Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးမြို့ကို စစ်ကောင်စီ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေ

မန္တလေး PDF သိမ်းပိုက်ထိန်းချုပ်ထားသော စဥ့်ကူးမြို့ကို စစ်ကောင်စီက ရေကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ ဒေသခံ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရသည်။

စဥ့်ကူးမြို့အနီး ဆန်တက်လာသော စစ်ကောင်စီရေယာဥ်တစ်စီး။ ဓာတ်ပုံ - Wetlet Informational Network

ဇေအောင်/People’s Spring

မန္တလေး PDF သိမ်းပိုက်ထိန်းချုပ်ထားသော စဥ့်ကူးမြို့ကို စစ်ကောင်စီက ရေကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ ဒေသခံ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရသည်။

ဇူလိုင် ၂၀ရက်က ဧရာဝတီမြစ်အတိုင်း စဥ့်ကူးမြို့အနီးသို့ ဆန်တက်လာသော စစ်ကောင်​စီရေယာဥ်များသည် ည ၁၀နာရီခန့်တွင် လက်နက်ကြီးများဖြင့် စဥ့်ကူးမြို့ကို ပစ်ခတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

စဥ့်ကူးမြို့နယ်၊ လက်ပန်လှရွာရှိ ရပ်ကွက်အချို့၌လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“၁၀လုံးလောက် ရှိမယ်။ လက်ပံလှ၊ ပြည်စိုးအောင် ရပ်ကွက် ရုံးပင်ကုန်အနီးတဝိုက်တွေ ကျတယ်။ အထိခိုက်ရှိ၊မရှိတော့မသိရသေးဘူး။”ဟု အထက်ပါအဖွဲ့ဝင်က ပြောသည်။

လက်နက်ကြီးပစ်ခတ်မှုများကြောင့် စဥ့်ကူးမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“လက်ပန်လှကိုပစ်တာက ကျောက်မြောင်းစစ်တပ်က ပစ်နေတာပါ။ သင်္ဘောပေါ်က စဉ့်ကူးမြို့ကိုပစ်နေတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များက စဥ့်ကူးမြို့အား စစ်တပ်က ဝင်ရောက်နယ်မြေရှင်းလင်းခဲ့ကြောင်း ဓာတ်ပုံများရိုက်ကူး၍ ဝါဒဖြန့်နေသည်။

စဥ့်ကူးမြို့အား ပြန်လည်သိမ်းပိုက်ထားကြောင်း စစ်တပ်ကဝါဒဖြန့်နေမှုနှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က”မဟုတ်ပါဘူး။ စဉ့်ကူးမြို့ကို ကျွန်တော်တို့ ထိန်းချုပ်ထားဆဲပါ။”ဟု လူထုနွေဦးသို့ ပြောသည်။

ကိုအော်စမွန်က “ဒီစဥ့်ကူးမြို့ကို MDY PDFအနေနဲ့ အလွယ်တကူသိမ်းပိုက်ရရှိခဲ့တာမဟုတ်တဲ့အတွက် အလွယ်တကူပြန်စွန့်လွှတ်တာမျိုးတော့ လုံးဝလုပ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မြို့လုံခြုံရေးနဲ့ပတ်သတ်တဲ့၊ ခုခံကာကွယ်ရေးနဲ့ပတ်သတ်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့အားလုံးကို လုပ်ဆောင်သွားဖို့ရှိပါတယ်ဗျ။”ဟု လူထုနွေဦးကို ဖြေကြားထားသည်။

စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းအားလုံးအား ဇူလိုင် ၁၇ရက်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ် သမိုင်းမှတ်တမ်းဝင်ကြောင်း မန္တလေး PDFက ဇူလိုင်၂၀ရက်တွင် သတင်းထုတ်ပြန်သည်။

စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်ရမိခဲ့သည်ဟု မန္တလေး PDF က အသိပေးသည်။ စဉ့်ကူးစစ်ဆင်ရေးများအတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့သောကြောင့် မြို့နေဧရိယာများ ၊ အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

မန္တလေး PDFသည် စဉ့်ကူးမြို့မသိမ်းမီက ယင်းနယ်အတွင်းရှိ ရွှေပြည် ရဲစခန်း ၊ လက်ပန်လှ ရဲစခန်း ၊ ကျည်တောက်ပေါက် တပ်စခန်း ၊ ကန်တောင် တပ်စခန်း နှင့် ပင်လယ်ကြီး တပ်စခန်းများအပါအဝင် တပ်စခန်းသိမ်းပိုက်မှု ၁၁ခုအထိ သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကြက်တူရွေး ကျေးရွာကို မီးရှို့လို့ ပြန်ဆောက်ထားတဲ့ တဲတွေကို စစ်တပ်က ၁၁ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။