရန် ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ